ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 12, 2014

==ချန်ပီယံလိဂ်အုပ်စုများကိုလေ့လာသုံးသပ်ကြည့်ခြင်း==

>
(ယမန်နေ့မှ အဆက်)

ပရီမီယာလိဂ်ကလပ် အာဆင်နယ်၊ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်း၊ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျနှင့် တူရကီကလပ် ဂါလာတာစာရေး တို့သည် အုပ်စု(D) တွင် အတူကျရောက်နေသည်။ ခြေစွမ်းပိုင်းတစ်သင်း နှင့် တစ်သင်း ကွာဟချက်မရှိသလောက်ဖြစ်နေရာ နောက်တစ်ဆင့်တက်မည့် အသင်း ဘယ်အသင်းဖြစ်မလဲဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်နေသည်။ ပြီးခဲ့သည့် ရာသီက အာဆင်နယ်၊ ဒေါ့မွန်နှင့် ဂါလာတာစာရေးတို့သည် ၁၆ သင်း ရှုံး/ထွက်အဆင့် တက်ရောက်ကစားခွင့်ရခဲ့ကြသော်လည်း ယခုနှစ် မှာတော့ သုံးသင်းစလုံး တက်ရောက်နိုင်တော့မည်မဟုတ်၊ သုံးသင်းထဲက နှစ်သင်း နောက်တစ်ဆင့်တက်နိုင်မလား၊ ဒါမှမဟုတ် သုံးသင်းထဲက တစ်သင်းနှင့် ဘယ်လ်ဂျီယံကလပ်တို့ဖြစ်မလား စိတ်ဝင်တစားစောင့်ကြည့်ရ မှာဖြစ်ပါတယ်။

အုပ်စု(E)သည် ယခုနှစ် အုပ်စုရှစ်ခုအနက် အကျပ်ဆုံးအုပ်စုဟု ပြော နိုင်သည်။ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ရိုးမားနှင့် ဃှုဗ မော်စကိုတို့လို ထိပ်တန်းအသင်းကြီးများထိပ်တိုက်တွေ့ဆုံနေ၍ အုပ်စုပွဲစဉ်တိုင်း ပြိုင်ဆိုင် မှု အပြင်းထန်ဆုံးဖြစ်မည်မှာ သေချာနေသည်။ မရဏအုပ်စုဟု သတ်မှတ်ခြင်း ခံထားရသည့် အုပ်စုတွင် ဘယ် အသင်းရှုံး/ထွက်အဆင့်ရောက်ရှိမလဲဆို သည်ကလည်း စိတ်ဝင်စားစရာပင်ဖြစ်နေသည်။ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးတို့သည် ပြီးခဲ့သည့်ရာသီက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ သော်လည်း ယခုရာသီ အကျပ်ဆုံးအုပ်စုတွင် ကျရောက်နေသဖြင့် ပွဲစဉ်တိုင်း ဂရုစိုက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ မန်စီးတီးသည် ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရရှိနိုင်ရေး အားထည့်ကစားမည်ဖြစ်၍ ဘိုင်ယန်မြူးနစ်နှင့်အတူ နောက်တစ်ဆင့်တက်ရောက်နိုင်မည်ဟု သုံးသပ်မိသည်။  

ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အေဂျက်စ်နှင့် နီကိုရှားတို့လေးသင်းသည် အုပ်စု(F)တွင် တစ်အုပ်စုတည်း ကျရောက်နေသည်။ ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲမှာ ခြေစွမ်းအကောင်းဆုံးပုံစံနီးနီးရရှိပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်နေ သည့် စပိန်ထိပ်တန်းကလပ် ဘာစီလိုနာတို့ လက်ရှိခြေစွမ်းကို ဆက်ထိန်း ထားနိုင်မည်ဆိုလျှင် အုပ်စုပထမနေရာကနေ ရှုံး/ထွက်အဆင့်ကို တက်လှမ်း နိုင်ပါလိမ့်မည်။ ပီအက်စ်ဂျီနှင့် အေဂျက်စ်တို့၏ အုပ်စုအဆင့်ကျော်လွန်ရေး အားပြိုင်မှုကလည်း ပြင်းထန်မှုရှိလာမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်း အသာ ရနိုင်မည့်အနေအထားရှိနေသည်ကိုတွေ့ရသည်။
အုပ်စု(G)တွင် ပရီမီယာလိဂ်ထိပ်တန်းအသင်း ချယ်လ်ဆီးသည် ဘွန်ဒက် လီဂါက ရှော်လ်ကေး၊ ပေါ်တူဂီကလပ် စပို့တင်းလစ်္စဘွန်းနှင့် ဆလိုဗေးနီးယား အသင်း မာရီဘောတို့နှင့်အတူ ပါဝင်နေသည်။ ချယ်လ်ဆီးသည် ပါဝင်ခွင့်ရသည့် အင်္ဂလန်ကလပ်လေးသင်းထဲတွင် ရှုံး/ထွက်အဆင့်ကို အစောဆုံးနှင့် အသေ ချာဆုံးတက်ရောက်မည့်အသင်းဖြစ်လာပေလိမ့်မည်။ ဘွန်ဒက်လီဂါကလပ် ရှော်လ်ကေးသည် လက်ရှိခြေစွမ်းအရ အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရန် အခက် တွေ့ပေလိမ့်မည်။ ပေါ်တူဂီကလပ်၏ ကစားအားကလည်း ကျဆင်းနေ၍ ရှော်လ်ကေးနှင့် စပို့တင်းလစ်စဘွန်းတို့၏ ဒုတိယနေရာလုပွဲစဉ်များမှာ စောင့်ကြည့်ရမည့်ပွဲများဖြစ်လာနိုင်ပါသည်။ 

အုပ်စု(H)တွင် ပေါ်တို၊ ရှက်တာဒိုးနက်၊ ဘီဘာအိုနှင့် ဘာတီတို့ ပါဝင်သည်။ ထိပ်တန်းအသင်းကြီးများဟု သတ်မှတ်ထားသည့် အသင်းများ မပါဝင်ဘဲ အလယ်အလတ်အဆင့်သာ အမြင့်ဆုံးဟုပြောနိုင်သည့် အသင်း များ ထိပ်တိုက်တွေ့ဆုံနေသလို ပြီးခဲ့သည့် ရာသီက ရှုံး/ထွက် ၁၆ သင်း အဆင့် တက်ခဲ့သည့် အသင်းစာရင်းတွင် တစ်သင်းမျှ မပါဝင်ခဲ့ပေ။ ပေါ်တို နှင့် ဘီဘာအိုတို့ ရှုံး/ထွက်အဆင့်တက်ရောက်နိုင်ပြီး ရှက်တာဒိုးနက်မှာ ပေါ်တို၊ ဘီဘာအိုတို့အမှားကို အကောင်းဆုံးအသုံးချကစားမည့်အသင်း ဖြစ်နေ၍ အုပ်စုအဆင့်ထက် ကျော်လွန်တက်ရောက်နိုင်သည့် အသင်း စာရင်းတွင် ထည့်သွင်းထားရပေဦးမည်ဖြစ်သည်။ 

+၀င်းထွဋ်ဦး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)