ခံစားဖွဲ့တည်မှုတွေအပြည့်နဲ့ ဆွဲဆန့်ပစ်လိုက်လို့ရတယ်...အဲဒါကိုကိုယုံလား...။
ကျွန်မသိပါတယ် ကိုကိုမဲ့ပြုံး ပြုံးနေမှာပါ...။ ကိုကိုဘယ်လောက်ပဲ အမှားတွေအများကြီးလုပ်ခဲ့လုပ်ခဲ့ ကိုကို့ဆီမှာ အမှန်တရား တစ်ခုတော့ရှိမှာပဲ ..။ အဲဒီအမှန်တရားထဲမှာ ကျွန်မပါဝင်ခွင့်ရချင်ပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတော့ကျေနပ်တယ် ကျွန်မဟာ ကိုကို့ဘ၀မှာ ကိုကိုချစ်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့ရလို့လေ...။ မိန်းမတွေက ယုံလွယ်လိုက်တာ.. နဲနဲကလေးလှည့်လိုက်တာနဲ့ ပါလာတာပဲလို့ ကိုကို လှောင်ချင်လဲလှောင်ပါ...။ ကိုကို ကျွန်မကိုတကယ်ချစ်တယ်ဆိုတာကို ယုံတယ်.. ပြီးတော့လှည့်ဖျားမှုကြောင့်မဟုတ်ဘူးဆိုတာကိုလည်း ကျွန်မသံသယကင်းတယ်...။ ကိုကိုက ကျွန်မနဲ့မွေးဂဏန်းတူတယ် ရာသီခွင်တူတယ်ဆိုတာနဲ့ပဲ ကျွန်မစိတ်ထဲဖြစ်ချင်တာအားလုံး ကိုကိုနဲ့တစ်ထပ်ထဲတူရမယ်လို့ တရားသေသတ်မှတ်ထားတာပဲ...။ ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းတဲ့..။ ကျွန်မ ကိုကို့လုပ်ရပ်တွေကို နာကောင်းနာခဲ့လိမ့်မယ် ဒါပေမယ့် ကျွန်မ ကိုကို့အပေါ်စိတ်ယုတ်မာမှု မထားခဲ့ဖူးဘူး...။ ကိုကို ဒီလိုဘ၀ဖြစ်ပါစေတော့လို့ ရည်ရွယ်ပြီးတော့လည်း ဘာမှကြိုတင်ကြံစည်ခဲ့တာမျိုး မရှိခဲ့ဘူး...။ ကိုကို ပြောခဲ့သလိုပဲ ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပြန်ခံရမှာပဲဆို... ခုလည်း ကိုကို့လုပ်ရပ်အတွက် ကိုကိုပြန်ခံရတာပဲလေ...အဲလိုရော မတွေးမိဘူးမဟုတ်လား...။ စိတ်ထဲနာကျင်ခံစားရတိုင်း ကိုကို ကျွန်မကို သတိရပါစေ ဆိုတဲ့ ရည်ရွယ်ချက်လည်း ကျွန်မမှာမရှိခဲ့ပါဘူး..။ ဒါပေမယ့် ကိုကိုကတော့ အဆင်မပြေမှုတွေရှိတိုင်းကျွန်မကို စိတ်နာတယ်တဲ့....။ ကျွန်မကို ချစ်မြတ်နိုးခြင်းများစွာနဲ့ သတိတရမရှိပေးနိုင်ပေမယ့် စိတ်အနာတရဖြစ်တိုင်း သတိရပေးတာကိုပဲ ကျွန်မကျေနပ်ရတော့မှာပေါ့...။ ကျွန်မရဲ့လုပ်ရပ်က အဲဒီလိုဖြစ်သွားခဲ့တာကိုး...။ ကျွန်မအတွက် ကိုကိုမျက်ရည်ကျရတယ်...ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရခဲ့တယ်...။ ကျွန်မကရော ကျွန်မလည်း ကိုကို့လိုပဲထပ်တူခံစားခဲ့ရပါတယ်လို့ပြောရင် ကိုကိုယုံမလား....။ ကိုကိုက ကျွန်မကိုမြင်တိုင်း ကျွန်မအသံကိုကြားတိုင်း အမြဲလန်းဆန်းနေတဲ့သူလို့ထင်တာကိုး...။ ကျွန်မဟာ သမာရိုးကျအားဖြင့်တော့ ခံစားမှုတစ်ခုခုဖြစ်ကိုဖြစ်ရမယ်တဲ့...။ ဥပမာ ကိုကိုနဲ့လမ်းခွဲလိုက်ရလို့ ကျွန်မအသည်းကွဲဝေဒနာကို အနည်းနဲ့အများတော့ ခံစားရမယ်ပေါ့ အဲလိုလားကိုကို...။

ကျွန်မက မျက်နှာပေါ်မှာခံစားမှုကို ပြသတတ်တဲ့သူမှမဟုတ်ဘဲ...။ အဲဒီနေ့က ကျွန်မ စိတ်တွေမွှန်ထူနေလို့ ကိုကို့မျက်ရည်တွေကို မမြင်လိုက်လို့ပါ...။ ကျွန်မကြောင့် ကိုကိုမျက်ရည်တကယ်ကျခဲ့တယ်ဆိုရင် ကျွန်မကိုယ်တိုင်လက်နဲ့ ကိုကို့မျက်ရည်တွေကို သုတ်ပေးခဲ့မှာပေါ့..။ ကိုကိုယုံလား..???
+မိုးငွေ့+ ကျွန်မအတွက်တော့ ကိုကိုပို့လိုက်တဲ့ စာတစ်လုံး ဖြစ်ဖြစ် တစ်ကြောင်းဖြစ်ဖြစ်

+မိုးငွေ့+

No comments:
Post a Comment