**(သြဂုတ်လ၁၇ရက်၊၂၀၁၄-သောင်ရင်းနဂါး+စောခူ)**
+(ဓါတ်ပုံ-ဆရာတော်ဦးဇောတိက)+
ယနေ့ (သြဂုတ်လ ၁၇ ရက်) နံနက် ၄ နာရီခွဲ အချိန်ခန့်တွင်ထိုင်းနိုင်ငံ စမုပရာကန်ခရိုင်ရှိ အထည်ဆေးဆိုးစက်ရုံတစ်ရုံတွင် ရှိသော ဗွိုင်လာအိုး ပေါက်ကွဲသဖြင့် ပတ်ဝန်းကျင်ရှိနေအိမ်ခန်း (၁၀)ခန်းအား ထိခိုက်ပြိုကျစေပြီး ထိုနေရာတွင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား (၁၁) ဦးထိခိုက်ဒဏ်ရာရ ခဲ့သည်။ ဒဏ်ရာရသူများအနက်၉ ဦးမှာ စမုပရာကန်ဆေးရုံကြီးတွင် တက်ရောက်ကုသ လျက်ရှိ ပြီး၊ ၂ဦးကို ချူလာလောင်ကွန် ဆေးရုံကြီးသို့လွဲပြောင်း ကုသစေရခဲ့ကြောင်း၊ ၄င်းတို့အနက် ၂ ဦးမှာ အတွင်းလူနာအဖြစ်ကုသနေရကြောင်း၊ အဆိုပါသတင်းရလျှင်ရချင်းပင်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးသိမ်းနိုင်သည် ဆေးရုံတက်ရောက်နေရသူများနှင့် ၄င်း တို့၏ မိသားစုများအား သွားရောက်အားပေးစကားပြောကြားခဲ့သည်။ တဆက်တည်းမှာပင်အလုပ်ရှင်အားထိုင်းဥပဒေနှင့်အညီ အလုပ်သမားများအခွင့်အရေးပေးကြည့်ရှုရန် ပြောကြားခဲ့ကြောင်း၊ ထို့ နောက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ Permanent secretary ဦးဆောင်၍ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး မှ အရာရှိများရောက်ရှိလာပြီး အချင်းဖြစ်ပွားရာ နေရာကိုသွားရောက်ကြည့်ရှုပြီး ဆေးရုံသို့ သွားရောက်ကြသည်။ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး မှ အရာရှိများသည် ဆေးရုံတက်ရောက်နေသော အလုပ်သမားတစ်ဦးစီအား သူနှင့် အတူအားပေးစကားပြောကြားခဲ့ကြောင်းဆောင်ရွက်မှုအဆင့်ဆင့်ကို ၊အလုပ်သမားသံအရာရှိဦးသိမ်းနိုင်က ရှင်းလင်းပြောပြခဲ့ပါသည်။ +စောခူ(MRPWG)၏ရေးသားချက်ကိုသောင်ရင်းနဂါးပြင်ဆင်တည်းဖြတ်ရေးသားသည်။+
(ဓါတ်ပုံစာအညွှန်း---ဘန်ကောက်မြို့ တော်အနီးပထွန်ဌာနီခရိုင် ထန်ယဘူရီမြို့နယ်တွင်
၆ထပ်တိုက်ပြိုကြရာမှာမြန်မာရွှေ့ ပြောင်းလုပ်သားများပါဝင်မှုရှိ-
မရှိအလုပ်သမားသံအရာရှိဦးသိမ်းနိုင်ကွင်းဆင်းစစ်ဆေးခဲ့စဉ်က)
+(ဓါတ်ပုံ-ဆရာတော်ဦးဇောတိက)+
ယနေ့ (သြဂုတ်လ ၁၇ ရက်) နံနက် ၄ နာရီခွဲ အချိန်ခန့်တွင်ထိုင်းနိုင်ငံ စမုပရာကန်ခရိုင်ရှိ အထည်ဆေးဆိုးစက်ရုံတစ်ရုံတွင် ရှိသော ဗွိုင်လာအိုး ပေါက်ကွဲသဖြင့် ပတ်ဝန်းကျင်ရှိနေအိမ်ခန်း (၁၀)ခန်းအား ထိခိုက်ပြိုကျစေပြီး ထိုနေရာတွင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား (၁၁) ဦးထိခိုက်ဒဏ်ရာရ ခဲ့သည်။ ဒဏ်ရာရသူများအနက်၉ ဦးမှာ စမုပရာကန်ဆေးရုံကြီးတွင် တက်ရောက်ကုသ လျက်ရှိ ပြီး၊ ၂ဦးကို ချူလာလောင်ကွန် ဆေးရုံကြီးသို့လွဲပြောင်း ကုသစေရခဲ့ကြောင်း၊ ၄င်းတို့အနက် ၂ ဦးမှာ အတွင်းလူနာအဖြစ်ကုသနေရကြောင်း၊ အဆိုပါသတင်းရလျှင်ရချင်းပင်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးသိမ်းနိုင်သည် ဆေးရုံတက်ရောက်နေရသူများနှင့် ၄င်း တို့၏ မိသားစုများအား သွားရောက်အားပေးစကားပြောကြားခဲ့သည်။ တဆက်တည်းမှာပင်အလုပ်ရှင်အားထိုင်းဥပဒေနှင့်အညီ အလုပ်သမားများအခွင့်အရေးပေးကြည့်ရှုရန် ပြောကြားခဲ့ကြောင်း၊ ထို့ နောက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ Permanent secretary ဦးဆောင်၍ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး မှ အရာရှိများရောက်ရှိလာပြီး အချင်းဖြစ်ပွားရာ နေရာကိုသွားရောက်ကြည့်ရှုပြီး ဆေးရုံသို့ သွားရောက်ကြသည်။ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး မှ အရာရှိများသည် ဆေးရုံတက်ရောက်နေသော အလုပ်သမားတစ်ဦးစီအား သူနှင့် အတူအားပေးစကားပြောကြားခဲ့ကြောင်းဆောင်ရွက်မှုအဆင့်ဆင့်ကို ၊အလုပ်သမားသံအရာရှိဦးသိမ်းနိုင်က ရှင်းလင်းပြောပြခဲ့ပါသည်။ +စောခူ(MRPWG)၏ရေးသားချက်ကိုသောင်ရင်းနဂါးပြင်ဆင်တည်းဖြတ်ရေးသားသည်။+

No comments:
Post a Comment