ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 17, 2014

==အလုပ်သမားလက်မှတ်ရှိသူတွေ နိုင်ငံကူးလက်မှတ်လုပ်နိုင်ရန် မြန်မာအစိုးရ ကူညီ==

>
၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ထုတ်ပေးခဲ့သည့် အလုပ်လုပ်ခွင့်လက်မှတ် (ဓာတ်ပုံ - Saw Ehkaw Jet) ဓာတ်ပုံ – Saw Ehkaw Jet)
+( ရွှေအောင်-သြဂုတ်လ၁၇ရက်၊၂၀၁၄-DVB)+

ထိုင်းနိုင်ငံမှာအလုပ်သမားလက်မှတ်ရှိသူတွေ မြန်မာပြည်ပြန်ပြီး နိုင်ငံကူးလက်မှတ်လုပ်နိုင်ဖို
့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်အရ အလုပ်သမားလက်မှတ်ရှိသူတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာ သံရုံးက ခရီးသွားခွင့် ထောက်ခံချက်ထုတ်ပေးမှာဖြစ်ပြီး အဲ့ဒီထောက်ခံချက်နဲ့ နယ်စပ်ဒေသတွေ က တဆင့် မြန်မာပြည်ပြန် နိုင်ငံကူးလက်မှတ်လုပ်ကြရမှာ ဖြစ်ပါတယ်။

 မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို သံရုံးက ထောက်ခံချက်ထုတ်ပေးတဲ့အတွက် အဆင်ပြေသွားနိုင်တာတွေကို အခုလို ပြောပါတယ်။ “ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေပြီးတော့ ဖွဲ့စည်းထားတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်တွေ ရှိတယ်။ သူတို့တွေကို မြန်မာသံရုံးရဲ့ကိုယ်စား သက်ဆိုင်ရာဒေသအသီးသီး ကနေပြီးတော့ ခရီးသွားလာခွင့်ထောက်ခံချက်တွေကို လုပ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဦးတည်ပြီး ချီတက်သွားစရာမလိုပဲ စောစောကပြောတဲ့ ကော်မတီဝင်တွေရှိတဲ့ ဒေသတိုင်းက ခရီးသွားလာခွင့်လက်မှတ် အထောက်အထားတွေ ထုတ်ပေးလိုက်မယ်ဆိုရင် မြန်မာအလုပ်သမားတွေအတွက် ခရီးသွားလာရတာလည်း သက်သာမယ်၊ အချိန်ကုန်ငွေကုန်နဲ့ အခြားစိတ်ပင်ပန်းမှုတွေ သက်သာမယ်လို့ ကျနော်ပြောချင်တယ်ခင်ဗျ။”။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကတော့ ဒီ့ထက်ပို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးလို့ရတယ်လို့ ပြောပါတယ်။ “တချို့အချက်အလက်တွေက မရှင်းလင်းဘူး။ မရှင်းလင်းဘူးဆိုတာက ထိုင်းနိုင်ငံမှာ ထုတ်ပေးနေတဲ့ လက်မှတ်တွေက ကျနော်တို့ ပထမနားလည်ထားတာက သူတို့မှတ်ပုံတင်တဲ့ ပြည်နယ်အတွင်းမှာပဲ သွားလို့ လာလို့ရတယ်လို့ ကျနော်တို့နားလည်ထားတယ်။ ကျနော်တို့ အနေကလည်း အလုပ်သမားတွေကို အဲဒီပြည်နယ်ထဲမှာပဲ သွားလို့ရတယ်လို့ ရှင်းပြထားတယ်။ ဒါပေမယ့် သူတို့က အဲဒီခရီးသွားလက်မှတ်တွေ ထုတ်ပေးရမယ်ဆိုတော့။ နယ်ကလူတွေ ပြည်နယ်က လူတွေကအနေနဲ့ သံရုံးကို သွားဖို့ အဲဒီကြားမှာ အခက်အခဲတွေ အများကြီး ရှိတယ်။ အဲဒီအခက်အခဲတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက်ဖြေရှင်း ပေးသင့်တယ်လို့ ကျနော်ထင်တယ်။ ၂ ပိုင်းလို့ ကျနော်မြင်မယ်။ ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ရမှာက တပိုင်း၊ နောက်တပိုင်းက ပြည်နယ်က ကိုယ်စားလှယ်တွေ သူတို့ စာရွက်စာတန်းထုတ်ပေး ပိုင်ခွင့်ရှိတဲ့သူတွေက အဲဒီပြည်နယ်တွေမှာ လိုက်ပြီး အမြန်ဆုံးဆောင်ရွက်ပေးရင်တော့ ပိုပြီး ထိရောက်မယ်လို့ ကျနော်ထင်တယ်။”
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း ဘန်ကောက် မြန်မာသံရုံးကဖွဲ့ထားတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ အနေနဲ့ လုပ်ဆောင်ပေးလို့ ရတဲ့အကြောင်း ပြောပါတယ်။
“ထိုင်းနယ်မြေထဲမှာဖြစ်ဖြစ် မြန်မာနယ်မြေထဲမှာ ဖြစ်ဖြစ် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ရဲ့ စစ်ဆေးမေးမြန်းမှုတွေ လွတ်ကင်းတယ်။ ပြီးတော့ မလိုလားအပ်တဲ့ အကျင့်ပျက် ရဲဝန်ထမ်း တွေရဲ့ ငွေကြေးတောင်းရမ်းမှုနဲ့ မလိုလားအပ်တဲ့ အချိန်ကြန့်ကြာအောင် ငွေမထွက်ထွက်အောင် ဖိအားပေး စစ်ဆေးတာတွေကနေ ကင်းလွတ်တယ်။ ပြီးတော့ အလုပ်သမားတွေကို မိခင်နိုင်ငံ အစိုးရကနေပြီးတော့ အလုပ်သမားတွေရဲ့ သွားရေးလာရေး အဆင်ပြေစေရေးအတွက် စောင့်ရှောက်တယ်။ ငါ့တို့ကို စောင့်ရှောက်ဖော်ရသားပဲဆိုတဲ့ စိတ်ခွန်အားတခုရစေတယ်။ အဲဒါ အားသာချက်ပဲ။”

အလုပ်သမားလက်မှတ်ကိုင်ဆောင်ထားသူတွေကို သံရုံးက အခုလိုမျိုး ခရီးသွားခွင့် ထောက်ခံ ချက် လုပ်ပေးတာ ဒါပထမဆုံး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ထိုင်းစစ်ကောင်စီဟာ ထိုင်းတနိုင်ငံလုံးရှိ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေကို အလုပ်သမားလက်မှတ်တွေ လုပ်ပေးနေတုန်း မြန်မာအလုပ်သမားဝန်ကြီးဌာနက ခုလို ပူးပေါင်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အလုပ်သမားလက်မှတ်နဲ့ မြန်မာပြည်ပြန်လာပြီး နိုင်ငံကူးလက်မှတ်လာလုပ်ရင် ဦးစားပေး လုပ်ပေးမယ်လို့လည်း မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)