***ယာယီ ပတ်စပို့  အတု လက်ဝယ် ကိုင်ဆောင်သူ တဦးအား ထိုင်း လ၀က ရဲ ဖမ်းဆီး ၊ ဗိုလ်ကြီး မိုးအောင်ခိုင် ၊ ဦးမိုး ကြိုး ၊ ဥိီးစိုးဝင်း တို့  ကွင်းဆင်း စစ်ဆေး**
(မဲဆောက်မြို
့ရဲအချုပ်ခန်းကြီးထဲမှာယာယီပတ်စ်ပို
့အတု
လက်ဝယ်ကိုင်ဆောင်မှုနဲ့ ရောက်ရှိနေသူအောင်ကိုဦး
အားကွင်းဆင်းစစ်ဆေးသောဗိုလ်ကြီးမိုးအောင်ခိုင်--ဦးမိုးကြိုး
ဦးစိုးဝင်းတို့ နှင့်လ၀ကရဲဗိုလ်မှူးးဗီသီချိုင်း၊ရဲအရာခံဗိုလ်ဆရစ်ချိုင်း
တို့ အမှတ်တရ)
15Oct,2014

(အောက်တိုဘာလ ၁၅ ရက် ၊၂၀၁၄ ။ သောင်ရင်းနဂါး) +
ယာယီ ပတ်စပို့  အတု လက်ဝယ် ကိုင်ဆောင်သူ အောင်ကိုဦး အား ယနေ့  မနက် ၈ နာရီ ခန့် က ထိုင်း မြန်မာချစ်ကြည်ရေးတံတားကြီး အနီးရှိ တာခ့် ခရိုင် (ပြည်နယ်) လ၀က ရုံးတွင် ရက်၉၀ တံဆိပ်တုံး ထုရာတွင်ဖမ်းဆီးမိကြောင်း သိရသည်။ ဤကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိမ်းနိုင် မှအမှုကိုလက်ခံပြီး ၄င်း၏ကိုယ်စား ကိုယ်စားလှယ်များအဖြစ် ဗိုလ်ကြီး မိုးအောင်ခိုင် ၊ ဦးမိုး ကြိုး ၊ ဥိီးစိုးဝင်း တိုအား စေလွှတ်ကာထိုင်းလ၀က ရဲအရာရှိများ ၊ မဲဆောက်မြို့ နယ် ရဲစခန်း အရာရှိများ ထံ ကွင်းဆင်း ဆောင်ရွက်စေခြင်းဖြစ်သည်။ကွင်းဆင်းစစ်ဆေးချက်အရ အမည်ရင်း …အောင်ကိုဦး အသက်၂၆ နှစ်သည် မွန်ပြည်နယ် ပေါင်မြို့ နယ် ၊ မုတ္တမ မြို့ တွင်နေထိုင်သူ ဖြစ်ကြောင်း ၊အဖအမည် … ဦးသန်းအေး ဖြစ်ပြီး ဤ ယာယီ ပတ်စပို့ စာအုပ် (ခရမ်းရောင်) ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် မြ၀တီမြို့ နယ် ၊တနေရာတွင် အမည်မသိ လူတဦးထံမှ ထိုင်းနိုင်ငံသုံးငွေ ၁၂၀၀၀ ဘတ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး သူဘာမှ မသိဟု အောင်ကိုဦးမှ ထွက်ဆိုပါသည်။ ထိုင်းလ၀က ရဲ ဗိုလ်မှူး ဖွန်စခွန်သန၀မ် နှင့် လ၀က ရဲ ဗိုလ်ကြီး ၀ိနိချိုင်းတို့ ကရှေ့ ပြေးကွင်းဆင်းစစ်ဆေးရေး ကိုယ်စားလှယ်အဖွဲ့ အား အောင်ကိုဦးနှင့်ပတ်သက်၍ ရှင်းပြသည်မှာ “အောင်ကိုဦးသည်ယာယီပတ်စပို့ အတုလက်ဝယ်ကိုင်ဆောင်မှုဖြင့်ပြစ်မှု ထင်ရှားနေကြောင်း၊သို့ ဖြစ်၍ ထိုင်းလ၀က ဥပဒေ BE 2522 အရ ထောင်ဒဏ် ၈ လမှ ၁ နှစ် အပြစ်ပေးနိုင်ကြောင်း။ဤသို့ ထိုင်းလ၀က ဥပဒေအရ အရေးယူနေချိန်တွင်မြန်မာနိုင်ငံဘက်မှလည်း ယာယီပတ်စပို့ အတုပြုလုပ်သည့် ဂိုဏ်းကိုဖမ်းဆီးစေလိုကြောင်း ၊ နောက်နောင် တွင်လည်း အလားတူ အမှု ရှိပါက ယခုလာရောက်၍ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”ရှင်းပြပါသည်။
ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဗိုလ်ကြီးမိုးအောင်ခိုင် ကလည်း**ထိုင်းဥပဒေအရ အပြစ်ရှိလို့ အရေးယူပြီးတဲ့အခါကျနော်တို့ ဆီလွဲပြောင်းပေးပါ။ဒီတစ်ယောက်အတွက်ကြောင့် ကျန်တဲ့ခရမ်းရောင်ယာယီပတ်စ်ပို့ ကိုင်ဆောင်သူတိုင်းကိုထိုင်းရဲမျိုးစုံကတစ်မျိုးထင်ပြီးလျှောက် လုပ်ရင်မလိုလားအပ်တာတွေဖြစ်မှာစိုးလို့ ပါ။အခုသူနဲ့ပတ်သက်ပြီးသူကလူမှုရေးအကူအညီ လိုအပ်ရင်ဆက်သွယ်ခွင့်ပေးပါ။စာအုပ်အတုပြုလုပ်သူတွေကိုတော့ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်အရေးယူသွားမှာပါ**ဟုထိုင်းရဲအရာရှိတို့ အားပြောပြသည်။ ကိုယ်စားလှယ်အဖွဲ့ ဝင် ဦးမိုးကြိုး မှလည်း ကျူးလွန်သူ အဆင့် ရောက်ရှိနေသည် အောင်ကိုဦးအား ထိုင်းဥပဒေပါ အခွင့်အရေးများပေးရန် နှင့် အနည်းဆုံး ထမင်းမ၀ပါက ဆက်သွယ်ရန် ညှိုနှိုင်းပြောဆိုခဲ့ပါသည်။
+

No comments:
Post a Comment