>
မဆွတ်ခင်ကပင် ညွတ်ချင်သည့် ပန်းပမာ သူတင်
ကိုယ်တင် အနိုင်ကြဲရမည့် ရွေးကောက်ပွဲမစတင်မီမှာပင်
သေချာပေါက်အနိုင်ရမည့်သူအဖြစ် သတင်းကြီးခဲ့သူ
မှာ ဗိုလ်ချုပ်ကြီးဟောင်း အဗ်္ဗဒူလ်ဖာတား အယ်လ်
စီစီဖြစ်သည်။ စီစီသည် အီဂျစ်နိုင်ငံ၌ နှစ်နှစ်တာကာလ
အတွင်း ဒုတိယအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲတွင်
ပြည်သူ့အသည်းကြားမှ မဲပြားများကို ဒလဟောရရှိ
လိုက်ရာ ဒေသဆိုင်ရာနိုင်ငံရေး အခင်းအကျင်းတွင်
ဝဇီရာစိန်ကျောက်ပမာ ထိန်တောက်လာတော့မည့်
ပုဂ်္ဂိုလ်အဖြစ် ရှုမြင်လျက်ရှိကြသည်။
အီဂျစ်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးချုပ်အဖြစ်
တာဝန်ယူခဲ့သည်သာမက ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂
ရက်မှ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်အထိ ကာကွယ်ရေး
ဝန်ကြီးအဖြစ် တာဝန်ထမ်းရွက်ခဲ့သူ စီစီသည် ယခုအခါ
အသက် ၆၀ ရှိပြီဖြစ်သည်။
ရွေးချယ်တင်မြှောက်ခံ သမ်္မတတစ်ဦးဖြစ်ခဲ့သူ မိုဟာ
မက်မော်စီနှင့် ၎င်း၏ အစိုးရအဖွဲ့တို့ကို လူထုအုံကြွမှု
နှင့်အတူ ဆန်္ဒပြမှုများ ပွင့်ထွက်ခဲ့ပြီးနောက် နိုင်ငံရေး
လမ်းကြောင်း တစ်ဆစ်ချိုး ပြောင်းလဲခဲ့သည်။
မော်စီအား ဖြုတ်ချခဲ့ရာတွင် အရေးပါသော
အခန်းကဏ္ဍမှ ပါဝင်ခဲ့သူမှာ စီစီဖြစ်သည်။
နိုင်းမြစ်အပေါ်အခြေပြုပြီး ဖာရိုဘုရင်အုပ်စိုးခဲ့သည့်
ရှေးဟောင်းအင်ပါယာနယ်မြေပေါ်တွင် ၁၉၇၁ ခုနှစ်က
အီဂျစ်အာရပ်သမ်္မတနိုင်ငံကို ထူထောင်ခဲ့သည်။ အီဂျစ်
နိုင်ငံသည် ကမ်္ဘာပေါ်တွင် အာရပ်လူဦးရေ အများဆုံးနေ
ထိုင်ရာ နိုင်ငံဖြစ်ပြီး နိုင်ငံသား ၉၀ ရာခိုင်နှုန်းခန့်မှာ
အခြေခံအားဖြင့် ဆွန်နီမွတ်စလင်များဖြစ်ကြသည်။
အီဂျစ်နိုင်ငံရှိ အကြီးဆုံးသော အင်အားစုတစ်ရပ်မှာ
မွတ်စလင်ညီနောင်များအဖွဲ့ဖြစ်ပြီး ဘာသာရေး၊
နိုင်ငံရေးနှင့် လူမှုရေးလှုပ်ရှားမှုအဖွဲ့အဖြစ် ၁၉၂၈
ခုနှစ်တွင် ထူထောင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ““အာရပ်နွေဦး””ဟု အမည်ပေးထား
သည့် တော်လှန်ရေးအသွင်ဆောင်သော လူထုအုံကြွမှု
များ အာရပ်ကမ်္ဘာတွင် ပေါ်ပေါက်ခဲ့ပြီးနောက် အီဂျစ်
နိုင်ငံတွင် သမ်္မတမူဘာရက်နုတ်ထွက်ပေးခဲ့ရသည်။
ယင်းနောက်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကောင်စီ
ချုပ်ဥက်္ကဋ္ဌ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟူစိန်တန်တာဝီက
ခေတ်္တနိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ဘက်က
ပါလီမန်ကို ဖျက်သိမ်းလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ
အာဏာသက်ဝင်မှုကို ဆိုင်းငံ့ခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်
ရာ လူထုဆန်္ဒခံယူပွဲကို ကျင်းပခဲ့ပြီး ယင်းနှစ် နိုဝင်ဘာ
လတွင် ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲကို
ကျင်းပခဲ့သည်။
ယင်းရွေးကောက်ပွဲတွင် မဲပေးသူ အထူးများပြားခဲ့ပြီး
၂၀၁၂ ခုနှစ် ဇွန်လတွင် မိုဟာမက်မော်စီ သမ်္မတအဖြစ်
စတင်တာဝန်ယူခဲ့သည်။
မော်စီအာဏာရရှိမှုနှင့်အတူ အစ်္စလာမ်္မစ်ကျင့်စဉ်
များအား ပိုမိုကျင့်သုံးလာမည်ဟု ယုံကြည်ယူဆကြသော
လစ်ဘရယ်များနှင့် လောကီဝါဒီအမတ်များက တိုင်းပြု
ပြည်ပြု လွှတ်တော်မှ ထွက်ခွာသွားခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးမည့် ကော်
မတီဖြစ်သော တိုင်းပြုပြည်ပြုလွှတ်တော်၌ အစ်္စလာမ်္မစ်
များ လွှမ်းမိုးထားရာ လစ်ဘရယ်များ၊ လက်ဝဲ၀ါဒီများနှင့်
ဆိုရှယ် ဒီမိုကရက်တစ်ပါတီများက သပိတ်မှောက်ခဲ့ကြ
ပြီးနောက် အီဂျစ်နိုင်ငံတစ်ဝန်း အလုံးအရင်းဖြင့် ဆန်္ဒပြမှု
များ ဖြစ်ပေါ်လာခဲ့သည်။
အကျိုးရလဒ်အနေဖြင့် မော်စီအား ထောက်ခံသူများ
နှင့် ကန့်ကွက်သူများအကြား အကြမ်းဖက်သည့် ပဋိ
ပက်္ခပေါ်ပေါက်ခဲ့သည်။ မော်စီ၏ အုပ်စိုးမှုကို ဆန့်ကျင်
သည့် အင်အားပြမှုများ ကြီးထွားလာခဲ့ရာ ၂၀၁၃ ခုနှစ်
ဇူလိုင် ၃ ရက်တွင် စစ်ဘက်က မော်စီအား ဖြုတ်ချခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တရားသူကြီး အက်ဒလီမန်
ဆောက ခေတ်္တသမ်္မတအဖြစ် တာဝန်ယူခဲ့ကာ ၂၀၁၄
ခုနှစ် ဇန်န၀ါရီလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို
လူထုဆန်္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွန်းမှုနှင့်အတူ
သုံးနှစ်နီးပါးကြာမျှ မငြိမ်မသက်မှုများ အဆုံးသတ်ခဲ့ကာ
နိုင်ငံ တည်ငြိမ်မှု ပြန်လည်ရရှိလာခဲ့သည်။
မေလ နောက်ဆုံး ရက်သတ်္တပတ်က ကျင်းပခဲ့သော
သမ်္မတရွေးကောက်ပွဲ၌ ထောက်ခံမဲ တစ်ပုံတစ်ပင်ရရှိ
ကာ စီစီအောင်ပွဲခံသည်။ သို့ရာတွင် မဲပေးသူဦးရေ
နည်းပါးခဲ့ခြင်းကြောင့် ပြည်သူ့ထောက်ခံမှုအပြည့်
အ၀မရရှိဟု ဆိုနိုင်သည်။
သုံးရက်ကြာ မဲပေးပွဲတွင် စီစီက ထောက်ခံမဲ ၉၃
ရာခိုင်နှုန်းကျော်ရရှိပြီး ၎င်းင်း၏ပြိုင်ဘက် လက်ဝဲယိမ်း
နိုင်ငံရေးသမား ဟမ်ဒင်းဆာဘာဟီက ၃ ရာခိုင်နှုန်း
သာရှိသည်။
ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ၏ ၄၀
ရာခိုင်နှုန်းခန့်ကသာ လာရောက်မဲပေးခဲ့ကြသဖြင့် ပြည်
သူထောက်ခံမှု လျော့ရိလျော့ရဲရှိခဲ့သည်။
စီစီအောင်ပွဲခံမှုကို ဖြစ်ပေါ်စေသော အကြောင်း
တရားများအနက် ပထမအကြောင်းတရားမှာ နိုင်ငံ
တည်ငြိမ် အေးချမ်းမှုကို ဖော်ဆောင်ပေးသည့် ပုဂ်္ဂိုလ်
အဖြစ် ရှုမြင်ခြင်းဖြစ်သည်။ စစ်ရေးနှင့် ထောက်လှမ်း
ရေးအတွေ့အကြုံရှိသူဖြစ်သဖြင့် လုံခြုံရေးအတွက်
ရတက်အေးလိုသူများက သူ့ကို ကြိုက်နှစ်သက်သည်။
စီစီသည် လက်တွေ့ကျပြီး အပြောနှင့်အလုပ်ကိုက်
ညီအောင် ကတိတည်မည့်ပုဂ်္ဂိုလ်အဖြစ် ယုံမှတ်ကြခြင်း
မှာ လည်း ဒုတိယအကြောင်းတရားဖြစ်သည်။ ယခင်
သမ်္မတမော်စီမှာမူ ရွေးကောက်ပွဲအကြို ကတိက၀တ်
များပေးခဲ့သော်လည်း နိုင်ငံတိုးတက်မှုအတွက် အထင်
အရှားပြသနိုင်ခြင်းမရှိဟု ယူဆကြသူများ ရှိနေသည်။
စီစီ၏ပြိုင်ဘက် ဆာဘာဟီက ကိုးရိုးကားရားနိုင်လှ
သည့် ကတိတစ်ခုဖြင့် လူငယ်များအား မဲဆွယ်ခဲ့ခြင်းမှာ
သွက်ချာလည်အမှားဖြစ်ခဲ့သည်။ မိမိရွေးကောက်ခံရ
လျှင် လူငယ်တစ်ဦးလျှင် အီဂျစ်ပေါင်ငွေ ၁၀၀၀၀
(ဒေါ်လာ ၁၄၀၀) ရပါစေ့မည်ဟု ၎င်းက ဟစ်ကြွေးခဲ့
သည်။ အကယ်၍သာ ၎င်းင်း၏ကတိအတိုင်း လူငယ်များ
အား ဆုငွေပေးရမည်ဆိုလျှင် နိုင်ငံတော်၏ဘဏ္ဍာမှ
အီဂျစ်ပေါင်ငွေ ၃၀၀ ဘီလီယံအထိ ကျခံသုံးစွဲရမည်
ဖြစ်ရာ ဆန်မရှိဘဲ အစားကြီးသူဖြစ်ပေမည်။
တတိယအကြောင်းတရားအနေဖြင့် စီစီသည် နိုင်ငံ
အပေါ် သစ်္စာစောင့်သိသူအဖြစ် အမျိုးသားရေး စိတ်
ဓာတ် ပြန်လည်နိုးထလာသော ပြည်သူအချို့က
အထင်ကြီးကြသည်။ ဘာသာရေး အစွန်းသမားများ
နှင့် သာမန်ပြည်သူများအကြား ကတ်္တားခြားပေးနိုင်
သော ပုဂ်္ဂိုလ် အဖြစ်လည်း ယုံမှတ်ပုံအပ်ကြသည်။
စတုတ်္ထအကြောင်းတရားအနေဖြင့်စီစီသည် သွေး
အေးအေးဖြင့် စဉ်းစားတတ်ပြီး ဆင်ခြင်တုံတရားရှိသူ
အဖြစ် ပြည်သူအများအပြားက ရှုမြင်ကြသည်။ စိတ်လှုပ်
ရှားမှုဖြင့် ဆုံးဖြတ်တတ်သူ မဟုတ်ပေရာ ၎င်းသည်
နိုင်ငံတော်ချောက်ထဲကျမည့် ဆုံးဖြတ်ချက်များကို စမ်း
တ၀ါးဝါးဖြင့် မချတန်ရာဟု စိတ်တုံးတုံး ချကြသည်။
ပဉ်္စမမြောက်အကြောင်းတရားမှာမူ စီစီ၏ အောင်
မြင်သော ခေါင်းဆောင်မှုဖြစ်သည်။ စစ်ဘက်အကြီး
အကဲအဖြစ် ဦးဆောင်မှု အတွေ့အကြုံ အထူးကောင်း
မွန်ခဲ့ရာ ပြည်စွန်ရွာနား ပြည်သူများပင်မကျန် ၎င်းကို
သိရှိကြသည်။
သန်းပေါင်းများစွာသော ပြည်သူများ၏ ဆန်္ဒနှင့်အညီ
မော်စီအား နိုင်ငံရေးပလ်္လင်ထက်မှ ဆွဲချနိုင်ရန် အချိန်
အခါသင့် ကြားဝင်ဖြေရှင်းပေးခဲ့သူအဖြစ် စီစီအား
လက်ခုပ်သြဘာပေးသံများ သောင်းသောင်းညံခဲ့ခြင်း
မှာလည်း ရွေးကောက်ပွဲအောင်မြင်မှု၏ ဆဋ္ဌမမြောက်
အကြောင်းတရားပင်။
အစွန်းရောက်သူများလက်အောက်မရောက်အောင်
ကယ်တင်ပေးခဲ့သူအဖြစ် နာမည်ကောင်းရခဲ့သူ စီစီ
အား သဘောထားအလယ်အလတ်ရှိသူ မစ်္ဇျိမမွတ်စလင်
များက ထောက်ခံကြခြင်းမှာ သတ်္တမမြောက် အကြောင်း
တရားဖြစ်ခဲ့ပြန်သည်။
အဋ္ဌမမြောက် အကြောင်းတရားကို တူးဆွလေ့လာ
သော် ကတိအလီလီပေးပြီး မဲဆွယ်ရန် ကြိုးပမ်းမှု မရှိ
သော စီစီအား တွေ့ရှိရသည်။
““ဇွန် ၃၀ တော်လှန်ရေး”” (၂၀၁၃) ဟု သမိုင်းဆရာများ
ခေါ်ဝေါ်သော လူထုဆန်္ဒပြမှုများနှင့်အညီ မော်စီကို
ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းပွဲအပြီး အမေရိကန်
အစိုးရနှင့် ဖြစ်ပွားသော ပဋိပက်္ခအား စီစီကိုင်တွယ်ဖြေ
ရှင်းပုံကို ထောမနာပြုကြရပြီး ပြည်သူများ နှစ်သက်
စေသော န၀မမြောက်အကြောင်းတရားဖြစ်သည်။
စူးအက်တူးမြောင်းကို ထိန်းချုပ်သော အီဂျစ်နိုင်ငံ
သည် စီးပွားရေးတိုးတက်မှုအတွက် အမေရိကန်နှင့်
ပလဲနံပသင့်ရမည်ပင်။
ခေတ်သစ်အီဂျစ်နိုင်ငံထူထောင်သူ မိုဟာမက်အလီ
ပါရှားကို စီစီနှင့် ခိုင်းနှိုင်းရှုမြင်ကြသူများ ရှိနေခြင်းမှာ
ဒသမမြောက် အကြောင်းတရားဖြစ်သည်။ မိုဟာမက်
အလီ(၁၇၆၉-၁၈၄၉)သည် အော်တိုမန်တာ့ခ် စစ်
ဘုရင်တစ်ပါးအဖြစ် ထင်ရှားခဲ့သူဖြစ်သည်။
နိုင်ငံရေးပသာဒရုပ်ပုံလွှာ လှပပြေပြစ်နေသည့် စီစီ
သည် သုံးနှစ်အတွင်း သမ်္မတနှစ်ဦးကို ဖြုတ်ချစေနိုင်ခဲ့
သော ဆန်္ဒပြမှုများနှင့်အတူ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး
လှိုင်းတံပိုးများကို ငြိမ်သက်စေကာ အီဂျစ်နိုင်ငံကို ဦး
ဆောင်ရန် ဟန်ပြင်နေလေပြီ။ စီစီသည် အာရပ်ကမ်္ဘာကို
ကယ်တင်နိုင်မည်လောဟု ကမ်္ဘာက စောင့်ကြည့်နေ
ပေလိမ့်မည်။ ။
+ကိုရင်သြ+

Sunday, June 1, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment