>
ကျွန်မက အချစ်စာရေးဆရာမကြီးတဲ့လား။ သိမ်မွေ့နူးညံ့တဲ့ စိတ်ခံစားမှု နှလုံးသားထဲက ပေါက်ဖွားလာတဲ့ စကားစု တို့ကို အနုပညာတစ်ခုအဖြင့် ဖန်တီးခဲ့မိတယ်။ အဲဒီဖန်တီးမှုက အချစ်မှာ အပြစ်တစ်ခုများဖြစ်သွားခဲ့သလား။ ကိုယ်တိုင်ခံယူထားတဲ့ အချစ်ကို ကိုယ်နားလည်သလို ခံစားပြီး စာရွက်ပေါ်ချပြခဲ့မိတာ မောင်နဲ့ကျွန်မရဲ့ ဝေးကွာခြင်းအစတွေပဲလား။
“ဆွေ.. မင်းရေးထားတဲ့စာတွေမှာ မောင်မရှိရင် မဖြစ်ဘူးဆိုတဲ့ စာလေးတစ်ကြောင်းများ ထည့်မရေးနိုင် ဘူးလား”
“မောင် ရယ် “ လို့သာ ခပ်တိုးတိုးညည်းလိုက်မိတော့တယ်။ ကျွန်မဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်ဟာ မူရင်း ကျွန်မဗီဇပေါ်မှာ အခြေခံတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဇာတ်ရဲ့ သဘောအရ တစ်ခါတစ်လေမှာ မာနတွေမိုးထိအောင် မြင့်သင့်ရင် မြင့်ပြရတယ်။ တစ်ခါတစ်လေ ချိုးနှိမ်ပြီး အောက်ကျို့ရင် ကျို့ပြရတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး ။ ကျွန်မရေးခဲ့မိတဲ့ စာသားတွေထဲမှာ..
ကျွန်မရဲ့ ဘ၀ကြီးမှာ မောင်သာမရှိခဲ့ရင် ဆိုတဲ့ စာလေးတစ်ကြောင်းတစ်လေမှ ထည့်ရေးချင်စိတ် မရှိခဲ့ ဘူး။ ဘာလို့လဲ ဆိုတော့ မောင်က ကျွန်မရဲ့ နှလုံးသားထဲမှာ စူးစူးနှစ်နှစ် ၀င်ရောက် နေရာယူခဲ့ပြီးပြီ။ မောင်က ကျွန်မရဲ့ ဘေးနားရှိနေသည်ဖြစ်စေ မရှိခဲ့သည်ဖြစ်စေ အဲဒီနေရာလေးတစ်ခုကဖြင့် မောင့် အတွက်အမြဲတမ်း ချန်လှပ်ထားမယ့် အခန်းငယ်တစ်ခုဆိုတာ ကျွန်မကိုယ်တိုင်သေချာနေလို့ပဲ။
“မင်းသာငါ့ကို တစ်ကယ်ချစ်တယ်ဆိုရင် ငါ့ကို မင်းဘေးနားမှာ အမြဲရှိနေစေချင်ရမှာပေါ့တဲ့”
ရှိစေချင်တာပေါ့ မောင် ရယ်။ ကိုယ့်ချစ်သူဘေးနားမှာ မနေချင်တဲ့ မိန်းမ ဘယ်နှစ်ယောက်ရှိသလဲ ။ လိုက်မေးကြည့်ပါ။ အားလုံးက ၀မ်းသာအားရ “အို ဘယ်လိုမေးလိုက်ပါလိမ့် နေချင်တာပေါ့” လို့ ဖြေကြမယ့် သူကြီးပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူကိုယ်တိုင်က ကိုယ်ပေးထားတဲ့ နေရာလေးမှာ မနေချင်တော့တဲ့အခါ ဘယ်လိုအကြောင်းပြ ချက်နဲ့များ ချစ်သူ့ဘေးနားတွယ်ကပ်နေရမလဲ မောင်။
အဲဒီလိုသာ တွယ်ကပ်နေရရင် မောင် ကိုယ်တိုင်လဲ အချုပ်ခံရသလို ကျွန်မကိုယ်တိုင်လဲ အချုပ်ခံနေရမယ့် မောင့်အတွက် စိတ်ဆင်းရဲရမယ်။ အဲဒီအတွက် မောင် သွားချင်ရင် သွားပါလေ။ ကျွန်မဘယ်တော့မှ တွယ်ကပ်မနေ ပါဘူးလို့ ပြောမိတာကို မောင် ခေါင်းစဉ်တပ်ခဲ့တာက “မာန” တဲ့။ မဟုတ်ခဲ့ပါဘူးလို့ ဖြေရှင်းချင်ပေမယ့် လဲ မောင် ကိုယ်တိုင် ခေါင်းစဉ်တပ်ထားခဲ့ တာမို့ လွယ်လွယ်နဲ့ ပြန်ဖျက်လို့မရခဲ့ပြန်ဘူး။
“မင်း ငါ့ကို တစ်ကယ်မချစ်ပါဘူး ဆွေ.. မင်းရဲ့ အချစ်ဝထ္ထုတစ်ပုဒ်အတွက် ငါရဲ့ နှလုံးသားက ကုန်ကြမ်းဖြစ်သွားခဲ့တာပဲ”
အလွန်ကိုလွဲမှားတဲ့ စွပ်စွဲချက်တစ်ခုလို့သာ ပြောလိုက်ချင်မိတယ်။ ကျွန်မရဲ့ အနုပညာရသမြောက်ဖို့အတွက် ကျွန်မရဲ့ နှလုံးသားကို ကုန်ကြမ်းအဖြင့် အသုံးပြုရမယ်တဲ့လား။ တစ်ခါတစ်လေ မောင့်ကိုတစ်ကယ်ပဲ နားမလည်မိဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကို မောင် ၀င်စွက်ဖက်လို့ရတယ်။ ကန့်သတ်လို့ရတယ်။ ချုပ်ခြယ်လို့ရတယ်။ ဒါပေမယ့် ကျွန်မဖန်တီးတဲ့ အနုပညာကိုတော့ မောင့်မှာဝေဖန်ပိုင်ခွင့်ရှိတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ပေါ့။ ကန့်သတ်ခွင့် မရှိသလို။ ချုပ်ခြယ်ပိုင်ခွင့်လဲမရှိဘူး။
ဒါမှမဟုတ် မောင်ကိုယ်တိုင် ကျွန်မရဲ့ စာဖတ်ပရိတ်သတ်တစ်ယောက် ဖြစ်နေခဲ့လို့များလား။ ကျွန်မဖန်တီးခဲ့ တဲ့ အနုပညာကိုခံစားပြီး ကျွန်မရဲ့ စိတ်ကိုဖတ်နေမိခဲ့တာလား။ ဖြစ်စေချင်တာကတော့ ကျွန်မရဲ့ မျက်ဝန်းထဲက မောင့်ကိုချစ်တဲ့ အချစ်တွေကိုပဲ ဖတ်တတ်အောင် ကြိုးစားပါလားလို့ တိုက်တွန်းလိုက်ချင်တယ်။ ကျွန်မခံစားမိတဲ့ ခြယ်မှုန်းခဲ့မိတဲ့ စာသားလေးတွေမှာ တစ်ခါတစ်လေ ကိုယ်တိုင် စီးမျောခံစားပြီးမှ ရေးတတ်တာကတော့ ကျွန်မရဲ့ အမူအကျင့်လို့သာ ၀န်ခံမိမယ်ထင်တယ်။
ကျွန်မတို့နှစ်ယောက် ကော်ဖီဆိုင်တူတူထိုင်ကြတဲ့အခါ မောင်က ကျွန်မအတွက် ခါးစိမ့်စိမ့် ကော်ဖီတစ်ခွက် ကိုအရင်ဖျော်ပေးတာမျိုး ။ အိမ်ပြန်ချိန်လမ်းခွဲတဲ့အခါ “မောင့် ကိုကျွန်မအရမ်းချစ်တာပဲလို့ ” ပြောနေကျစကားလေးနဲ့ နှုတ်ဆက်တတ်တဲ့ အမူအကျင့်မျိုး။ တစ်ခါတစ်လေ နှစ်ယောက်သားတွေ့နေကြပေမယ့် စကားမဆိုဖြစ်ပဲ ကျွန်မက မောင့် ပုခုံးကိုမှီပြီ ငြိမ်ချက်သားကောင်းနေတတ်သလို မောင် ကိုယ်တိုင်ကလည်း အမှီခံရတာကို ကျေနပ်နေတဲ့ ပုံစံမျိုး။ စကားတွေအများကြီး မဆိုဖြစ်ကြပဲ တစ်ဦးနဲ့ တစ်ဦးနားလည်နေတဲ့ ပုံစံမျိုး။ ဟုတ်တယ် အဲဒီအမူအကျင့်လေးတွေကို ကျွန်မရေး တဲ့ ဇာတ်ကောင်တွေထဲမှာ ထည့်ပြီးခြယ်မှုန်းတတ်တယ်။
ဒါပေမယ့် မောင့်ကို သိစေချင်တာတစ်ခုက အဲဒီအရာတွေအားလုံးက ကျွန်မရဲ့ ၀ထ္ထုတစ်ပုဒ်အတွက် ကွင်းဆင်းခဲ့တဲ့ လက်တွေ့တွေမဟုတ်ဘူး။ မောင့် ကိုချစ်လို့ ဖြစ်လာတဲ့ စိတ်ခံစားမှုတွေ။ ကျွန်မရဲ့ စိတ်ခံစားမှုတွေကို ကျွန်မရေးတဲ့ ဇာတ်ကောင်တွေပေါ်မှာ အရောင်လေးတွေ ထည့်ခြယ်ခဲ့မိတာ။ အဲဒီလိုရေးခြယ်ချင်ခဲ့လို့ မောင် နဲ့ ပတ်သတ်ခဲ့တာမဟုတ်ဘူး။ ကျွန်မဖန်တီးတဲ့ အနုပညာနဲ့ ကျွန်မရဲ့ အချစ်နဲ့ကို ကွဲလွဲအောင် ကြည့်ပါလား မောင် ရယ်လို့ သာပြောလိုက်ချင်မိတယ်။
“ငါသာ ဇော်သီဟနေရာမှာဆိုရင် နုနုဝေ ဆိုတဲ့ မိန်းမကို ဘယ်တော့မှ လက်မထပ်ဘူးတဲ့”
ရှင်းရှင်းလင်းလင်း နားလည်စမ်းပါမောင်ရယ်။ တစ်ကယ့်လက်တွေ့မှာ ကျွန်မကလည်း နုနုဝေ မဟုတ်သလို မောင်ကလည်း ဘယ်တော့မှ ဇော်သီဟ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နုနုဝေဆိုတဲ့ မိန်းကလေးက မာနကြီးတယ်။ ယောင်္ကျားတွေကို အထင်မကြီးဘူး။ သူဆက်ဆံလာတဲ့ သူကြီးပြင်းလာတဲ့ အသိုင်းအ၀န်းကြားမှာလဲ ကောင်းတဲ့ယောင်္ကျားရယ်လို့ မတွေ့ခဲ့ဘူး။ ဒါကြောင့် သူမက ယောင်္ကျားတွေကို နိမ့်ချတဲ့ အကြည့်နဲ့ အမြဲတမ်းကြည့်တယ်။
ဒါပေမယ့် ဇော်သီဟ ကတော့ အမြင်တွေစောင်းနေတဲ့ အဲဒီ နုနုဝေ ဆိုတဲ့ကောင်မလေးကို လေးလေးနက် နက် ချစ်ခဲ့မိတယ်။ တစ်ခါတစ်လေ နုနုဝေ ပြောတဲ့ စကားတွေထဲမှာ ယောက်င်္ကျားတစ်ယောက်ရဲ့ မာနကိုးချိုးဖဲ့တဲ့ စကားလုံးမျိုး ပါလာတယ်ဆိုရင်တောင် ဇော်သီဟ ကအဲဒီလိုစကားလုံးမျိုးတွေ ကိုယ့်နားထဲမကြားဘူးလို့ ပြန်ပြော တတ်တယ်။ နောက်ဆုံး နုနုဝေ က ဇော်သီဟကို ချစ်မိသွားတယ်။ ဒါပေမယ့် သူမက အမှန်တရားကို လက်မခံဘူး။ မာနကိုလဲ အရှုံးမပေးချင်ဘူး။ ဒါကြောင့် ဇော်သီဟ နားကနေ အဝေးကို နှစ်တွေ ချီပြီးထွက်ပြေးသွားတယ်။
ဇော်သီဟ က နုနုဝေကို လိုက်ရှာတယ်။ နောက်ဆုံး သူတို့နှစ်ယောက် ပြန်တွေ့သွားတယ်။ ဒီတစ်ခါတော့ နုနုဝေ ဘယ်ကိုမှ ထွက်မပြေးတော့ဘူး။ ဇော်သီဟကလည်း နုနုဝေ ကို ထပ်ပြီး အပြေးမခံတော့ဘူး။ ကျွန်မရေးခဲ့တဲ့ ၀ထ္ထုတစ်ပုဒ်ပါ။ ဟုတ်တယ် ကျွန်မလဲ သိနေခဲ့ပါတယ်။ မောင် က ဘယ်တော့မှ ဇော်သီဟ ဖြစ်မလာနိုင် ဘူးဆိုတာကိုပေါ့။
ဒီနေ့လဲ စာအုပ်လေးတစ်အုပ်ကို အဆုံးသတ်လိုက်ပြန်ပြီ။ ဒီတစ်အုပ်မှာလဲ ချစ်သူနှစ်ဦး မဆုံဆည်းကြပြန် ဘူး။ ကျွန်မ၀န်ခံပါတယ်။ မောင်နဲ့ဝေးကွာပြီနောက်ပိုင်းမှာ စာအုပ်လေးတွေရဲ့ အဆုံးသတ်မှာ ဆုံဆည်းမှုတွေ နည်းတယ်။ ဇာတ်ရဲ့သဘောအရ တစ်ကယ်လိုအပ်မှပဲ ချစ်သူနှစ်ဦးကို ဆုံဆည်းစေခဲ့မိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ခံစားရတာ တစ်ကယ်ပဲထိရှ ပြင်းထန်နေလို့လားမသိဘူး။ မောင်နဲ့ ကွဲကွာပြီးနောက်ပိုင်း ကျွန်မဖန် တီးခဲ့တဲ့ အနုပညာက ပိုပြီးရသမြောက်လာတယ်။ ပိုပြီး အောင်မြင်လာတယ်။ စာဖတ်သူတွေ ပိုပြီးလက်ခံလာတယ်။
မောင်နဲ့ဝေးနေခဲ့ရလို့ ကျွန်မလွမ်းရတယ်။ တမ်းတရတယ်။ စိတ်အားငယ်မိတယ်။ ဒါပေမယ့် ကျွန်မပျော်ပါ တယ် မောင်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ အနုပညာက ပိုပြီး လက်စောင်းထက်လာတယ်။ ပိုပြီးထိရှ ခံစားလာရတယ်။ ပိုပြီးနူးညံ့လာရတယ်။ ပိုပြီး ချစ်တတ်လာရတယ်။ အဖော်မဲ့လို့ အထီးကျန်ပေမယ့် မောင့်ကိုချစ်ရတဲ့ အချစ်တွေကို ကျွန်မရဲ့ နှလုံးသားထဲ ထွေးပိုက်ရင်း ကျွန်မမြတ်နိုးတဲ့ အနုပညာကို ရသမြောက်အောင် ထုဆစ်လာနိုင်တာကို ပီတိဖြစ်ရတယ်။
သြော်… မေ့လို့ ကျွန်မရဲ့ ဒီတစ်ခေါက်အသစ်ထွက်မယ့် စာအုပ်လေးရဲ့ နာမည်က
“ချစ်ခဲ့ဖူးတဲ့ မောင့် အကြောင်း” တဲ့
ကျွန်မသေချာသိနေတယ်။ မောင် လဲဝယ်ဖတ်ပြီး ကျွန်မဆီကို ဝေဖန်တဲ့စာတစ်စောင် ထပ်ပြီး ပို့အုန်းမှာ မဟုတ်လား “မောင်” ။
-----
Posted by ဆွေလေးမွန်

Tuesday, June 24, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment