**Hunger Games၏ နောက်ဆုံး ဇာတ်ကားများရိုက်ကူးပြိးစီး**
စွန့်စားခန်းများ ပါဝင်သောံHunger Gamesစိတ်ကူးယဉ် သိပ်္ပံဇာတ်လမ်းတွဲ၏ နောက်ဆုံး ဇာတ်ကားများဖြစ်သည့် TheHunger Games: Mockingjay အပိုင်း(၁)နှင့် (၂) ရိုက်ကူးမှုများကို ဇွန် ၂၀ ရက်က ဘာလင်၌ အောင်မြင် စွာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းဇာတ်လမ်းတွဲ ထုတ်လုပ်သူ Nina Jacobson က တွစ်တာမှ တစ်ဆင့် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ နောက်ဆုံးဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် အကယ်ဒမီ မင်းသမီး ဂျနီဖာလောရင့်စ်၊ လိုင်ယမ် ဟမ်းစ်ဝေါ့သ်နှင့် Josh Hutcherson တို့က ခေါင်းဆောင်ပါဝင်ထားကြကာ ““အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ၊ Mockingjay မှာ ပါဝင်ပေးခဲ့ကြတဲ့ အဖွဲ့သားအားလုံးကို ကျေးဇူးအထူး တင်ပါတယ်””ဟု ရေးသားဖော်ပြထား ခဲ့ပြီး ယင်းဇာတ်ကားမှ အခြား သရုပ်ဆောင်များကလည်း ပါဝင် ကောင်းချီးပေးရေးသားခဲ့ကြသည်။ ယင်းThe Hunger Games: Mockingjay အပိုင်း(၁)ကို လာမည့် နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ အပိုင်း(၂)ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း ဖြန့်ချိ ပြသသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
**ရော်နယ်လ်ဒို၏ သွင်းဂိုးအရေအတွက်ကို ကလိုဆေးလိုက်မီသွားခဲ့ပြီ**
ဘရာဇီးတိုက်စစ်မှူး ရော်နယ်လ်ဒို သည် ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် ရှစ်ဂိုးသွင်းယူထားခဲ့သူဖြစ်ပြီး ကလိုဆေးမှာလည်း ဂါနာနှင့်ပွဲစဉ်တွင် ယခုကဲ့သို့ ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ၎င်း၏ စံချိန်နှင့် တူညီသွားခဲ့ခြင်း လည်းဖြစ်သည်။
ထို့ကြောင့် ရော်နယ်လ်ဒိုက ကလိုဆေး အား ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ပြီး ““ ကြိုဆိုပါတယ် ကလိုဆေးရေ၊ ခင်ဗျားရဲ့ ပျော်ရွှင်မှုနဲ့အတူ ကျွန်တော်လည်း အတူတကွ ပျော်နေပါတယ်ဗျာ၊ ရင်ခုန်စရာကောင်းပါတယ်”” ဟု ပြောကြားသွားခဲ့သည် ။
**သွေးလှူဒါန်းမှုကိုတွန်းအားပေးခဲ့သူKelly Chen**
နှစ်စဉ် ဇွန် ၁၄ ရက်ကို ကမ်္ဘာ့သွေး လှူရှင်များနေ့ဟု ကမ်္ဘာတစ်ဝန်းက သတ်မှတ်ထားခဲ့ရာ အသက်ပေါင်းများ စွာကို ကယ်တင်ရန်အတွက် ကျန်း မာ သည့် လူသားတိုင်းသွေးလှူပေးကြရန် မျှော်လင့်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟောင်ကောင် မင်းသမီးKelly Chenက ကမ်္ဘာ့သွေး လှူရှင်များနေ့ကို ဂုဏ်ပြုသည့် အခမ်း အနားတစ်ခုတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ယင်းအခမ်းအနားတွင်ုKelly Chen က မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သွေးလှူရှင်လိုအပ်သည့် ဖြစ်ရပ်တစ်ခု ကို ဥပမာပေးပြောကြားခဲ့ပြီး အထူး သဖြင့် ပရိသတ်များအနေဖြင့် သွေး လှူဒါန်းမှုများကို ဆက်လက်ပြုလုပ် သွားကြရန်၊ မိမိကိုယ်တိုင်အနေဖြင့် လည်း သွေးလှူဘဏ်အား ဆက်လက် ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူတိုင်းလုပ်ဆောင် သင့်သည့် အလုပ်တစ်ခုဖြစ်သည့် အတွက် ကျောင်းများတွင်လည်း ကျောင်းသားများ သွေးလှူဒါန်းမှုများ ပြုလုပ်လာနိုင်အောင် ဆရာ ဆရာမ များက တွန်းအားပေးသင့်ပါကြောင်း Kelly Chenကပြောကြားခဲ့သည်။
+စွမ်းထက်အောင်--မျိုးစန်္ဒာမောင်+

No comments:
Post a Comment