ပြင်သစ်လီဂူးပွဲစဉ်(၂)ကိုသြဂုတ် ၁၇ ရက် နံနက်မှာဆက်လက်ကစား မှာ ဖြစ်ပါတယ်။ ရာသီအဖွင့်ပွဲစဉ် (၁)မှာရလဒ်မကောင်းခဲ့ တဲ့  မာဆေး နဲ့ မိုနာကိုတို့ ရဲ့ ပေါက်ကွဲမှုသံစဉ် တွေကိုပရိသတ်တွေ မြင်တွေ့ ခံစား အားပေးကြရဦးမှာ ဖြစ်ပါတယ်။
**မာဆေးနှ င့် မောင့် ပယ် လီယာ**
(အိုလံပစ်မာဆေးကလပ်၇ဲ့ ကစားသမားတွေလေ)
** ဘော် ဒိုးနှ င့် မို နာကို**
(အေအက်စ်မိုနာကိုကလပ်၇ဲ့ ကစားသမားတွေလေ)
နာမည်ကြီးမိုနာကိုအသင်းဟာ အဖွင့် ပွဲစဉ်(၁)မှာ လိုရီယန့် အသင်း ကိုတစ်ဂိုး-နှစ်ဂိုးနဲ့  ရှုံးခဲ့ လို့ အခုပွဲမှာ တော့ ခြေကုန်ထုတ်မှာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာအိမ်ကွင်းရှုံးပွဲကြုံခဲ့ လို့  မိုနာကိုဟာ ဒီပွဲကို အကောင်းဆုံး စုဖွဲ့ မှုနဲ့  ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဘော်ဒိုးတို့ ကလည်း အဖွင့်ပွဲစဉ်မှာမောင့် ပယ်လီယာကိုအနိုင်ကစားခဲ့  တာမို့  အခုအိမ်ကွင်းမှာလက်ခံကစား မယ့် ပွဲဖြစ်တာမို့ မိုနာကိုတို့ကို သေ သေချာချာပြင်ဆင်ကစားပါလိမ့် မယ်။ ဘော်ဒိုးဟာ ခြေစွမ်းကောင်းမွန်ပြီး အိမ်ကွင်းမှာ နိုင်ပွဲရအောင် ဖန်တီး နိုင်တာမို့  မိုနာကိုအတွက် ရင်ပူစရာ ပွဲစဉ်ဖြစ်နေတာတော့ အမှန် ပါပဲ။ ဒီပွဲဟာ သရေပွဲလည်း ဖြစ်သွားနိုင်သလို အနိုင်ဆိုရင် လည်း ဧည့် သည်ကို ပေးအပ်ချင်ပါတယ်။
**စိ န့် အက် တီယန် နှ င့်ရိ မ်းစ်**
ပီအက်စ်ဂျီလိုအသင်းကိုသရေ ကစားနိုင်ခဲ့ တဲ့  ရိမ်းစ်အသင်းဟာ အခု အဝေးကွင်းမှာကစားရမှာမို့ အား ထည့် ရပါဦးမယ်။ စိန့် အက်တီယန်က အိမ်ကွင်းမှာခံစစ်အားပြုပြီး ပြိုင်ဘက် ကိုချေမှုန်းတတ်တာမို့ ရိမ်းစ်တို့ ဂိုးရဖို့ ခက်ခဲပါလိမ့်မယ်။ စိန့်အက်တီယန်ကွင်းမှာရိမ်းစ် တို့ လေးဂိုးပြတ်ရှုံးနိမ့် ဖူးတာကြောင့်  အိမ်ရှင်ကိုလည်း အားပေးရင် စိတ်ပျော်ရွှင်မှုရမယ့်အနေအထား ဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+
(ပြင်သစ်လီဂူး၁..အမှတ်တံဆိပ်)

No comments:
Post a Comment