ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 15, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>

**ပြင်သစ်လူမျိုး စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် လက်ထပ် ခဲ့သည့်ချယ်ရီကိုးလ်**

 Girls Aloudအမျိုးသမီးဂီတအဖွဲ့မှ အဖွဲ့ခေါင်း ဆောင် ချယ်ရီကိုးလ်က ယခုလ ၇ ရက်က ၎င်း၏ချစ်သူ ပြင်သစ်လူမျိုး စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် လက်ထပ် ခဲ့ပြီးဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။ တေးသံရှင် ချယ်ရီကိုးလ်အနေဖြင့် အဆိုပါကြေညာ ချက်နှင့်အတူ ၎င်း၏လက်ထပ်လက်စွပ်ကိုပါ တရားဝင် ထုတ်ဖော်ပြသခဲ့ပြီး ““ကျွန်မရဲ့ကိုယ်ရေးကိုယ်တာတွေကို ပရိသတ်ကို သိပ်ချပြလေ့မရှိပေမယ့် ဒီလက်ထပ်တဲ့ကိစ်္စ ကိုတော့ အားလုံးကိုအသိပေးမျှဝေချင်ပါတယ်””ဟု ၎င်းက ဆိုသည်။
ချယ်ရီကိုးလ်သည် Mustiqueကျွန်းငယ်ရှိ ကမ်းခြေ တစ်ခုတွင် ဧည့်သည်လေးဦးဖြင့်သာ မင်္ဂလာအခမ်းအနား ကိုကျင်းပခဲ့ခြင်းဖြစ်ပြီး မင်္ဂလာပွဲနှင့်ပတ်သက်သည့် အခြားအချက်အလက်များကို ထုတ်ဖော်ခြင်းမရှိကြောင်း သိရသည်။ အသက်(၃၁)နှစ်အရွယ် တေးသံရှင် ချယ်ရီကိုးလ် သည် နာမည်ကျော်ဘောလုံးသမား အက်ရှ်လေကိုးလ်နှင့် လက်ထပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ကွာရှင်းခဲ့ခြင်းဖြစ်သည်။ သီချင်းဆိုပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်တစ်ဦး လည်းဖြစ်သူ တေးသံရှင် ချယ်ရီကိုးလ်၏ ဂီတလှုပ်ရှားမှု အနေဖြင့် ယခုနှစ်အတွင်း ၎င်း၏ စတုတ်္ထမြောက် စတူဒီယို အယ်လ်ဘမ်ကိုOnly Humanဟု အမည်ပေးထား ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)

 **၂၀၁၄ ခုနှစ် ကမ်္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုမက်ဆီရရှိတာကိုနားမလည်ဟု ဂျိုယေးဘာတန်က ထုတ်ဖော်ပြောဆို**

s="separator" style="clear: both; text-align: center;"> ၂၀၁၄ ခုနှစ် ကမ်္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု(Golden Ball Award)အား အာဂျင်တီးနား ကစားသမား မက်ဆီကို ပေးအပ်ချီးမြှင့်ခဲ့မှုအတွက် နားမလည်နိုင်အောင်ဖြစ်မိကြောင်း အင်္ဂလန်နှင့် ကျူပီအာအသင်း ကွင်းလယ်ကစားသမား ဂျိုယေးဘာတန်က ထု တ်ဖော်ပြောဆိုလိုက်သည်။ မက်ဆီကGolden Ball Awardဆုကိုရရှိခဲ့ပြီးSilver Ballဆုကို ဂျာမနီကစားသမား သောမတ်မူလာက လည်းကောင်း၊ Bronze Ballဆုကို အာဂျန်ရော်ဘင်ကလည်းကောင်း ရရှိခဲ့သည်။ ဂျိုယေးဘာတန်က ““သောမတ် မူလာ၊ ဂျိမ်းစ်ရိုဒရီဂေးဇ်၊ မာရှေယာနို၊ တိုနီကရူးစ်၊ ဟမ်မဲလ်နဲ့ ဆန်းချက်ဇ်တို့ လို ကစားသမားဟာ အခုနှစ် ကမ်္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခဲ့ကြတဲ့ ကစားသမား တွေဖြစ်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဟော်လန်ကစားသမား အာဂျန်ရော်ဘင်ဟာ အခုနှစ် ကမ်္ဘာ့ဖလားပြိုင်ပွဲရဲ့ တစ်ဦးချင်းစွမ်းဆောင်နိုင်မှု အမြင့်မားဆုံး ကစားသမားပါ။ မက်ဆီကို Golden Ball Awardဆု ပေးအပ်ခဲ့တာကို နားမလည် နိုင်အောင်ဖြစ်ရပါတယ်””ဟု ပြောသွားသည်။ အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲ၌ ဂျာမနီကို အချိန်ပိုတွင် ပေးခဲ့ရသည့်ဂိုးဖြင့် ကမ်္ဘာ့ဖလားချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည်။(ထက်အောင်)

**၀င်ငွေအများဆုံးသော ဂီတ အဖွဲ့များဖြစ်လာာကသည့်Girls’ Generationနှင့်2NE1**

 တောင်ကိုရီးယားအမျိုးသမီးပေါ့ပ် ဂီတကြယ်ပွင့်အဖွဲ့များဖြစ်ကြသည့် Girls’ Generationွနှင့် 2NE1အဖွဲ့ တို့သည် ၀င်ငွေအများဆုံးသော ဂီတ အဖွဲ့များဖြစ်ကြကြောင်း Forbes Korea၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ၀ိုင်ဂျီအင်န်တာတိန်းမန့်၏ ထုတ်ပြန်ချက်အရ Girls’ Generation အဖွဲ့က ၀င်ငွေ အမေရိကန် ဒေါ်လာ ၂၈ သန်းကျော်ဖြင့် ပထမွနေရာတွင်လည်းကောင်း၊2NE1အဖွဲ့ က ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၆ သန်း ကျော်ဖြင့် ဒုတိယနေရာနှင့်T-ara အဖွဲ့က ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်ဖြင့် တတိယနေရာတွင် လည်းကောင်း ရပ်တည်နေသည်။ ကေပေါ့ပ်လောကတွင် နာမည်ကြီး ဂီတအဖွဲ့များဖြစ်ကြသည့် Girl Generationွ နှင့် 2NE1အဖွဲ့ တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အယ်လ်ဘမ်အသစ်အပြိုင်ထွက်ရှိခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်များသဖွယ် ဖြစ်ခဲ့ရသော်လည်း အယ်လ်ဘမ်နှစ်ခု လုံးသည် ဘီလ်ဘုတ်၌ ထိပ်တန်းတွင် ရပ်တည်နိုင်ခဲ့ကြသည်။ 2NE1အဖွဲ့ အနေဖြင့် ယခုလက်ရှိ တွင် All or Nothingဂီတဖျော်ဖြေပွဲ ကို ဂျပန်၌ ကျင်းပလျက်ရှိပြီးGirl Generationွအဖွဲ့အနေဖြင့် ဂျပန် စတိုင်လ်ဖြင့် ဖန်တီးထားသည့် The Bestအမည်ရှိအယ်လ်ဘမ်သစ်ကို ယခုလ ၂၃ ရက်တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)

**ပြင်သစ်နောက်တန်းကစားသမားကာဘယ်လာအား နယူးကာ ဆယ်ကခေါါ်ယူ**

 ပြင်သစ်နောက်တန်းကစားသမား ရေးမီကာဘယ်လာအား နယူးကာ ဆယ်က မောင့်ပယ်လီယာအသင်းမှ ပြောင်းရွှေ့ကြေးထုတ်ဖော်ပြောကြား ခြင်းမရှိဘဲ ခြောက်နှစ်စာချုပ်ဖြင့်
 ခေါ်ယူလိုက်သည်။ သူသည် ဘောလုံး သမား သက်တမ်းတစ်လျှောက် မောင့်ပယ်လီယာတွင်သာ ကစားခဲ့သူ ဖြစ်သည်။ အသက် ၂၄ နှစ်ရှိ ကာ ဘယ်လာသည် ၂၀၁၄ ကမ်္ဘာ့ဖလား တွင် ပြင်သစ်အသင်းနှင့်အတူ ပါဝင် သော်လည်း ကစားခဲ့ရခြင်းမရှိပေ။ ယင်းသည်နယူးကာဆယ်ကနွေရာသီ တွင် ခေါ်ယူခဲ့သည့် လေးဦးမြောက် ကစားသမားဖြစလ်ာသည။် ““ကျွန်တော့် အနေနဲ့ ပရီမီယာလိဂ်ပြိုင်ပွဲကြီးကို ပြောင်းရွှေ့လာနိုင်တဲ့အတွက် ပျော်ရွှင် မိပါတယ်””ဟု ဘယ်လာကပြောသည်။(ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)