ယခုနှစ် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်က တော့ ပိတ်သိမ်းသွားပါပြီ။ ထိုသို့  ဈေးကွက်ပိတ်သိမ်း လိုက်ပြီးနောက် အပြောင်းအရွှေ့ ဈေးကွက်တွင် ဈေးအကြီး ဆုံးကစားသမား ၁၀ ဦးစာရင်း ထွက်ပေါ်ခဲ့ သည်။
အဆိုပါ ကစားသမား ၁၀ ဦးမှာ........
(၁)လူးဝစ်ဆွာရတ်ဇ်၊ (၂)ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ (၃)ဒီမာရီယာ၊ (၄)ဒေးဗစ်လူးဝစ်ဇ်၊ (၅)မန်ဂါလာ၊ (၆)ဒီယေဂိုကော်စတာ၊ (၇)အလက်ဇစ်ဆန်းချက်ဇ်၊ (၈)လုခ်ရှော၊ (၉)ဟာရဲရားနှင့် 
(၁၀)ဖာဘရီဂတ်စ်တို့  ဖြစ် သည်။
ဆွာရတ်ဇ်သည် ပြောင်းရွှေ့ကြေး ယူရို၈၈ သန်းဖြင့်  လီဗာပူးအသင်းမှ ဘာစီလိုနာအသင်းသို့  ပြောင်းရွှေ့ သွား ခဲ့ခြင်းဖြစ်ပြီး ရိုဒရီဂွက်ဇ်မှာမူ ယူရို သန်း ၈၀ ဖြင့်  မိုနာကို အသင်းမှ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ သွားခြင်းဖြစ် သည်။ ဒီမာရီယာသည် ယူရို ၇၅ သန်းဖြင့်  ရီးယဲလ်မက်ဒရစ်မှ မန်ယူသို့  ပြောင်းလာခဲ့ ခြင်းဖြစ်ပြီး ဒေးဗစ်လုဇ်မှာ ယူရို ၄၉ ဒသမ ၅ သန်းဖြင့် ချယ်လ်ဆီးမှ ပီအက်စ်ဂျီသို့  ပြောင်းရွှေ့  ခဲ့ခြင်းဖြစ်သည်။ မန်ဂါလာမှာ ယူရို ၄၄ ဒသမ ၅ သန်းဖြင့်  ပေါ်တို အသင်းမှ မန်စီးတီးသို့  ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်ပြီး ဒီယေဂို ကော်စတာမှာ ယူရို ၄၄ သန်းဖြင့်  အက်သလက်တီကိုမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ ခဲ့ သူဖြစ်သည်။ ဆန်းချက်ဇ်မှာ ယူရို သန်း ၄၀ ဖြင့်  ဘာစီလိုနာမှ အာဆင်နယ်သို့  ပြောင်းရွှေ့  ခဲ့သူဖြစ်သည်။ လုခ်ရှောမှာ ယူရို ၃၇ ဒသမ ၈ သန်းဖြင့်  ဆောက်သမ် တန်မှ မန်ယူသို့  ပြောင်းရွှေ့ ခဲ့ ခြင်းဖြစ်ပြီး ဟာရဲရားမှာ ယူရို ၃၆ ဒသမ ၅ သန်းဖြင့်  ဘီဘာအိုမှ မန်ယူသို့  ပြောင်းရွှေ့  ခဲ့ခြင်းဖြစ်သည်။ ဖာဘရီဂတ်စ်မှာမူ ယူရို ၃၆ သန်းဖြင့်  ဘာစီလိုနာမှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ လာခဲ့ ခြင်း ဖြစ်သည်။
+နိုင်လင်းကြည်+

No comments:
Post a Comment