ထို့ကြောင့်
သိပံ်္ပပညာရှင်များက အကယ်၍ ဒိုင်နိုဆောမျိုးစိတ်ပို၍
များပြားပြီး ဆင့်ကဲအစာကွင်းဆက်များပို၍ သက်ဝင်
နေချိန်ထက်စောပြီးမှ သို့မဟုတ် မျိုးစိတ်သစ်များ အဆင့်
ဆင့်ပြောင်းလဲဖြစ်ပေါ်ချိန်ထက် နောက်ကျပြီးမှ ယင်း
ဂြိုဟ်သိမ်ဂြိုဟ်မွှား အန်္တရာယ်ကျရောက်ခဲ့ပါက ဒိုင်နိုဆော
များ ယနေ့တိုင် အသက်ရှင်လျက်ရှိနေနိုင်ကြောင်း
ကောက်ချက်ချခဲ့ကြသည်။ (ဆင်ဟွာ)
+ဘာသာပြန်-ကျော်သဲအိမ်+
ဒိုင်နိုဆောများမျိုးသုဉ်းသွားစေသော ဂြိုဟ်သိမ်
ဂြိုဟ်မွှား၏ဘေးအန်္တရာယ်ကျရောက်ချိန်သည် အနည်း
ငယ်စောမည် သို့မဟုတ် အနည်းငယ်နောက်ကျမည်
ဆိုပါက ဒိုင်နိုဆောများ အသက်ရှင်လျက်ရှိနေနိုင်ကြောင်း
ဗြိတိသျှသိပံ်္ပပညာရှင်၏ လေ့လာတွေ့ရှိချက်တစ်ရပ်က
ဆိုသည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှား အန်္တရာယ်ကျရောက်ခြင်းသည်
ကမ်္ဘာပေါ်၌ နှစ်သန်းပေါင်း ၁၆၀ ခန့် ကျင်လည်ကျက်စား
ခဲ့သည့် ဒိုင်နိုဆောများအတွက် ကံဆိုးမိုးမှောင်ကျမှုကြီး
တစ်ရပ်ဖြစ်ခဲ့သည်။
အီဒင်ဘတ်ရှ်တက်္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာ
ရှင်များပါဝင်သော နိုင်ငံတကာပညာရှင်အဖွဲ့က ယင်း
ဂြိုဟ်သိမ်ဂြိုဟ်မွှားအန်္တရာယ်မကျရောက်မီ နှစ်သန်းပေါင်း
အနည်းငယ်က မြောက်အမေရိကမှ ဒိုင်နိုဆောများ
အများစုပါဝင်သည့် ဒိုင်နိုဆောများမည်ကဲ့သို့ အသွင်
ပြောင်းခဲ့သည်ကို လေ့လာခဲ့ကြသည်။ ၄င်းတို့လေ့လာတွေ့
ရှိချက်များအရ ၁၀ ကီလိုမီတာ အကျယ်အ၀န်းရှိ
ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံး၏ အန်္တရာယ်မကျရောက်မီ
နှစ်သန်းပေါင်းအနည်းငယ်က ကမ်္ဘာကြီးသည် များပြား
သောမီးတောင်ပေါက်ကွဲမှု၊ ပင်လယ်ရေမျက်နှာပြင်
ပြောင်းလဲမှုနှင့် အပူချိန်ကွာဟချက်မြင့်တက်လာမှု
စသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကသောင်းကနင်း
ဖြစ်မှုနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းသဘာဝတရားဖောက်
လွဲဖောက်ပြန်မှုများကြောင့် အပင်စားဒိုင်နိုဆောများ
လျော့နည်းပပျောက်ကာ အသားစားဒိုင်နိုဆောများ၏
ဆင့်ကဲအစာကွင်းဆက်ဆုတ်ယုတ်သွားသဖြင့် ဒိုင်နိုဆော
များ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အကြီးမားဆုံး
စိန်ခေါ်မှုနှင့်ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့်
သိပံ်္ပပညာရှင်များက အကယ်၍ ဒိုင်နိုဆောမျိုးစိတ်ပို၍
များပြားပြီး ဆင့်ကဲအစာကွင်းဆက်များပို၍ သက်ဝင်
နေချိန်ထက်စောပြီးမှ သို့မဟုတ် မျိုးစိတ်သစ်များ အဆင့်
ဆင့်ပြောင်းလဲဖြစ်ပေါ်ချိန်ထက် နောက်ကျပြီးမှ ယင်း
ဂြိုဟ်သိမ်ဂြိုဟ်မွှား အန်္တရာယ်ကျရောက်ခဲ့ပါက ဒိုင်နိုဆော
များ ယနေ့တိုင် အသက်ရှင်လျက်ရှိနေနိုင်ကြောင်း
ကောက်ချက်ချခဲ့ကြသည်။ (ဆင်ဟွာ)
+ဘာသာပြန်-ကျော်သဲအိမ်+


No comments:
Post a Comment