ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 10, 2014

==အဆိပ်သင့်အာဟာရ==

>

 ကျောင်းတွေဖွင့်ပြီ။ မိုးဦးကာလ၏ ငွေရောင်မိုးပေါက်မိုးပွင့်ကလေးများနှင့်အတူ သူတို့ ကျောင်းတက်ကြပြီ။ ကျောင်းမုန့်ဖိုးလေးတွေနှင့် မုန့်တွေဝယ်စားကြတော့မည်။ ကျောင်းဝင်းပြင်ပတွင်လည်း မုန့်သည်တွေမှိုလိုပေါက်လာပြီ။ ဘာတွေ ရောင်းရောင်း ဆိုးဆေးများ၊ ဆေးသကြား(ပါဝါ)များနှင့်မကင်း။ ကျောင်းဝင်းပြင်ပက မုန့်ဈေးတန်းကိုကြည့်ပြီး ကျောင်းသားမိဘတစ်ဦးဖြစ်သူ က မိမိလည်း ကလေးတွေအတွက် ရတက်မအေးဖြစ်မိပါသည်။ သို့သော် မတတ် နိုင်ပါ။ မိမိသည်လည်း လုပ်ငန်းတာဝန်တွေက ရှိသေးသည်။ သူတို့ကို လိုက်မကြည့်အား။ မူလတန်း၊ အလယ်တန်းတက်နေသော သူတို့သည် ကလေးများဖြစ်ကြ သည့်အားလျော်စွာ အရောင်လှလှမြင်လျှင် ၀ယ်ချင်၊ စားချင်ကြသည်။ တစ်ခါက ရထားပေါ်၌ ကျောင်းဆရာမတစ်ဦးနှင့် စကားစပ်မိစဉ် ဆရာမက ““ဈေးသက်သာတာတွေပဲ စားနေရတော့ ကျွန်မတို့ဗိုက်ထဲမှာလည်း အရောင် တင်မှုန့်တွေ၊ အနံ့တုတွေ ဘယ်လောက်တောင်ရှိနေပြီလဲ မသိဘူး”” ဟု ညည်းညူခဲ့ဖူးသည်။

 စာရေးသူ လားရှိုးဘက်တွင် တာဝန်ထမ်းဆောင်စဉ်က ဈေးဆိုင်ကလေး များတွင် ဆီးထုပ်ကဲ့သို့သော ကြက်အသည်း ထုပ်ကလေးများ ရောင်းနေသည် ကိုတွေ့ခဲ့ရသည်။ ကိုယ်တိုင်လည်း ၀ယ်စားကြည့်မိပါသည်။ အသည်းသည် အပုပ်မြန်သည့်အစိတ်အပိုင်းဖြစ်သော်လည်း သုံးလေးလကြာရှည်ခံနေသည် ကိုတွေ့ရ၍ အံ့အားသင့်မိပါသည်။ ယင်းကြက်အသည်းထုပ်ကလေးများသည် မူဆယ်ဘက်မှဝင်လာသည်ဟု ဒေသခံများကပြောသည်။ ကြာရှည်ခံ မပုပ်ဆေး ပါသည် ဟု သိရသည်။ တစ်ဖက်နိုင်ငံမှ နည်းမျိုးစုံဖြင့်ဝင်လာသည့် ဓာတုဆေးဝါးများ ပါဝင်သော ဆိုးဆေး၊ ပွဆေး၊ အနံ့တုနှင့် ခေါင်ရည်ချက်လုပ်ရာတွင် အသုံးပြု သည့် ဆေးလုံးများသည် ရေရှည်စားသုံးပါက နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် အဆုတ်တို့ကို ပျက်စီးစေနိုင်ပါသည်။ သက်ဆိုင်ရာက စားသောက်ကုန်အတုများ၊ ဘေးအန်္တရာယ်ရှိသော ဟင်းချက်စရာများကို လိုက်လံစစ်ဆေးပြီး ဖျက်ဆီးပစ်ရေးလုပ်ငန်းမှာ အလွန် အားနည်းနေပါသေးသည်။ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ မကျန် ဈေးများအတွင်း၊ အပြင် လိုက်လံစစ်ဆေးအရေးယူသင့်ပေသည်။ မျှစ်ကို မူရင်းအတိုင်းစားလည်း မျှစ်ဟာ မျှစ်ပါပဲ။ မျှစ်အနီ၊ မျှစ်အ၀ါဖြစ်အောင် ဆေးရောင်တွေဆိုးနေကြသည်မှာလည်း မကောင်းသောအချက်ဖြစ်သည်။ ယခုလို မိုးရာသီဆိုလျှင် ထန်းသီးမုန့်၊ ကောက်လှိုင်းကျီမုန့်များပေါ်လာ ပြီ။ ထန်းသီးမုန့်သည် ယခုရန်ကုန်မြို့တွင် ခေါင်းရွက်ရောင်းနေသည့် ၀ါထိန်ထိန်ကြီးတွေမဟုတ်ပါ။ မြန်မာမုန့်များကို ဆိုးဆေး၊ ဆေးသကြား(ပါဝါ) များ ရောနှော ရောင်းချသည်မှာ ၀မ်းနည်းဖွယ်ကောင်းပါသည်။

စာရေးသူတို့ ငယ်စဉ်က ရွာမှာ ထန်းသီးမုန့်အစစ်စားဖူးသည်။ မှည့်လို့ အပင်မှကြွေကျသည့် ထန်းသီး၏အခွံမည်းမည်းကြီးအောက်မှ အမျှင်အနှစ်ဝါညစ်ညစ်တွေကို ဆန်ခါ နှင့်တိုက်၍ ရသည့်ထန်းအနှစ်၊ ဆန်ကိုကြိတ်သည့် မုန့်နှစ်၊ ထန်းလျက်စသည်တို့ ရောစပ်ပြီး ကိတ်မုန့်ဖုတ်သလို ဖုတ်ရသည့်မုန့်ဖြစ်သည်။ ဆေးဖက်လည်းဝင် သည်။ အုန်းသီးဖြူး၍ စားရသည်။ ကောက်လှိုင်းကျီမုန့်အစစ်သည် လယ်ထဲ၌ ပေါက်သော အပြာရင့်ရောင်ပန်းပွင့်တစ်မျိုးဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ယင်းမုန့် ကိုပင် အနံ့ရောအရောင်ပါအတုလိုက်တုနိုင်သည်ကို အံ့သြမိပါသည်။ အချိုရည်တွေကလည်း တံဆိပ်မျိုးစုံ၊ ဘူးမျိုးစုံနှင့်ပေါ်ထွက်နေသည်။
တချို့ကလည်း တီဗွီတွေမှာတကယ့်အသီးစစ်စစ်ဖြင့် ပြုလုပ်ကြောင်း ကြော်ငြာ ပြသည်။ ပြီးတော့ မြို့ကြီးပြကြီးများနှင့် စီးတီးမတ်ကြီးများ၌ ရောင်းချကြသည်။ စီးတီးမတ်ကြီးတွေမရှိသည့် ဆင်းရဲသားရပ်ကွက်တွေထဲက ကျောင်းနီးဝန်းကျင် များတွင် အပေါစား ရောင်စုံရေခဲထုပ်လေးတွေရောင်းသည်။ ကျောင်းမုန့်ဖိုး ငါးဆယ်၊ တစ်ရာရသည့် ကလေးတွေက စားကြသည်။

 ယခင်က ၀က်သားတုတ်ထိုးသာကြားဖူးသည်။ ယခုအမဲအူတုတ်ထိုး၊ ဆိတ်အူတုတ်ထိုးများလည်း တီထွင်လာကြပြန်ပါပြီ။ အရွတ်များ၊ အကြောများ၊ လွှင့်ပစ်ရမည့်အစိတ်အပိုင်းများ ယခုတုတ်ထိုးဖြစ်သွားပြီဖြစ်သည်။ ယင်ကောင် တွေ တလောင်းလောင်း၊ အချဉ်ရည် ((Sauce) တွေကနီနီရဲရဲ။ ဈေးဝယ်ထွက် သည့် အမျိုးသမီးတွေစုပြုံပြီးစားနေကြသည်ကိုတွေ့ရသည်။ ယင်းအချဉ်ရည်((Sauce)များသည် ယခင်က ငရုပ်သီးအပုတောင့်ကိုထောင်းပြီး ရှာလကာရည်၊ ကြိုထားသည့် ထန်းလျက်ရည်၊ ကြက်သွန်ဖြူတို့နှင့် ရောစပ်၍လုပ်သည်။ ယခု ကဲ့သို့ လက်မှာစွန်းအောင်နီရဲမနေပါ။ ယင်းသို့ ဆိုးဆေးတွေ ဖန်းတီးပြုလုပ်ရသည်မှာလည်း ရောင်းကောင်းပြီး ကြီးပွားးလိုစိတ် ေ ၾကာငျ့္ဖ စ္သ ည။် လူတ့ို၏ လုပ်  ဆောငချက်အ နောက်တွ င် “ကံတ ရား” ကပ်ပါလာနေသကဲ့သို့ ဖြတ်လမ်းနည်းဖြင့် လုပ်ဆောင်သော စီးပွားရှာခြင်း၏ နောက်ကွယ်တွင် ဥပဒေရှိနေတတ်သည်ကိုလည်း သတိပြုသင့်ပေသည်။ ကမ်္ဘာနှင့်အ၀န်း ရောဂါဆန်းတွေအဖြစ်များလျက်ရှိသော ယနေ့ခေတ် ကာလတွင် အစားအသောက်ကို အထူးသတိထား၍ ဆင်ခြင်ရပေမည်။ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများကလည်း ““သမ်္မာအာဇီဝ”” ကောင်း သော အသက်မွေးဝမ်းကျောင်းခြင်းမပြုဘဲ ““ မိစ်္ဆာအာဇီဝ”” မကောင်းသော အကျိုးစီးပွားရှာခြင်း မဖြစ်သင့်ပါပေ။ လူတို့နေ့ စဉ် မဖြစ်မနေ မှီဝဲစားသောက်နေ ရသည့် အစာအာဟာရများသည် ““အဆိပ်သင့်အာဟာရ””များ မဖြစ်ကြစေလို ကြောင်း စေတနာထားရေးသားလိုက်ရပေသည်။ ။

 +ခင်ဝင်း(ကြေးမုံ)+  

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)