>
ဘော့စနီးယား။
အမည်နာမအရတော့ ပရိသတ်
နည်းနည်းစိမ်းမယ်။ ဒါပေမယ့် သူတို့မှာကလည်း စိတ်ဝင်
စားဖို့ကောင်းတဲ့ အခြေခံအကြောင်းအချက်တချို့ရှိတယ်။
အထူးသဖြင့် ဘော့စနီးယားဟာ ဒီနှစ်မှာ ပထမဆုံးအကြိမ်
ကမ်္ဘာ့ဖလားဝင်ခွင့်ရလာတဲ့အသင်း။ အဲဒီအတွက် သူတို့မှာ
ဖိအားမရှိဘူး။ ရှုံးမှာ၊ အမှတ်ရမှာ ပူစရာမလိုဘူးလို့တော့
မထင်လိုက်နဲ့။ သူတို့ဟာ အယ်ဂျီးရီးယားနဲ့ မတူဘူး။ ကော်
စတာရီကာလိုမဟုတ်ဘူး။ ပြောရရင် သူတို့မှာ တိုင်းတာ
မှုပေတံရှိတယ်။ သူတို့မှာ မျက်ဝန်းများစွာနဲ့ စောင့်ကြည့်
မှုရှိတယ်။ အဲဒီအတွက် သူတို့မှာ လုပ်ပြနိုင်တာထက်ပို
အောင် လုပ်ပြဖို့လိုတယ်။
တကယ်တော့သူတို့ဟာ ယူဂိုဆလားဗီးယားပြည်ထောင်စု
ကနေ ခွဲထွက်လာတဲ့အသင်း။ သူတို့အရင် သီးခြားရပ်တည်
ခဲ့တဲ့သူတွေရှိသလို သူတို့နောက်မှ သီးခြားရပ်တည်ခဲ့သူတွေ
လည်းရှိပေမယ့် အဲဒီလို ခွဲထွက်လာသူအချင်းချင်းကြားမှာ
တောင် သူတို့က အောင်မြင်မှုအရနောက်ကျတယ်။ သူတို့
ဟာ ၀င်ဆံ့မှုအရာမှာ နိမ့်ပါတယ်။ အဲဒီအတွက် သူတို့ကို
အဓိကထား စောင့်ကြည့်မှုတွေရှိသလို သူတို့ကို တိုင်းတာ
မယ့်ပေတံတွေရှိတယ်။
အထူးသဖြင့် သူတို့လိုပဲ ယူဂိုဆလားဗီးယားကနေ
ခွဲထွက်လာကြတဲ့အထဲမှာ ခရိုအေးရှားပါတယ်။ ဆာဗီးယား
ပါတယ်။ စလိုဗေးနီးယားပါတယ်။ အဲဒီအထဲမှာ ကမ်္ဘာ့
ဖလားပြိုင်ပွဲဝင်ခွင့်ရမှုမှာ သူတို့နောက်အကျဆုံး။ အခု
အချိန်အထိ ခြေစစ်ပွဲမအောင်သေးတဲ့ မွန်တီနီဂရိုးကို
လက်ညှိုးထိုးပြစရာရှိပေမယ့် တန်းတူရည်တူ အ၀န်းအ၀ိုင်း
အတွင်းမှာဆိုရင် သူတို့ဟာ အားလုံးထက် ခြေတစ်လှမ်း
လောက်တော့ အနိမ့်ဆုံး နောက်ကျနေတယ်လို့ပြောရင်
လွန်မလား။ ခရိုအေးရှားဆိုရင် ၁၉၉၈ ကမ်္ဘာ့ဖလား
ပြိုင်ပွဲကတည်းက ခြေစစ်ပွဲအောင်တာ။ အဲဒီတုန်း
ကဆိုရင် ခရိုအေးရှားဟာ ခြေစစ်ပွဲအောင်ရုံတင်
မဟုတ်ဘူး။ တတိယဆုပါ တက်ယူပြခဲ့သေးတယ်။
(ဘော့စနီးယား-ဟာဇီဂိုဗီးနားဘောလုံးတပ်ဖွဲ့ )
စလိုဗေးနီးယားဆိုရင်လည်း ၂၀၀၂ ကမ်္ဘာ့ဖလားနဲ့
၂၀၁၀ ကမ်္ဘာ့ဖလားတို့မှာ ခြေစစ်ပွဲအောင်တယ်။
ပြောရရင် အဲဒီခရိုအေးရှားနဲ့ စလိုဗေးနီးယားတို့က
သူတို့ထက်စောတယ်။ ကမ်္ဘာ့ဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံ
ဖြစ်ခဲ့တာကိုက ၁၉၉၁ ခုနှစ်ကတည်းက။
သူတို့ကျတော့ ၁၉၉၆ ခုနှစ်
ကျမှ ဖီဖာအဖွဲ့ဝင်နိုင်ငံ
ဖြစ်လာခဲ့တာ။ အဲ
ဒါကြောင့် သူ
တို့ ထက်
စောတဲ့
ခရိုအေး
ရှားနဲ့ စလိုဗေး
နီးယားတို့ အနေနဲ့
သူတို့ထက်အရင် ကမ်္ဘာ့
ဘောလုံးလောကမှာ ၀င်ဆံ့နိုင်ခြင်း
ကျတော့ ဖီဖာအဖွဲ့ဝင် နိုင်ငံဖြစ်တာကိုက သူတို့
ထက် နောက်ကျပေမယ့် ကမ်္ဘာ့ဖလားအထိ ထိုး
ဖောက်ဝင်ရောက်နိုင်အားမှာကျတော့ ဆာဗီးယား
က သူတို့ထက်စောတယ်။ ဆာဗီးယားက ပြီးခဲ့တဲ့
၂၀၁၀ တုန်းက ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပြီး သူတို့
က အခုမှ ပထမဆုံးအကြိမ် ၀င်ခွင့်ရတာ။
ဒါကြောင့် အဲဒီအတွက် သူတို့အပေါ်မှာတိုင်းတာ
မှုပေတံကြီးကြီး ရှိကိုရှိတယ်။ သူတို့ ဘယ်လောက်လုပ်ပြ
နိုင်မလ။ဲ သတူ အို့ နေန့ဲ နောကက်ျခတဲ့ေဲ့ ခြလမှ်း န့ဲထကို တ် န်
အောင် ဘယ်အတိုင်းအတာအထိ လုပ်ပြနိုင်မလဲဆိုတာကို
ပါ စောင့်ကြည့်မှုတွေရှိတယ်။
ထူးထူးထွေထွေပြောရရင်
အဲဒီ ယူဂိုဆလားဗီးယားကနေ ခွဲထွက်လာတဲ့အသင်းတွေ
အနက် ကမ်္ဘာ့အဆင့်အထိ ထိုးဝင်နိုင်သူတွေရှိတာ မှန်ပေ
မယ့် ထိရောက်တဲ့ အောင်ပွဲယူနိုင်တာဆိုလို့ ခရိုအေးရှား
တစ်သင်းပဲရှိတယ်။ ဒါတောင် ခရိုအေးရှားက စတင်ပြိုင်ပွဲ
ဝင်ခွင့်ရတဲ့ ၁၉၉၈ မှာပဲ အောင်မြင်တာ။ အဲဒီနှစ်မှာ
တတိယရခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ပေမယ့် နောက်အကြိမ်
တွေမှာကျတော့ အုပ်စုကို မကျော်နိုင်တော့ဘူး။ အဲဒီလိုပဲ
၂၀၀၂ နဲ့ ၂၀၁၀ တို့မှာ ခြေစစ်ပွဲအောင်တဲ့ စလိုဗေးနီးယား
ဟာလည်း အဲဒီနှစ်ကြိမ်စလုံးမှာ အုပ်စုကထွက်ရတယ်။
၂၀၁၀ မှာ ခြေစစ်ပွဲအောင်တဲ့ ဆာဗီးယားဟာလည်း အဲဒီ
နှစ်မှာ အုပ်စုကိုမကျော်နိုင်ဘူး။ ဒီတော့ ဒီတစ်ကြိမ်မှာ
အားလုံးထက် နောက်ကျခဲ့တဲ့ သူတို့အနေနဲ့ ခရိုအေးရှားကို
မမီရင်တောင် စလိုဗေးနီးယားနဲ့ ဆာဗီးယားတို့ထက်သာ
အောင် ဆောင်ရွက်နိုင်ပါ့မလား။ စောင့်ကြည့်ကြတယ်။
ဒီလိုဆောင်ရွက်နိုင်ပါမှလည်းသူတို့အတွက် သိက်္ခာရှိမယ်
လို့ မြင်ကြတယ်။
အထူးသဖြင့် သူတို့ပါဝင်တဲ့ အုပ်
စုဟာ မချောင်ဘူးလို့ မပြောနိုင်ရင်
တောင် မကျပ်ဘူးလို့ပြောရင်ရတယ်။
သဘောက သာမန်အုပ်စုမျိုး၊ အနည်း
ငယ်အားစိုက်လိုက်ရုံနဲ့ အုပ်စုက
လွတ်နိုင်မယ့် အ၀န်းအ၀ိုင်းမျိုး၊ ။အာ
ဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ အီရန်တို့
နဲ့အတူ ကျရောက်နေမှုအရ သူတို့
အတွက် သတိပြုယှဉ်ရမှာဆိုလို့ အာ
ဂျင်တီးနားတစ်သင်းသာရှိတယ်လို့
တွက်ကြတယ်။ သူတို့မှာ ဇက်ကိုရှိ
တယ်။ အိုင်ဘီဆီဗစ်ရှိတယ်။ မီဆီ
မိုက်ရှိတယ်။ ပီဂျာနစ်ရှိတယ်။ ဘီဂို
ဗစ်ရှိတယ်။ အဲဒီအစုအဖွဲ့အနေနဲ့
အာဂျင်တီးနားရဲ့ အစုအဖွဲ့ကို မယှဉ်
နိုင်၊ မမီနိုင်ရင်တောင် နိုင်ဂျီးရီးယား၊
အီရန်တို့ထက်မနိမ့်ဘူးဆိုတာ ထက်
တောင်ပိုပြောလို့ရတဲ့ အဆင့်ရှိတယ်
လို့ တွက်ကြတယ်။ မြင်ကြတယ်။
ပြောရရင် သူတို့ဟာ အဖွင့်ပွဲစဉ်
မှာ အုပ်စုတွင်း အဓိကပြိုင်ဘက်နဲ့
ရင်ဆိုင်ပြီးခဲ့ပြီ။ အဲဒီမှာ သူတို့ဟာ
အာဂျင်တီးနားကို ခြေရည်တူဆိုတာ
ထက်မက တုံ့ပြန်နိုင်ခဲ့တာ တွေ့ခဲ့ကြ
ရပြီးပြီ။ ဒီလိုအား၊ ဒီလိုအရည်အသွေး
အရ နောက်နှစ်ပွဲဖြစ်တဲ့ နိုင်ဂျီးရီး
ယား၊ အီရန်တို့ကို သူတို့ကျော်ဖြတ်
နိုင်မယ်လို့ ယူဆကြသလို အဲဒီလို
ယူဆမှုတွေရဲ့ နောက်ကွယ်မှာ ထင်
သလို ဖြစ်လာပါ့မလားဆိုတဲ့ စောင့်
ကြည့်မှုနဲ့ သံသယစိတ်တွေရှိတယ်။
အထူးသဖြင့် စောင့်ကြည့်ကြတယ်။
ဒါဟာ ဖိအားတစ်မျိုးလို့ ဆို ရင်လည်း
မမှားဘူး။ စောင့်ကြည့်မှုများခြင်းဟာ
စောင့်ကြည့်ခံရသူအတွက် ဖိအား
ပြင်းစေသလို လုပ်ရကိုင်ရလည်း
ခက်စေတယ်ဆိုတော့။
သေချာတယ်။ ဒါကိုတွန်းလှန်
နိုင်ပြီး သူတို့ရဲ့ဂုဏ်ကို သူတို့ ဘယ်
အတိုင်းအတာအထိ ဆွဲမြှင့်နိုင်မလဲ
ဆိုတာကို ဒုတိယပွဲဖြစ်တဲ့ နိုင်ဂျီးရီး
ယားနဲ့ပွဲမှာ သူတို့ကိုစောင့်ကြည့်ရ
တော့မယ်။
+ဝေမိုးဆက်+

Saturday, June 21, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment