တနှစ်ပတ်လုံးမုန်လာဥလုပ်ငန်
၂ဦးနဲ့ ဆရာမိုးအမှတ်တရ-သြဂုတ်လ၁၆ရ
ထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ကဆရာမိုးဟာထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်ကဖုတ်ဖရမြို့ နယ်ကို ဒီနေ့ ကွင်းဆင်းပြီးအခုလထုတ်မြန်မာပြည်သားစာစောင်ကိုဖြန့် ဝေရင်း၊အလုပ်သမားအမှုတွေအကြောင်း ဆွးနွေးဖလှယ်ကြရင်းဒေသခံလူထုစည်းရုံးရေးမှူးးတွေ နဲ့ ဒေသထဲကမြန်မာရွှေ့ ပြောင်းလုပ်သားတွေအနေအထားကိုစကားဝိုင်းဖွဲ့ ကြပါတယ်။ ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်(၀ါ)တာ့ခ်ပြည်နယ်မှာမြို့ နယ်၉ခုရှိတဲ့အနက်မဲဆောက် မြို့ နယ်ဟာ
ခန့်မှန်းခြေမြန်မာရွှေ့ ပြောင်းလုပ်သား၂သိန်းလောက်နေထိုင်အလုပ်လုပ် ကိုင်ကြပြီးတော့မြန်မာရွှေ့ ပြောင်းလုပ်သားအရေအတွက်အများဆုံးဒေသဖြစ်ပါတယ်။
(ဖုတ်ဖရမြို့ နယ်၊ချောင့်ခက်တိုက်နယ်(၃ရ)ကိလိုမီတာရှိ တနှစ်ပတ်လုံးမုန်လာဥလုပ်ငန်းမှာမြန်မာအလုပ်သမားတွေဒီလို လုပ်ကိုင်နေကြ-- သြဂုတ်လ၁၆ရက်-၂၀၁၄)
ဒုတိယမြန်မာရွှေ့ ပြောင်းလုပ်သားအရေအတွက် အများဆုံးဒေသဖြစ်ပြီးခန့်မှန်းခြေ(၇)သောင်းလောက်ရှိပါတယ်။စိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်တဲ့ဒေသဖြစ်ပြီးတစ်နှစ်ပတ်လုံးစပါး၊တစ်နှစ်ပတ်လုံးပြောင်း၊ တစ်နှစ်ပတ်လုံးကြံ၊တစ်နှစ်ပတ်လုံးမုန်လာဥ၊တစ်နှစ်ပတ်လုံးလွှေ့ (၀ါ)မုန်ညှင်းတစ်မျိုး တစ်နှစ်ပတ်လုံးခရမ်းသီးနဲ့ ခရမ်းချဉ်၊တစ်နှစ်ပတ်လုံးသဘောံသီး၊တစ်နှစ်ပတ်လုံး သရက်သီး၊တစ်နှစ်ပတ်လုံးကြက်သွန်အဖြူ-+အနီ၊စတဲ့သီးနှံတွေရယ်၊ရာသီပေါါ်အာလူး၊ ရာသီပေါါ်ပဲအမျိုးမျိုး၊ရာသီပေါါ်ကိုက်လံ၊ရာသီပေါါ်ဂေါါ်ဖီ၊ရာသီပေါငြုပ်..စတာတွေ စိုက်ပျိုးကြတာတွေ့ ရပါတယ်။
(ဒီလို *စိန်အာလူး*လက်ဘက်ရည်ဆိုင်မှာထိုင်ရင်း
ဖုတ်ဖရမြို့ နယ်ထဲမှာဘာတွေဖြစ်နေကြသလဲ
ဆိုတာတစ်ထိုင်ထဲရှင်းတန်ရှင်း---အိမ်စာယူသွားတန်ယူသွားနဲ့ပေါ့။
ဒီနေ့ JACBAနဲ့ ဒေသခံလူထုစည်းရုံးရေးမှူးတွေသတင်းတွေ
ရှယ်ကြ--အမြင်တွေဖလှယ်နေကြ)
(ဖုတ်ဖရမြို့ နယ်၊ချောင့်ခက်တိုက်နယ်(၃၆
လူ၁၀၀ကျော်ရှိတဲ့တဲ့မြန်မာအ
ဆရာမိုးနဲ့ ဒေသခံလူထုစည်းရုံးရေးမှူးး
ဒါ့အပြင်တစ်နှစ်ပတ်လုံးနှင်းဆီ၊တစ်နှစ်ပတ်လုံးကုလားပန်း(၀ါ)ရွှေဒဂါံးပန်း၊ တစ်နှစ်ပတ်လုံးသပြေ၊တစ်နှစ်ပတ်လုံးဇော်စိမ်း-ဇော်ကြား၊စတဲ့ပန်းမာလာတွေလည်း စိုက်ပျိုးးကြတာမြင်ရပါတယ်။ သြ...နေ့ စားခဘယ်လောက်ရသလဲဟုတ်စ။ဖုတ်ဖရမြို့ နယ်မှာ၆လသက်တမ်း မပြည့်သေးတဲ့ သင်လုပ်အဆင့်မြန်မာရွှေ့ ပြောင်းလုပ်သားတွေဟာစိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာထိုင်းနိုင်ငံသုံးငွေ(၆၀-၇၀-၈၀)ဘတ်..စသဖြင့်ရကြပါတယ်။၆လကျော်လို့ ကျွမ်းကျင်လာရင်နေ့ စားခ ထိုင်းနိုင်ငံသုံးငွေ(၈၀-၉၀-၁၀၀-၁၂၀)ဘတ်စသဖြင့်ရပ်ရွာမတူသလိုပဲသူကြီး သတ်မှတ်ဈေးဆိုပြီး(ပေါ-ချောင်ကောင်း)ခိုင်းစေတာခံကြရတာကမြန်မာရွှေ့ ပြောင်း လုပ်သားတွေပဲဖြစ်ပါတယ်။ အဲ..ဒီနေရာမှာစိုက်ပျိုးရေးအလုပ်တစ်ခုခုကိုပုတ်ပြတ်လုပ်လို့ ကိုယ်လုပ်ရင် လုပ်နိုင်သလောက်ရတဲ့*ပုတ်ပြတ်*အလုပ်တွေလည်းမရှိမဟုတ်ရှိပါရဲ့ ။ ဒီလိုအခိုင်းခံရတာကရာသီပေါါ်ခဏတာအလုပ်တွေပဲဖြစ်ပြီးအမြဲမရှိသလိုအမြဲ လည်းဝင်ငွေမကောင်းကြပါဘူး။(ဆိုလိုတာကရာသီပေါ်ါ်ငြုပ်သီးဆွတ်လို့ တစ်နေ့ ထဲနဲ့  ထိုင်းနိုင်ငံသုံးငွေ၂၀၀-၃၀၀-၄၀၀ဘတ်စီတာမျိုး၊ရာသီပေါါ်အာလူးခူးလို့ တစ်နေ့ ထဲနဲ့  ၂၀၀-၃၀၀ဘတ်ရတာမျိုး၊ရာသီပေါါ်ပဲဆွတ်လို့ တစ်နေ့ ထဲနဲ့ ၂၀၀-၃၀၀ဘတ်ရတာမျိုး၊ ကိုမဆိုလိုတာကိုပြောတာပါပရိသတ်။ နောက်တခုကထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေး နဲ့ လူမှုဖူလုံရေးဥပဒေ(BE-2541/1998) အရလည်းပဲနေ့ စားခထိုင်းနိုင်ငံသုံးငွေ(၃၀၀)ဘတ်ရပိုင်ခွင့်မရှိတဲ့ စိုက်ပျိုးရေးလုပ်သား တွေနဲ့ ပုတ်ပြတ်
အလုပ်သမားတွေအလုပ်ကြမ်းလုပ်နေကြရာ(ကျနော်တို့ မြန်မာပြည်က လယ်သမားတွေပြည်တွင်းမှာအလုပ်မကောင်းလို၊အလုပ်လုပ်ရပြီးဝင်ငွေမကောင်းလို့ ရွှေ့ ပြောင်းနေထိုင်
လုပ်ကိုင်ကြရာဒေသတစ်ခုလည်းဖြစ်ပါတယ်။)
အလို....။သူတို့ ဘယ်လိုနေကြသလဲဟုတ်စ။အလုပ်ရှင်ပေးထားတဲ့မြေနေရာမှာတဲအိမ် လေးတွေကိုယ်စီ
ဆောက်ပြီးနေကြတယ်လေ။တချို့ နေရာမှာအိမ်သာမရှိ၊တချို့ နေရာမှာစုပေါင်းတဲအိမ်စု ဖြစ်တော့အိမ်သာ
မလုံမလောက်နဲ့ ဘ၀ကြမ်းကြမ်းတွေကိုအလုပ်ကြမ်းကိုယ်စီနဲ့ ဖြတ်သန်း နေကြပါလေရဲ့ ဗျို့ ။
အံမယ်..အံမယ်...သူတို့ ဒီဘ၀တွေကိုပျော်နေကြသလား----အသားကျနေတာလားဟုတ်စ..။
ကျနော်တို့ မိခင်တိုင်းပြည်မှာဘယ်မှာအလုပ်ပေါများလို့ ပေါများနေတဲ့အလုပ်ကရော ထမင်း၀၀စားနိုင်လို့ လည်းဗျာတို့ ။ဒါကြောင့်ဒီဖုတ်ဖရကလူပဲဖြစ်ဖြစ်၊မဲဆောက်ကလူပဲဖြစ်ဖြစ်
မြန်မာရွှေ့ ပြောင်းလုပ်သားမှန်ရင်အလုပ်ကြမ်းပေမယ့်ထိုင်းမှာရတဲ့အနိမ့်ဆုံးနေ့ စားခ (၈၀-၉၀)ဘတ်ဟာအတော်အတန်ဝမ်းဝတယ်ဗျို့ ။ သီကြတဲ့အတိုင်းကျုပ်တို့ မိခင်တိုင်းပြည်မှာကအလုပ်ပေါများလို၊့ ပေါများနေတဲ့အလုပ်ကရော ထမင်း၀၀စားရလို့ ဆိုတာဘယ်မှာမှမရှိလို့ လူဦးရေ(၃)သန်းဆိုတဲ့မြန်မာရွှေ့ ပြောင်း လုပ်သားတွေ ဟောတစ်ယောက်... ဟောတစ်ယောက်နဲ့ သူများရဲ့ နိုင်ငံမှာ့ ပေါများနေကြတာ မဟုတ်လား။ ဟုတ်တော့လည်းဟုတ်ပါတယ်လေ...။ကျုပ်တို့ မိခင်တိုင်းပြည်မှာကပေါများတာဆိုလို့  *အပေါါ်ထပ်တစ်ထပ်လုံးမှာငပေါများသာရှိနေတဲ့တိုက်တစ်လုံး* မဟုတ်ပါလား။
ဟော....ပြီးခဲ့တဲ့စနေနေ့ (သြဂုတ်လ၉ရက်နေ့ )မှာတော့ဖုတ်ဖရမြို့ နယ်အုပ်ချုပ်ရေးမှူးး ပလာ့တ်ဆွန်ခန်း(၀ါ)နိုင်းဆါန်ခန်း(ယခင်-တာ့ခ်ပြည်နယ်အုန်းဖန်မြို့ နယ်နိုဖိုးဒုက္ခသည်စခန်းတာဝန်ခံဟောင်း)ကနေပြီးတော့ *ဖုတ်ဖရမြို့ နယ်ထဲမှာ..ရွှေ့ ပြောင်းလုပ်သားတွေကိုနေ့ စားခ(၁၅၀)ဘတ်ပေးရမယ်လို့  အစည်းအဝေးတစ်ခုမှာထုတ်ပြောကြောင်းဒေသခံလူထုစည်းရုံးရေးမှူးး ဆရာထိုက်သူအောင်နဲ့ ဆရာမင်းမင်းသိန်းတို့ ကဆရာမိုးကိုဒီနေ့ ပြန်လည်ဖောက် သည်ချကြပါတယ်။ ဒီလိုတစ်နေ့ တာကွင်းဆင်းလှုပ်ရှားမှုတွေကိုတာ့ခ်ပြည်နယ်ထဲမှာထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများ
အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)လုပ်လာတာအခုလမှာ (၁၀)နှစ်ရှိပြီဖြစ်ပါကြောင်း၊ဆက်လက်ပြီးတော့လည်းလူထုကြားမှာအမှန်ရှာသွားမှာဖြစ်ပါ ကြောင်းဒီနေ့ မှာ
လက်ခမောင်းခတ်လိုက်ပါရစေ။
**ပြည်သူမပါ....အရာရာ...ဘာဆိုဘာမှမပြီးနိုင်ပါ။ **ပြည်သူသည်သာ...အခရာ....အရာရာကိုပြောင်းလဲနိုင်သည်။ ***ခွန်အားမျှဝေ...ဒို့ တတွေသည်....မလွှဲမသွေ....ပြည်သူတွေအတွက်..။
ပင်ပန်းသရွှေ့ -အစဉ်ချမ်းမြေ့ ကြပါစေ
+သောင်ရင်းနဂါး+
(ဖုတ်ဖရမြို့ နယ်၊ချောင့်ခက်တိုက်နယ်(၃ရ

No comments:
Post a Comment