>
အခန်းကမှောင်လိုက်တာ။ အလင်းကမှုန်ဝါးဝါး။ ညလား မနက်လား မကွဲပြား။ ဇရာရဲ့ နှိပ်စက်မှုကြောင့် အကြည်ဓာတ် က ခမ်းပြီး။ လက်တစ်လှမ်းက ကိုယ်လိုချင်တဲ့ ပစ္စည်းယူဖို့အရေး ရွှေ့ရသည့် ဤခန္ဓာသည် လေးလံလွန်းနေသည်။ မှီလုပြီး ရတော့မယ် ရတော့မယ် ကြိုးစားပြီး လက်ကိုဆန့် ခန္ဓာကိုယ်ထဲ ရှိသမျှအားတွေစုပြီ လိုချင်သည့်အရာကို လက် ကအလှမ်း..
“၀ုန်း ..”
အမယ်လေး.. ကယ်တော်မူပါ ဘုရား။ ကုတင်ပေါ်မှ ပြုတ်ကျသည့် အရှိန်ကြောင့် အရိုးတွေ ကြေကုန်သည့်အလား နာလိုက်တာ နာလိုက်တာ. အသံကမထွက်နိုင် လည်ချောင်းဝမှာ တစ်စို့စို့ ။ နာလွန်းသည့် အရှိန်ကြောင့် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ဘုရား သာတနေတာ နာတာကို နာတယ်လို့မှတ်လို့မရ။ အို တာကို အိုတယ် လို့ မှတ်လို့မရ။ ငါ့နော်.... တောက်.. ငယ်တုန်းကစိတ်နဲ့သာဆို.ရင်လေ ..ဟင်း..ဟင်း စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ကြိမ်မောင်း အားမလို အားမရဖြစ်..
“ကျွီ”
ဟော.. နားစွင့်လိုက်သည်။ တံခါးဖွင့်သံ နှင့်အတူ အကြင်နာကင်းမဲ့တဲ့အသံ ။
“အာ.. ဒေါ်လေးတို့ကလည်း ပစ္စည်းလိုချင် ဘေးနားက ဘဲလ်နှိပ်လိုက်ပြီးရော။ လာမှာပေါ့။ တစ်ကယ်ပဲ အလုပ်က များရတဲ့ ကြားထဲ ဒီဂီလာန က တစ်မျိုး. ပင်ပန်းတယ် ”
နာနေရတဲ့ ကြားထဲ တူမ မိသီပြောသံကြားတော့ ရီချင်ထာအေလို့ပဲ ဒက် ကနဲ ပြန်ပြောလိုက်ချင်တာ။ ကျုပ်အတွက် ငှားထားတဲ့ နပ်စ် ကို ညည်းပဲ ပိုက်ဆံ ကုန်တယ်ဆိုပြီး မခေါ်တော့တာလေ။ ရှင်းရှင်းပြောရရင် ညည်းခုနေတာ ငါ့အိမ်။ ညည်းခုသုံးနေတာ ငါ့ပစ္စည်း။ ငါ့ငွေ ငါ့စီး ပွားရေး။ ကျုပ်ပိုက်ဆံနဲ့ကျုပ် ကိုယ့်ကိုပြုစုမယ့် နပ်စ်ခေါ်တာကို ကြားထဲက ညည်းက ကပ်စေးနဲပြီ မခေါ်တော့ ခံပေါ့ ပင်ပန်းပေါ့. စိတ်ထဲကပြောချင်တာက အဲဒီလို .. လည်ချောင်းဝက တစ်ကယ်ထွက်လာတဲ့ အသံက
“အား ကျွတ် ကျွတ်..နာတယ် နာတယ်..”
သူမရဲ့ပိန်လှီနေတဲ့ ခန္ဓာကိုယ်ကို ၀ဖိုင့်တဲ့ မိသီမ စွေ့ကနဲ ပွေ့ပြီး ခပ်ပါးပါး အိပ်ယာပေါ် အညှာအတာမဲ့စွာဖြင့် ပြန် တင်ပေးလိုက်သည်။
“နာရင်လည်း အောင့်ခံ ဒေါ်လေးရေ။ မတတ်နိုင်ဘူး။ ထမင်းစားချိန်ကြ ကောင်မလေး ထမင်းလာပို့ပြီး ကျွေးခိုင်းလိုက်မယ်။ ငြိမ်ငြိမ်နေစမ်းပါ။ အလုပ်တွေ များနေရတဲ့ အထဲ .. စိတ်တွေလဲ ညစ်ပါတယ် ”
“၀ုန်း”
အခန်းတံခါးကို ၀ုန်း ကနဲဆောင့်ပိတ်လိုက်သည့်အသံ ။ အခန်းက ခုနကလိုပဲ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ခုနက ပြုတ်ကျ ထားသည့် အရှိန်ကြောင့် အသားတွေ နာပြီး ကြိမ်းနေသည့် ဒဏ်ကို ကြိတ်မှိတ်ခံစားရင်း မျက်ဝန်းမှ မျက်ရည်တို့က စီးကျလာပြန်သည်။ အော်.. ငါ့ရဲ့ နေ၀င်ချိန်က ဒီလိုတဲ့လား. အတွေးတို့က အတိတ်ကို ပြန်ဝဲ ရောက်ရှိသွားသည်.။
“တောက်!” အသံခပ်ပြင်းပြင်းနဲ့အတူ ပန်းကန်ကွဲသံတွေ ဆူညံသွားသည်။
မိသန်းတစ်ယောက် နေစရာမရှိဘူး။ ကြောက်ကြောက်နဲ့ ကျကွဲနေသည့် ပန်းကန်တွေကို ကောက်သိမ်း။ မမလေးသိမ့် မျက်နှာကို မောမ ကြည့်ရဲဘူး။ မိသန်း ခေါင်းပေါ်ကို ရေတွေလောင်းချတာ ခံလိုက်ရသည်။ မျက်နှာပေါ်စီးကျလာသည့် ရေတွေကို မသုတ် အားဘူး။ ဒီအလုပ်လေးမြဲမှ သမီးလေးကို ကျောင်းထားဖို့ အဆင်ပြေမှာ။ တောင့်ထား တောင့်ထား ကိုယ့်ဘာသာကိုယ် အားပေး အားတင်း ပန်းကန်ကွဲတွေ ဆက်သိမ်း။ ခေါင်းငုံ့ ထားပေမယ့် မျက်ဝန်းမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်။
မာန်ပါပါ မာနသံခပ်မြင့်မြင့် ငါ ဆိုသည့် အတ္တတို့ဖြင့် ရုန်းကြွလာသည့် အသံ ခပ်စူးစူး က မိသန်းနားထဲ ဟိန်းနေသည်။
“မှတ်ထား နောက်ဆို ငါထမင်းစားတဲ့ ပန်းကန်ဘယ်ဟာဆိုတာ ကွဲကွဲပြားပြားမသိပဲ နေအုန်း။ နင်နော် နင် ပြုတ်စော်နံနေပြီ မိသန်း။ နောက်တစ်ခါဆို နင့်ကို ၃ လစာပေးပြီး ကန်အထုတ်ပဲ. ”
“ကျွီ” အခန်းတံခါးဖွင့်သည့် အသံကြောင့် မျက်ဝန်းအကြည့်ကို အခန်းတံခါးဝဆီပို့လိုက်သည်။
“ကြီးကြီး ထမင်းစားမယ်”
အိမ်အကူကောင်မလေး ထမင်းလာပို့ပေးတာကိုး ။ ထမင်းထည့်ထားသည့် ပန်းကန်က စတီးပန်းကန် ပြောင်လက်နေသော် လည်း ပိန်ချိုင့် လို့။ စိတ်အခပ်မသင့်တိုင်း ထမင်းထည့်သည့် ကြွေပန်း ကန်တွေ ဆွဲယူပြီး လွှတ်ပစ်တတ်သည့် သူမ၏ အကျင့်ကြောင့် လွှတ်ပစ်သော်လည်း မကွဲသည့် စတီးပန်းကန်နှင့်သာ လာကျွေးသည်။ ပဲဟင်းရည် ချိုခပ်ကျဲကျဲ ဆမ်းထားသေးသည်။ ပြီးတော့ ဖြူဖတ်ဖြူရော ကြက်သားပြုတ်။ ဒါသည်ပင် နေ့တိုင်းမရိုးသည့် သူမ၏ နေ့လည်စာ။ သြော် ခုတော့ ငါ့ပန်းကန်နဲ့ငါဆိုတာ သီးသီးသန့်သန့်ကိုဖြစ်လို့ ဟုပင် စိတ်ထဲကပင် တွေးမိပြန်သည်။
ပါးစပ်ထဲက ထမင်းကဖြင့် မကုန်သေး စိတ်လောကြီးစွာ ကောင်မလေးရဲ့ ထမင်းထည့်ထားသည့် ဇွန်းက သူမနှုတ်ခမ်းနားဝဲနေပြန်သည်။ ဟဲ့ သွားတွေမကောင်းတော့ဘူးလေ။ ငါ ဒီလောက်မြန်မြန် ဘယ်ဝါးနိုင်မတုန်း။ အဲဒီလို ပြောချင်တာ။ လည်ချောင်းဝက အသံကမ ထွက်နိုင်ဘူး။ ကောင်မလေးထိုးထိုးထည့်နေသည့် ထမင်းကို အလျင်မီအောင် မနည်းလိုက်ဝါးနေရသည်။
“ကြီးကြီး မြန်မြန်စား ပြီးရင် ကလေးတွေကို ကျောင်းသွားကြိုရမယ်။ ကြာနေရင် မမသီက အော်မှာ”
အသက်မသေရုံတစ်မယ် ထမင်းတနပ်စားရဖို့အရေး တတ်နိုင်သလောက်ဝါး အဲဒီလိုမှ မဟုတ်ရင် ကောင်မလေးက ထမင်း မကုန်သေးဘူး သိမ်းသွားရော။ ညကျ ဗိုက်ဆာလို့ ဘဲနှိပ်လဲ ဘယ်သူမှ သူမအခန်းထဲ ရောက်မလာကြ။ ဆီးသွားဝမ်းသွား ဒီအိပ်ယာပေါ်။အစကတော့ ရွံလို့ ဘဲလ်ကိုနာနာနိပ် ဘယ်လိုပင် နှိပ်သော်လည်း အခန်းတံခါးက ပွင့် မလာ။ ခံစားရတဲ့ ဝေဒနာက ပွင့်ထွက်သွားတော့မတတ်။ နောက်ဆုံး စိတ်က ဘယ်လိုပင်ထိန်းပါသော်လည်း ခန္ဓာက မထိန်းနိုင်တော့ပေ။ စစချင်းပထမတစ်ခေါက်ကဆိုရင် ငိုကလည်း ငို ရွံလွန်းလို့ အော့အန်။ ဝေဒနာက ခံစားရ။
အခန်းထဲက အနံ့တွေက ဆိုးဆိုးရွားရွာ။ ခုဆို မွေ့ယာပေါ် တစ်ခါသုံး ပလတ်စတစ် ခုံခင်းတစ်ခု ခင်းပေးထားသည်။ ပြီးရင် အဲဒါကြီး လာလဲပေး။ အိပ်ယာခင်းတွေ ညစ်ပတ်လို့တဲ့။ သြော် ကိုယ့်ပစ္စည်းနဲ့ ကိုယ်တောင် ပလတ် စတစ်ပေါ် အိပ်ရသည့်ဘ၀။ တစ်နေ့ တစ်နေ့ ဒီလို မလှုပ်နိုင် မရှားနိုင်သည့်ဘ၀နှင့် ၀မ်းနည်း အလိုမကျတဲ့ စိတ်။ ဒေါသတွေထွက်။ ဒီဘ၀ ကလွတ်ချင်ပါသော်လည်း ငါ့ပိုင်တဲ့ ပစ္စည်း ဥစ္စာတို့ကို စိတ်ကမချ။ ဒီလိုရလာဖို့ ငါဘယ်လောက်ရှာခဲ့ရလဲ။ ငါ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ လွယ်လွယ်နဲ့တော့ မစွန့်လွတ်နိုင်ဘူး။
“၀ုန်း”
အခန်းတံခါး ပိတ်သည့် အသံ . ဟင်.. ငါ ထမင်း မ၀သေးဘူးလေ။ ဟဲ့.. အသံမထွက်နိုင် လက်ကိုဆန့်တန်းပြီး ခေါ်ပါသော်လည်း ကျောခိုင်းထွက်သွားသည့် ကောင်မလေးကဖြင့် ပန်းကန်တွေ သိမ်းလို့ အခန်းထဲက ထွက်သွားချေ ပြီ။အခန်းသည် ခုနကလို မည်းမည်းမှောင်မှောင် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ရေလေး သောက်ချင်လိုက်တာ။ သြော်…. ခုတော့လည်း ငါပိုင်သည့်ပစ္စည်း ငါ့ ခန္ဓာက မလှုပ်နိုင်သည့်အခါ မည်မျှလောက်ရုန်းကန်ခဲ့ပါသော်လည်း ရေလေးတစ်ပေါက်တောင် မ၀သည့် သည်ဘ၀ ထမင်းလေးတစ်နပ်တောင် အေးအေးချမ်းချမ်း အရသာရှိရှိ မစားနိုင်သည့် သည်ဘ၀။ ထိုက်သူမှ စားရလေသည်ဟု ဆိုလေမည်လား။ ငါရှာသည့်ပစ္စည်း ငါနဲ့မထိုက်တန်ရင် ဘယ်သူနဲ့ထိုက်တန်လဲ။ ခန္ဓာသည် ဒေါသမီးနှင့် လှောင်မြိုက်လေပြန်သည် တစ်ခါ။
“မရဘူး။ အဲဒီဆိုင်က ဖာလူဒါမှ သောက်ချင်တာ။ ဟုတ်တယ်.. ခုဝယ်ပြီးလာပို့ ဒါပဲ”
သြော် ..အရင်တုန်းက ငယ်တုန်းရွယ်တုန်း မာနတွေရှိတုန်း ထင်တိုင်းကျဲခဲ့တဲ့ ကျုပ်။
“ငွေ ရှိဖို့ပဲ လိုတာပါ။ ငွေရှိရင် ဘာမဆိုင်ဖြစ်တယ်။ ကိုယ့်ဘေးမှာ ၀ိုင်းဝိုင်း လည်နေအောင် ခိုင်းလို့ရတယ် ”
အရင်မိုးကောင်းတုန်း ထန်ခဲ့သည့် မာန်တွေ ။ စကားတွေ။ ခုတော့ ငွေရှိနေတာတောင်မှ..၀မ်းနည်းစိတ်က ရှိုက်လို့ ရင်ဝကို လာဆောင့်ပြန်လေသည်။ “ကျွီ” အခန်းတံခါးဖွင့်သံ . ဘယ်သူပါလိမ့် ။ တစ်နေ့တစ်နေ့ သည်အခန်းတံခါးဖွင့်သံ ပိတ်သံသည်သာ သူမရဲ့ ကမ္ဘာ။ သည်အခန်းတံခါးရဲ့ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။ အခန်းထဲဝင်လာသူ ထွက်သွားသူတို့ကိုသာ စိတ်ဝင်စားသည်။ တစ်ခါတစ်ရံ တိတ်ဆိတ်မည်းမှောင်နေသည့် သည်အခန်းထဲကို ဘယ်သူများဝင်လာမလဲ မျှောင်လင့်ရသည်။ ဘယ်သူများ စကားလာပြောလေမလဲ တောင့်တမိသည်။
“မမသိမ့် ”
ခေါ်သံနှင့်အတူ အခန်းထဲဝင်လာသူက မိသန်း။ သူမ၏ မျက်ဝန်းတွင် ၀မ်းသာကြည်နူးရိပ်တို့ ရုတ်ခြည်း ဖြတ်ပြေးသွား သည်။ ဟုတ်တယ်လေ သူမကို စိတ်ရှည်လက်ရှည်ရေချိုးပေး။ မှောင်နေတဲ့ အခန်းထဲ ကို အလင်းဝင်လာအောင် အခန်းတံခါးတွေ ဖွင့်။ ပြီးရင် အခန်းကို သန့်ရှင်းရေးလုပ်ပေးမည်။ သူမကို အားပေးစကားတွေပြောမည်။ ဒီနေ့ ည မိုးမချုပ်ပါစေနဲ့။ မိုးချုပ်လျှင်တော့ မိသန်း သူ့အိမ် သူပြန်လိမ့်မည်။ ပြီးလျှင် သုံး လေး လ ပျောက်ချင်ပျောက်သွား မည်။ ဒါမှမဟုတ် နောက်တစ်ခါဆိုသည်လည်း ထပ် ၍ မရှိနိုင်တော့ပေ။
“သက်သက်သာသာ နေနော်။ သမီးလေးက မုန့်တွေ ပေးလိုက်တယ်။ ကြီးကြီး သိမ့် အတွက်ဆိုပြီးတော့ နောင်နှစ်တော့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရမယ်လို့ ပြောလိုက်တယ်။ နောက်တစ်ပတ်ကို လာကြည့်မယ်တဲ့။ ”
တစ်ကယ်တော့ မိသန်းသမီးလေးကို ပညာသင်စားရိတ် ထုတ်ပေးခဲ့ချင်းမှာ စေတနာရှိလွန်းလို့ မဟုတ်။ မမသိမ့်က သဘောကောင်းသည် စိတ်ထားဖြူစင်သည် ဆိုသည့် ဂုဏ်ကို လိုချင်လို့သာဖြစ်သည်။ မိသန်းသမီးလေး က လိမ္မာရေးခြားလဲ ရှိပြီး စာလဲတော်သည်။ အစထဲက ကိုယ်ရည်ကိုယ်သွေး ရှိသော ကလေးကို ပံ့ပိုးပေးလိုက်ချင်း အားဖြင့် သူမ ဂုဏ်တက်ခဲ့ဘူးသည်။ ခုတော့ ကလေးမသည် ဆရာဝန် ဖြစ်နေလေပြီ။ တော်ရှာပါသည် ကျေးဇူးရှင်ဟူသော အသိဖြင့် မကြာခဏလာကြည့်ကြသလို တူမတော် အငတ်ထား သမျှ မိသန်းလာလျှင် သူမစားရသည်။
ဒါတောင် ညဘက် တူမတော်က အခန်းထဲရောက်လာလျှင် စားလက်စမုန့်တွေကို မတည့်ဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ယူပြီး သိမ်းသွားတတ်သည်။ မျက်ဝန်းတွင် မျက်ရည်တို့ ရစ်သိုင်းလာပြန်သည်။
“အိုး မမသိမ့် မငိုပါနဲ့. မိသန်းတို့ မကြာ မကြာ လာပါ့မယ်။ အားတင်းထားနော် ”
မျက်ရည်တို့ကြားမှ အားတင်းပြီး ခေါင်းညိမ့်ပြမိပြန်သည်။ အားနာလိုက်တာ မိသန်းရယ်လို့ စိတ်ထဲက ညည်းမိသည်။ ကိုယ်မစွမ်းသည့်အချိန်မှ ကိုယ့်လူဆိုတာသိရသည့်အဖြစ်မဟုတ်ပေလော။ အရင်ကဆိုရင် တူမ မိသီတို့များ ဒေါ်လေးရဲ့ လက် ဓါးရှလို့ဆိုသည်နှင့် ရင်ဘတ်စည်စီးပြီး ငိုကြီးချက်မ ကိုယ့်အနားရောက်လာတတ်သည့် သူတွေ။ သြော်… ခုများတော့ .. အတွေးနှင့်အတူ သူမ၏ ရင်ဘတ်ကြီးမို့မောက်လို့ ဟင်း ကနဲ သက်ပြင်းချသံကြီး ထွက် လာပြန်သည်။
“မမသိမ့် အများကြီးမတွေးနဲ့ တရားလေးဘာလေးနာပါလား မိသန်း ဖွင့်ပေးမယ်”
သူမ အသာအယာ ခေါင်းညိမ့်ပြလိုက်သည်။ သူမ၏ အခန်းထဲတွင် တရားသံတို့ဖြင့် လွင့်ပျံလို့ အေးချမ်းသွားပြန်သည်။ တစ်ဒင်္ဂပါလေ။ မိသန်းပြန်သွားလျှင် သူမ၏ အခန်းသည် ဒေါသ မောဟ မာန်မာန တို့ဖြင့် ပြန်လည် ထုံမွန်းသွားမည်။ သူမသည် မကြာခင် မီးစာကုန် ဆီခမ်းပေတော့မည်။ တစ်သက်တာလုံး ဘ၀တွင် မာန် မာန အတ္တတို့ဖြင့် တည် ဆောက်ခဲ့သမျှ သူမ၏ နှလုံးအိမ်ဝယ် မာန် မာန အတ္တ တို့သည် နေရာ အခိုင်အခန့် ရှိနေလေပြီ။ ထို့ကြောင့် တစ်ခဏမျှ လာသော တရားဟူသည့်ဧည့်သည် သည် သူမ၏ စိတ်နှလုံးဝယ် အပြည့်အ၀ နေရာယူနိုင်ပါမည်လော။
တွေးစရာပင်။ မည်သို့ပင်ဆိုစေကာမူ မိသန်းပြန်သွားသည့်အခါ သည်အခန်းလေးထဲ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ပေမည်။ နောက်တစ်ကြိမ် အခန်းတံခါးဖွင့်သံကို သူမနားစွင့်နေရမည်။ မျှော်လင့်နေရမည်။ သည်အခန်းသည် မှောင်နေသည် သို့သော်လည်း နေ့လားညလား မကွဲပြားသော သူမအတွက် အလင်းအမှောင် သည် အဓိက မကျ။ တံခါးဖွင့်လိုက်သည့် ကျွီ ဆိုသည့်အသံ ၀ုန်း ကနဲ ပြန်ပိတ်သွားသည့် တံခါး၏ အသံသည်သာ သူမ အတွက် ကမ္ဘာတစ်ခုဖြစ်နေလေ တော့သည်။
------
သူကြီးမင်းမှ အစပြုလို့ အစ်မသက်ဝေရဲ့ အမှတ်တရ tag ဂျက် ရဲ့ သတိတရလေးတွေကြောင့် BPP Challenge လေးအတွက် ရေးပြီးပါပြီ လို့ ။
သရုပ်ဖော် ပုံလေးကိုတော့ ထုံးစံအတိုင်း google ကနေ ရှာဖွေအသုံးပြုထားပါတယ်။
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
+ဆွေလေးမွန်+

Tuesday, September 9, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment