ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 11, 2014

==လူထုကျန်းမာရေး (မျက်စိကျန်းမာရေးအတွက် ရိုးရိုးရှင်းရှင်း နည်းလမ်း-၁၀ချက်)==

>
**Public Health** 

အမြင်အာရုံဟာ လူတစ်ယောက်ရဲ့ဘ၀မှာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ လူအများစုဟာ အမြင်အာရုံ ကောင်းနေစဉ်မှာ မျက်စိ ကျန်းမာရေးကို ဂရုမစိုက်မိဘဲ လျစ်လျူရှု ထားတတ်ကြ ပါတယ်။ တကယ်တော့ မျက်စိ ရောဂါတွေ ဖြစ်မှ ကုသတာထက် မျက်စိ ကျန်းမာရေးကို အမြဲတမ်း စောင့်ရှောက်ဂရုစိုက် ထားတာက ပိုကောင်းပါတယ်။ ဒါကြောင့် သင့်မျက်စိ ကျန်းမာရေး အတွက်စောင့်ရှောက်သင့်တဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်း ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။

 +++မျက်စိ အထူးကု ဆရာဝန်ဆီ သွားပါ+++

သင်ရဲ့ အမြင်အာရုံ မကောင်းရင် ဒါမှမဟုတ် မျက်စိမှာ ပြဿနာ တစ်ခုခုရှိနေရင် အချိန်ဆိုင်း မနေဘဲနှင့် မျက်စိ ဆရာဝန်ဆီ သွားပြီး စစ်ဆေးမှု လုပ်သင့်ပါတယ်။ မစစ်ဆေး မကုသဘဲ ထားတဲ့ မျက်စိ ပြဿနာတွေက သူ့အလိုလို ပြန်ကောင်းသွားမှာ မဟုတ်ပါဘူး။ သင်ဟာ မျက်မှန်တပ်ဖို့ လိုအပ်နေရင် ဒါမှမဟုတ် သင်တပ်တဲ့ မျက်မှန်နဲ့ မျက်ကပ်မှန်တွေက ပါဝါမကိုက်တော့ရင် ခေါင်းကိုက်တာနဲ့ အမြင်အာရုံ နောက်ထပ် ပိုဆိုးလာတာတွေကို ဖြစ်စေ နိုင်ပါတယ်။

+++နေကာမျက်မှန်တပ်ပါ+++

 တစ်ပတ်မှာ ခုနစ်ရက်နဲ့ တစ်ရက်မှာ ၂၄ နာရီလုံး နေကာ မျက်မှန်တပ်ဖို့ မဆိုလိုပါဘူး။ ဒါပေမဲ့ သင်ဟာ နေ့ဘက်မှာ နေပူထဲ ထွက်မယ် ဆိုရင်တော့ နေကာ မျက်မှန်တပ်ဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန် ရောင်ခြည်တွေဟာ သင့်အမြင်အာရုံကို ထိခိုက် ပျက်စီး စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ နေပူထဲ သွားတဲ့အခါ ခရမ်းလွန် ရောင်ခြည်တွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့နေကာ မျက်မှန်တပ်ဖို့ လိုအပ်ပါတယ်။ အနက်ရောင် နေကာ မျက်မှန်တိုင်းက ခရမ်းလွန် ရောင်ခြည်တွေကို ကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် နေကာမျက်မှန် ၀ယ်တဲ့အခါ ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နံပါတ်(Category Number) ကိုကြည့်ဖို့ လိုပါတယ်။ Category Number တွေက ခရမ်းလွန်ရောင်ခြည်ကို လုံးဝ မကာကွယ်နိုင်တဲ့ (0) အဆင့်ကနေ အမြင့်ဆုံး ကာကွယ်နိုင်တဲ့ (4) အဆင့်အထိ ကာကွယ်နိုင်တဲ့ အဆင့်တွေ အမျိုးမျိုးရှိပါတယ်။Category 3 ဒါမှမဟုတ် 4 ကို ၀ယ်ပါ။ တိမ်ထူပြီး မိုးအုံ့တဲ့ နေ့တွေမှာ SPF ပါဝင်မှုများတဲ့ နေကာလိမ်းဆေးတွေ လိမ်းဖို့ လိုအပ်သလိုပဲ နေကာ မျက်မှန်လည်း တပ်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ တိမ်ဆိုတာ အငွေ့ပြန်နေတဲ့ ရေတွေသာ ဖြစ်ပါတယ်။ ရေတွေကို ခရမ်းလွန် ရောင်ခြည်တွေက ထိုးဖောက် ဖြတ်သန်းနိုင်တဲ့ အတွက်ကြောင့် နေကာမျက်မှန်တပ်ပြီး သင့်မျက်စိတွေကို ကာကွယ်ထားဖို့ လိုအပ်တာပါ။

+++အာဟာရပြည့်ဝအောင် စားပါ+++

မျက်စိ ကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစာတွေကို စားဖို့လိုအပ်ပါတယ်။ လတ်တလော သုတေသနတွေအရ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ ဗီတာမင်တွေဟာ အသက်အရွယ် ကြီးရင့်လာခြင်းနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ မျက်စိရောဂါတွေ ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ဗီတာမင်စီ၊ အေ၊ အီး၊ ဖောလစ်အက်စစ်၊ ဆီလီနီယမ်နဲ့ ဇင့်ဓာတ်တွေဟာ သင့်မျက်စိ ကျန်းမာရေး အတွက် အထူး အကျိုးပြု နိုင်ပါတယ်။ ဒီဗီတာမင်တွေကို လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါကြောင့် သင်ရဲ့နေ့လယ်စာ ထမင်းဘူးထဲကို မုန်လာဥနီနဲ့ စပျစ်သီးတစ်ခိုင်ထည့်လိုက်ပါ။

++မှန်ကန်တဲ့ အလင်းရောင်ရပါစေ++

အလင်းရောင် နည်းနည်းမှာ စာဖတ်ရင် မျက်စိ ထိခိုက်တယ်လို့ လူတွေက ထင်မြင်တတ်ပါတယ်။ဒါပေမဲ့ အလွန်တောက်ပ စူးရှတဲ့ အလင်းရောင်က ပိုဆိုးပါတယ်။ တောက်ပ စူးရှလွန်းတဲ့ နေရောင်ကနေ ကာကွယ်ဖို့ နေကာ မျက်မှန်တပ်ရသလိုပဲ အလုပ်လုပ်တဲ့ နေရာမှာလည်း တောက်ပ စူးရှလွန်းတဲ့ အလင်းရောင်တွေ မရှိအောင် စီစဉ်ပါ။ သင့်အလုပ်စားပွဲမှာ အလင်းရောင် ကောင်းကောင်းရသင့်ပါတယ်။ ဒါပေမဲ့ မစူးရှလွန်းသင့်ပါဘူး။ ကွန်ပျူတာနဲ့ အလုပ်လုပ်သူအတွက် အလင်းရောင်ဟာ ဘေးဘက်ကနေလာတဲ့ ခပ်ဖျော့ဖျော့ အလင်းသာ ဖြစ်သင့်ပါတယ်။ ကွန်ပျူတာ မော်နီတာကို နေရောင် တိုက်ရိုက်ကျနေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါ့အပြင် မော်နီတာရဲ့ အလင်းရောင်ကိုလည်း သင့်တော်အောင် ချိန်ညှိသင့်ပါတယ်။
 +++မျက်စိကိုခဏအနားပေးပါ +++

ကွန်ပျူတာကို တစ်နေ့လုံး ကြည့်နေခြင်းဟာ မျက်စိတွေကို ခြောက်သွေ့စေနိုင်ပါတယ်။ လူတွေဟာ ကွန်ပျူတာစကရင်ကို ကြည့်နေစဉ်မှာ မျက်တောင်ခတ်တာဟာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း လျောနည်း သွားပါတယ်။ ဒါကြောင့် နောက်တစ်ခါ ကွန်ပျူတာသုံးတဲ့အခါ မကြာခဏ မျက်စိကို အနားပေးဖို့ သတိရပါ။ ငါးစက္ကန့်ခန့်ကြာအောင် မျက်စိကို ပိတ်ပြီး ဖြည်းဖြည်းချင်း ပြန်ဖွင့်ပါ။ ကွန်ပျူတာ ကြည့်ရင်းနဲ့ အဝေးက အရာတစ်ခုခုကို အကြည့်ပြောင်းတာမျိုးလည်း မကြာခဏ လုပ်ပေးပါ တီဗီကြည့်တဲ့အခါ တီဗီကြည့်တဲ့အခါမှာ တီဗီနဲ့ အလွန်နီးနီးကပ်ကပ် မထိုင်ဖို့ အရေးကြီး ပါတယ်။ သင့်မျက်စိနဲ့ တီဗီစကရင် အကြားမှာ အနည်းဆုံး နှစ်မီတာမှ သုံးမီတာ အကွာအဝေး ရှိသင့်ပါတယ်။ တီဗီပရိုဂရမ် တစ်ခု ကြည့်နေစဉ်မှာ မကြာခဏ မျက်တောင်ခတ်ပေးပါ။ တီဗီကြည့်နေစဉ် အခန်းထဲက တခြားမီးတွေ မှိတ်ထားတာမျိုး မလုပ်ပါနဲ့။ ရှည်လျားတဲ့ ပရိုဂရမ်တစ်ခု ဒါမှမဟုတ် ရုပ်ရှင် ကြည့်နေတာဆိုရင် နာရီဝက်ကြာတိုင်း သင့်မျက်စိတွေကို ခဏ အနားပေးပါ မျက်စိ လေ့ကျင့်ခန်း ခန္ဓာကိုယ် တခြားနေရာက ကြွက်သားတွေလိုပဲ သင့်မျက်စိက ကြွက်သားတွေကိုလည်း ပုံသဏ္ဌာန် ကောင်းမွန်အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ မျက်စိ လေ့ကျင့်ခန်း လုပ်ဖို့ အတွက်သင့်မျက်နှာရှေ့ သုံးလက်မအကွာမှာ ခဲတံတစ်ချောင်းကိုကိုင်ထားပြီး ခဲတံထိပ်ကို အာရုံစိုက်ပါ။ ပြီးရင်ခဲတံကို လက်တစ်ကမ်း အကွာအဝေးသို့ ရွှေ့လိုက်ပါ။ ပြီးရင် ရှေ့သို့ တစ်ဖန် ပြန်ယူလာပါ။ ဒီလိုခဲတံကို ရွှေ့နေစဉ် ခဲတံထိပ်ကို အာရုံစိုက်ပြီး ကြည့်နေပါ။ ဒီလေ့ကျင့်ခန်းဟာ စာအလွန်အကျွံ ဖတ်ခြင်း ဒါမှမဟုတ် ကွန်ပျူတာ အလွန်အကျွံ သုံးခြင်းကြောင့် မျက်စိညောင်းတာကို သက်သာစေပါတယ်။

 +++မျက်စိ ယောဂကျင့်ပါ+++

 မျက်စိအတွက် ရှေးခေတ် ယောဂကျင့်စဉ်တစ်ခုကတော့ လက်ဖ၀ါးတွေကိုအသုံးပြုတာပါ။ ဒီနည်းလမ်းဟာ မျက်စိ အာရုံကြောတွေကို ပြေလျော့စေပြီး အမြင်အာရုံနဲ့ မျက်စိ ကျန်းမာရေးကို ပိုကောင်းစေပါတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ဖြေလျှော့ အနားရ စေပါတယ်။ ဒီနည်းကတော့ သင့်လက်ဖ၀ါးတွေကို ခွက်ပုံစံ ခုံးခုံးလေးလုပ်ပြီး ပိတ်ထားတဲ့ မျက်ခွံတွေပေါ် အုပ်ထားပါ။ လက်ချောင်းတွေကို နဖူးပေါ်မှာထားပြီးမျက်စိထဲကို အလင်းရောင်လုံးဝမ၀င်နိုင်ဘဲ မှောင်နေအောင်အုပ်ထားပါ။ မျက်စိ၊ စိတ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး အတွက် အနားရအောင် နှစ်မိနစ်ခန့် အသက်ကို ဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်း ရှူသွင်းပါ။

 +++သင့်တော်သော မျက်မှန် သို့မဟုတ်မျက်ကပ်မှန်ကို ရွေးချယ်ပါ+++

 သင်ဟာ မျက်မှန်တပ်ဖို့ လိုအပ်ရင်မျက်မှန်တပ်မလား၊ မျက်ကပ်မှန်တပ်မလားဆိုတာက သင်ရဲ့ဘ၀နေထိုင်မှု ပုံစံပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။မျက်မှန်ကတော့ ဒီအတိုင်း ကောက်တပ် လိုက်လို့ရပေမယ့် မျက်ကပ်မှန် တပ်ရင်တော့ အနည်းငယ် ကရိကထ နိုင်ပါတယ်။ မျက်ကပ်မှန်တိုင်း ကလည်း မတူပါဘူး။ မျက်ကပ်မှန် တပ်မယ်ဆိုရင် သင့်မျက်စိနဲ့ သင့်တော်တဲ့ မျက်ကပ်မှန်ကို ရှာဖို့လိုပါတယ်။ မျက်စိ အထူးကုဆရာဝန်က သင့်ကို အကြံဉာဏ် ပေးနိုင်ပါတယ်။ မျက်ကပ်မှန်တွေကို ထိန်းသိမ်းပါ သင်ဟာ မျက်ကပ်မှန် တပ်ဖို့ ရွေးချယ်ရင် မျက်ကပ်မှန်တွေကို အမြဲသန့်ရှင်းအောင် ထိန်းသိမ်းဖို့ မမေ့သင့်ပါဘူး။ မျက်ကပ်မှန်တွေကို မျက်စိထဲထည့်တဲ့ ဒါမှမဟုတ် မျက်စိထဲမှ ထုတ်တဲ့ အကြိမ်တိုင်း မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးကြော ပေးရပါတယ်။ မျက်ကပ်မှန် ဆေးရည်ကို သက်တမ်း မလွန်အောင်လည်း သတိထား စစ်ဆေးပါ။သက်တမ်း ကုန်နေတဲ့ဆေးရည်တွေကိုအသုံးမပြုသင့်ပါဘူး။ မျက်စိ ကျန်းမာရေး အတွက် ထိန်းသိမ်း စောင့်ရှောက် တတ်ကြပါစေ။

ကိုးကား။ ။ရွှေမြို့တော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)