ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 13, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>

**HBOရုပ်သံလိုင်း၏ဂီတဖျော်ဖြေပွဲတွင်ပါဝင်မည့်ဘီယွန်စေးတို့ဇနီးမောင်နှံ**

အမေရိကန်ဂီတ ဇနီးမောင်နှံဖြစ် သည့် R&Baတးသံရှင် ဘီယွန်စေး နှင့် ရက်ပ်အဆိုတော် ဂျေဇီးတို့ဇနီး မောင်နှံသည် HBOရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည့် ဂီတဖျော်ဖြေပွဲ အထူးအစီအစဉ်တစ်ခုတွင် ပါဝင် ဖျော်ဖြေ ရိုက်ကူးပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဘီယွန်စေးတို့ ဇနီးမောင်နှံအနေ ဖြင့် ၎င်းတို့၏On The Run Tour ဂီတဖျော်ဖြေပွဲခရီးစဉ်အတွင်း အဆိုပါ ဂီတဖျော်ဖြေပွဲ အထူးအစီအစဉ်၏ ရိုက်ကူးရေးလုပ်ငန်းများကို ပြင်သစ် နိုင်ငံပါရီမြို့၌ ပြုလုပ်သွားမည်ဖြစ်ကာ စက်တင်ဘာလတွင် HBOရုပ်သံ လိုင်းမှ ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါဂီတဇနီးမောင်နှံ၏On The Run Tour ဂီတဖျော်ဖြေပွဲကို ဇွန် ၂၅ ရက်တွင် မြောက်အမေရိကရှိ မိုင်ယာမီမြို့မှစတင်ကာ စက်တင် ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ အဆုံးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဘီယွန်စေးသည် ၂၀၁၄ ခုနှစ် အတွင်း အနုပညာကြေးအမြင့်ဆုံး သော လူမည်းအနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ် အတွင်း တိုင်းမ်မဂ်္ဂဇင်း၏ လွှမ်းမိုးမှု အရှိဆုံးလူပုဂ်္ဂိုလ်အယောက်(၁၀၀) စာရင်းတွင်လည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။(မျိုးစန်္ဒာမောင်)

**ကမ်္ဘာ့ဖလားဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကျင်းပမည့်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၂၅၀၀၀ ကျော်ဖြန့်ကြက်ချထား**
(ရီယိုဒီဂျနေးရိုး ဇူလိုင် ၁၂)

 ၂၀၁၄ ခုနှစ် ကမ်္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကျင်းပမည့် ဇူလိုင် ၁၃ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ အကြီးကျယ်ဆုံးသော လုံခြုံရေးစီမံချက် တစ်ရပ်ကို ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ အာဂျင်တီးနား ဘောလုံးအသင်းနှင့် ဂျာမနီ ဘောလုံးအသင်းတို့ ကမ်္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားမည့်နေ့တွင် ရီယိုဒီဂျနေးရိုးမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၂၅၀၀၀ ကျော် ဖြန့်ကြက်ချထားမည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကမ်္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲသို့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲလ်နှင့် ရုရှားသမ်္မတ ဗလာဒီမာပူတင်တို့ အပါအ၀င် နိုင်ငံအကြီးအကဲအများအပြား တက်ရောက် အားပေးကြည့်ရှုကြမည်ဖြစ်သည်။ ယင်းကမ်္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ မည့် မာရာကာနာ ဘောလုံးကွင်းသို့ ပွဲကြည့် ပရိသတ် ၇၅၀၀၀ ခန့်လာရောက်ကြည့်ရှုမည်ဟု မျှော်လင့်ရသည်။ ဘရာဇီးကြည်းတပ်၊ ရဲတပ်ဖွဲ့နှင့် မီးသတ် သမားများက လုံခြုံရေးစီမံချက်တွင် ပါဝင် တာဝန်ထမ်းရွက်မည်ဖြစ်ပြီး ရီယိုဒီဂျနေးရိုး ကမ်းရိုးတန်းတစ်လျှောက် စစ်ရေယာဉ် ၂၅ စင်းတို့က စောင့်ကြပ်ပေးထားမည်ဖြစ်သည်။ (ဘီဘီစီ)

**၀ုလ်ဖ်ဘတ်နာက်ခံလူရိုဒရီ ဂွက်ဇ်အားခေါ်ယူရန်မန်ယူပြင်ဆင်**

အင်္ဂလန်ထိပ်သီးကလပ် မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်း၏ ခံစစ်ပိုင်း ကို အားဖြည့်ရန်အတွက် ၀ုလ်ဖ်ဘတ် အသင်း၏ ဆွစ်ဇာလန် ဘယ်နောက်ခံလူ ရီကာဒိုရိုဒရီ ဂွက်ဇ်အားခေါ်ယူရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ မန်ယူအသင်းသည် ၎င်းတို့၏ ဘယ်နောက်ခံနေရာတွင် ဆောက်သမ်တန် လူငယ်နောက်တန်းကစားသမား လုခ်ရှောကို ပြောင်းရွှေ့ကြေးမြင့်မားစွာဖြင့် ခေါ်ယူထားသည့် အပြင် ၀ါရင့်နောက်ခံလူ အီဗရာပါ အသင့်ရှိနေ သော်လည်း ၎င်းတို့အလိုရှိနေသည့် ဂျူဗင်တပ်စ် အသင်းမှ ဗီဒယ်အားခေါ်ယူရန် အီဗရာကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေခြင်းကြောင့် ယခု ကဲ့သို့ ရိုဒရီဂွက်ဇ် အားခေါ်ယူလိုနေခြင်းလည်း ဖြစ်သည်။

 ထို့ပြင် ၎င်းကို ပရီမီယာလိဂ် ထိပ်သီးကလပ်များဖြစ်ကြသည့် လီဗာပူးနှင့် စပါးတို့ကပါခေါ်ယူရန် စိတ်ဝင်စားနေပြီး ၀ုဖ်လ်ဘတ်အသင်းမှာ ရိုဒရီဂွက်ဇ်အတွက် ပေါင် ၁၅ သန်းခန့်အလိုရှိနေသည်။ ရီကာဒိုရိုဒရီဂွက်ဇ်မှာ ပြီးခဲ့သည့်ဘောလုံးရာသီက ဘွန်ဒက်လီဂါတွင် ခြေစွမ်းပြကစားနိုင်ခဲ့သလို ကမ်္ဘာ့ ဖလားပြိုင်ပွဲတွင်လည်း ဆွစ်ဇာလန်အသင်းနှင့်အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။ [ကိုရဲ]

**နာဆရီကိုမန်စီးတီးက၅နှစ်ထပ်မံ စာချုပ်**

မန်စီးတီးကွင်းလယ်ကစားသမား နာဆရီအားယင်းကလပ်က၅နှစ် သက်တမ်းထပ်မံစာချုပ်လိုက်သည်။ အသက် ၂၇နှစ်ရှိ နာဆရီသည် လက် ရှိစာချုပ်မှာ တစ်နှစ်သာကျန်ရှိတော့သည်။ ၂၀၁၀ခုနှစ်ကသူသည် အာဆင်နယ်မှ ပြောင်းရွှေ့လာသူဖြစ် သည်။ နာဆရီအား မန်စီးတီးက ငါးနှစ်ထပ်မံ စာချုပ်ခဲ့သော်လည်း ကမ်္ဘာ့ဖလားတွင် ပြင်သစ်အသင်းက ရွေးချယ်ခဲ့ခြင်းမရှိပေ။ ““ကျွန်တော့် ကို ယခုလို ထပ်မံစာချုပ်တဲ့ အတွက် ကျေနပ်ပါတယ်။ မန်စီးတီး ရဲ့ အနာဂတ်ကို ခိုင်မာအောင်လုပ် ပေးသွားမှာပါ””ဟု နာဆရီကပြော သည်။ ““ကျွန်တော့်ရဲ့အသက်ဟာ အခု ၂၇နှစ်ပါ။ ကွင်းလယ်ကစားသမား တစ်ဦးရဲ့အသက်ဟာ ၂၇နှစ်နဲ့ ၃၀ ကြားမှာဖြစ်တယ်လို့ နည်းပြတွေက ယူဆထားကြပါတယ်။ ဒီအတွက် လည်း မန်စီးတီးအတွက် ကျွန်တော့် ရဲ့အသက်ဟာ အကောင်းဆုံး လို့ ပြောလို့ရပါတယ်””ဟု နာဆရီ က ထပ်လောင်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့်ရာသီက နာဆရီသည် မန်စီးတီးနှင့်အတူ ပရီမီယာလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။(ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)