ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 9, 2014

==ကမ္ဘာ့ဖလားရင်ခုန်သံ(အုပ်စုHကိုလေ့လာသုံးသပ်ကြည့်ခြင်း)==

>
ခန့်မှန်းရန် ခက်ခဲသောအုပ်စုဟု ဆိုရမည်။ ထိုအုပ်စုတွင်ပါဝင်နေသော ဘယ်လ်ဂျီယံ၊ ရုရှား၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားတို့အနက် အယ်လ်ဂျီးရီးယား တစ်သင်းတည်းသာ အား အနည်းဆုံးအသင်းဖြစ်ပြီး ကျန်သုံးသင်းမှာမူ ခြေစွမ်းပိုင်း ညီမျှသောအသင်းများဖြစ်သည်။ တောင်ကိုရီးယားဆိုလျှင် အာရှ၏ ထိပ်တန်းအသင်း ကြီးဖြစ်ပြီး ဂျာမနီ၊ အင်္ဂလန်တို့၌ ခြေချကစားနေသော ဆွန်ဟောင်မင်၊ ပတ်ချူယန်း၊ ဂျီဒေါင်ဝမ်တို့ကဲ့သို့သော ကစားသမားများနှင့် အခြေခံဖွဲ့စည်းထားသည်။ ရုရှား ဆိုလျှင်လည်းအသင်းလိုက် ကစားပုံကောင်းမွန်သော အသင်းဖြစ်ပြီး ဘယ်လ်ဂျီယံမှာမူ အသင်းလိုက် စုစည်းညီညွတ်မှုရှိသော အသင်းဖြစ်သည်။

ထို့ကြောင့်အဆိုပါ သုံးသင်းသည် အုပ်စုမှတက်နိုင် ရန်အတွက် အပြိုင်ယှဉ်ပြိုင်ကစားရမည့် အနေအထားမျိုးရှိသည်။ သို့သော်အဆိုပါ သုံးသင်းအား နှိုင်းယှဉ်သုံးသပ်ပါမူ ဘယ်လ်ဂျီယံသည် အားအကောင်းဆုံးအသင်းဟု ဆိုရမည်သာဖြစ်သည်။ ဘယ်လ်ဂျီယံသည် ဟာဇက်၊ ကိုပါနေးတို့ကဲ့သို့သော ဦးဆောင်သောဘောလုံးသမားများပါဝင် သကဲ့သို့ လူကာကူ၊ မီရယ်လက်စ်၊ ဗာမာလန် စသည့် အရည်အသွေးပိုင်း ပြည့်ဝသူများ ပါဝင်လျက်ရှိသည်။ ဆိုရလျှင် ဘယ်ဂျီယံသည် နေရာစုံပြည့်စုံမှု ရှိသော အသင်းတစ်သင်းဖြစ်သည်။ ထို့ကြောင့်ဘယ်ဂျီယံသည် ကျန် နှစ်သင်းထက် ပို၍အားသာနေသကဲ့သို့ သုံးသင်းအပြိုင်လုရမည့်အခြေအနေ တွင် ဘယ်လ်ဂျီယံသည် အခွင့်ပိုသာလျက်ရှိပြီး အုပ်စုပထမနေရာအား မျှော်လင့်နိုင်စွမ်းရှိသည်ဟု ဆိုချင်မိသည်။
ထို့ကြောင့်ကျန်အုပ်စုဒုတိယနေရာအတွက်မူ တောင်ကိုရီးယား နှင့် ရုရှားတို့အပြိုင်လုရမည့်အနေအထားရှိသည်။ အဆိုပါ နှစ်သင်းအနက် လူအင်အားချင်းမကွာလှသော်လည်း အသင်းလိုက်ကစားပုံ မှာမူ ရုရှားကပို၍အားကောင်းပေသည်။ ထို့ကြောင့်အဆိုပါ နှစ်သင်းအနက် ရုရှားကအုပ်စုဒုတိယနေရာအား ပို၍မျှော်လင့်နိုင်ခြေ ရှိကာ တောင်ကိုရီးယား မှာမူ အုပ်စုတွင်း၌ သတိထားရမည့်ဖျက်မြင်း အသင်းအဆင့်ထက် မပိုနိုင်ပေ။

 +ရှိုင်းမင်းမင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)