**ပြုံးရွှင်စွာ....နေ့ သစ်ကျောင်းမှာ..ဒို့ များတစ်နေ့ တာ....မြတ်ပညာ...ဆည်းပူးကြဖို့ ဒို့ များရောက်လာ...
မဂံလာပါ...မဂံလာပါ...မဂံလာပါ (သံပြိုင်)**နေ့ သစ်ကျောင်းမှာပြုံး....သကြားလုံးလေးလိုပြုံး...ထန်းလျက်ခဲလေးလိုပြုံး မှိုရမျက်နှာပြုံး...(အားလုံး..အားလုံး..ပြုံးကြမယ်ကွာ...)၂
(မဲဆောက်မြို့ နေ့ သစ်အလကကျောင်းရဲ့ ဒါရိုက်တာဒေါါ်ယုဇန ကိုယ်တိုင်လက်သည်းညှပ်ပေးနေတာပါ။)
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကနေ့ သစ်အလကကျောင်း၏ကျောင်းသီချင်းတစ်ပုဒ် ကိုကလေးတို့ ဟစ်ကြွေးနေကြပါသည်။(ဒီသီချင်းထဲကလိုအဟုတ်ကိုလိုက်ပြုံး ကြရင်ဖြင့်ကလေးတွေကော၊ဆရာတွေပါအကုန်လုံးပုရွက်ဆိတ်တက်ကိုက်မှာသေချာ ပါသည်။)
ဘာပဲဖြစ်ဖြစ်သူ့ အလုပ်သမားကျောင်းနှင့်သူ့ အလုပ်သမားအစည်းအရုံးဖြစ်တဲ့ မြန်မာပြည်သားများအရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)တို့ ဟာဟန်ချက် အတော်အတန်ညီစွာမြန်မာရွှေ့ ပြောင်းအလုပ်သမားရေးရာတွေကို(၁၀)နှစ်လုံးလုံး ချီတက်နိုင်ကြတာနည်းတဲ့အားလားပရိသတ်။
ကိုင်း။။။။ဒီနေ့ တော့ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ က*ကျောင်းကျန်းမာရေးဒုတိယဆု*ရရှိဘူးတဲ့
(ထပ်ရစရာလည်း အလားအလာရှိနေတဲ့)နေ့ သစ်အလယ်တန်းကျောင်း ရဲ့ ကျောင်းကျန်းမာရေးဆောင်ရွက်မှုတစ်ခုကိုဟောဒီလိုမျက်ဝါးရယ်တဲ့မှထင်ထင် တွေ့ မြင်ရမှာပါပရိသတ်။
တခြားပျော်စရာနောက်ပြောင်တာတွေကိုလည်းဘာရယ် မဟုတ်ကလူကျီစယ်မှုလေးတွေပေါ့နော်။
(ညနေ၃နာရီကျော်ကျောင်းဆင်းချိန်မှာသူ့ ဟာသူတရားရှုမှတ် နေတဲ့ဆရာမတစ်ဦးပါ။)
(ညနေ၃နာရီကျော်ကျောင်းဆင်းချိန်မှာသူ့ ဟာသူတရားရှုမှတ် နေတဲ့ဆရာမကိုလည်းဘာရယ်မဟုတ်
နောက်ပြောင်ကြတာလေ)
သီချင်းလေးတောင်ရေရွတ်လိုက်ပါသေးတော့။
**နေ့ သစ်ကျောင်းမှာပြုံး....သကြားလုံးလေးလိုပြုံး...ထန်းလျက်ခဲလေးလိုပြုံး မှိုရမျက်နှာပြုံး...(အားလုံး..အားလုံး..ပြုံးကြမယ်ကွာ...)၂
၂၀၀၇ခုနှစ်ကဒီနေ့ သစ်ကျောင်းမှာကျောင်းဆရာလည်းလုပ်ရင်းကျောင်းကြိုပို့ ယာဉ်ကိုပါ ကူညီမောင်းနင်ပေးခဲ့သည့်ချင်းတိုင်းရင်းသားဆရာမောင်ထွေးကကလေးတွေကိုဒီ**နေ့ သစ် ကျောင်းမှာပြုံး.**သီချင်းသင်ပေးခဲ့ရာမှာ***နေ့ သစ်ကျောင်းမှာပြူး**ဟုမပီကလာအသံဖြင့် သီဆိုပြခဲ့တာကိုလည်းအမှတ်ရမိသည်။
ကိုင်း...*နေ့ သစ်ကျောင်းမှာပြုံးရင်ပြုံး..မပြုံးရင်ပြူးးကြပေတော့။
+++ဆရာမိုး---ရင်ဘတ်နှင့်ရေးဖွဲ့ သည်။+++
(ဆရာမဒေါါ်ဟယ်လင် နဲ့ ဆရာရဲတို့ ညှပ်နေတာဟာ
ကလေးတွေကိုဗဟုသုတအသစ်ရစေပါတယ်။
ချင်းပြည်နယ်ကလှေကားထစ်စိုက်ခင်းကိုကလေးတွေ
လက်တွေ့ မြင်ဘူးသွားတာပေါ့လေ)

No comments:
Post a Comment