ယူ ရို ပါလိ ဂ် အုပ် စုပွဲစဉ် ရဲ့ နောက် ဆုံးပွဲ စဉ် တွေကို ဒီ ဇင် ဘာ ၁၂ ရက် ညပိုင်းမှာ ဆက် လက် ကစားမှာဖြစ်ပါတယ်။ အုပ် စုနောက် ဆုံးပွဲ စဉ် ဖြစ် လို့ နောက် ဆုံး အဆုံးအဖြတ် ပွဲအဖြစ် အကြိ တ် အနယ် ကစားကြမယ့်  မြင် ကွ င်းကို ရှုစားကြရပါလိ မ့် မယ်။
**ဆီဗီလာနှင့်  ရီဂျက် ကာ**
ခရိုအေးရှားကလပ် ရီဂျီကာဟာ မျှော်လင့်ချက်ရှင်သန်အောင် ရေကုန် ရေခန်းကစားပါလိမ့် မယ်။ ဒါပေမယ့်  ခံစစ်စည်းရိုးကျိုးပေါက်လေ့ရှိတဲ့  ရီဂျီ ကာအတွက် ဆီဗီလာတိုက်စစ်မှူးး တွေ အခွင့် အရေးကောင်း ရသွား နိုင်ပါတယ်။ ဆီဗီလာရဲ့  နောက် တစ်ဆင့် တက်ရေးအတွက် ဒီပွဲမှာ အနိုင်ရလဒ်ကိုပဲ ဆောင်ကြဉ်းဖို့  ကြိုးစားမှာပါ။
**လိုင် လီနှင့်  ၀ုဖ် ဘတ် **
ပထမအကျော့မှာ တစ်ဂိုးစီ သရေပွဲဖြစ်ထားတာမို့  အခုပွဲမှာ နောက်တစ်ဆင့် တက်နိုင်ရေးအတွက် ၀ုဖ်ဘတ်တို့  စွမ်းဆောင်မှုကောင်း ကောင်းနဲ့ အားထုတ်ပါလိမ့် မယ်။
အုပ်စု (ံH )မှာ ၀ုဖ်ဘတ်တို့  ဂုဏ် သိက်္ခာရှိရှိ တက်ရောက်ဖို့ အတွက် ၀ုဖ်ဘတ်ဟာ ဖိဖိစီးစီးကစားမှာ ဖြစ်ပါ တယ်။
**အဲဗာတန် နှင့်  ခရက် စ် နို ဒါ **
ရုရှားကလပ် ခရက်စ်နိုဒါဟာ အဝေးကွင်းမှာ ရလဒ်ကောင်းဖို့ မလွယ် ပါဘူး။ အဲဗာတန်ဟာ နားလည်မှုရှိရှိ နဲ့ ကစားတတ်ပြီး အထူးသဖြင့် ယူရို ပါလိဂ်ပွဲတွေမှာ နိုင်ပွဲရအောင် ကြိုး စားနိုင်တာမို့  အဲဗာတန်တို့  ပြတ်သား တဲ့ ရလဒ်ကိုပုံဖော်ပြီး နောက်တစ်ဆင့်  တက်ပါလိမ့်် မယ်။
** ဖီအို ရင် တီးနားနှ င့် ဒိုင် နမို မီနက် စ် **
ဘီလာရုစ်ကလပ် ဒိုင်နမိုမင့် ခ်တို့  အုပ်စု (ုK) မှာ နောက်တစ်ဆင့် တက်ဖို့  မျှော်လင့် ချက်မဲ့ နေပြီဖြစ်တာမို့  ဖီအို ရင်တီးနားတို့  စိတ်ကြိုက်ကစားကွက် နဲ့  ဖိအားပေးတာကို ခံရပါလိမ့်မယ်။ ဖီအိုရင်တီးနားတို့ ကတော့ အုပ်စု ( K ) မှာ အုပ်စုထိပ်ဆုံးကနေပြီး နောက် တစ်ဆင့်တက်ရောက်ခဲ့ ပြီဖြစ်လို့  ဒီပွဲ ကိုသာသာယာယာနဲ့  ဖြတ်သန်းပါလိမ့် မယ်။
**စတူအာဘူခါရက် နှ င့် ဒိုင် နမိုကိ ဗ် **
အုပ်စု (J) မှာ ဒိုင်နမိုကိဗ်တို့  နောက်တစ်ဆင့်တက်ရေး သေချာနေ ပြီဖြစ်ပေမယ့် စတူအာဘူခါရက်တို့ ဒီပွဲမှာကြိုးစားနိုင်မှ မျှော်လင့်ချက် ရှင်သန်ပါလိမ့်မယ်။ ပထမအကျော့ မှာ ရှုံးထားတဲ့ အတွက် စတူအာဘူခါ ရက်တို့  ခြေကုန်ထုတ်မှရပါလိမ့်မယ်။ အနိုင်ရမှဖြစ်မယ့် စိတ်ဓာတ်ပိုင်ရှင် တွေဖြစ်တဲ့  အိမ်ရှင်ကိုပဲအားပေးရ မှာဖြစ်ပါတယ်။
**ပါတီဇန် နှ င့် ထရီပိုလစ်**
ဆားဘီးယားကလပ် ပါတီဇန်ဟာ ဂရိကလပ်ထရီပိုလစ်ကို အိမ်ကွင်းမှာ ဘယ်လိုဗျူဟာနဲ့  ကစားမလဲကြည့် ရမှာပါ။ ပထမအကျော့မှာ ထရီပိုလစ် ဟာ နှစ်ဂိုးပြတ် အနိုင်ရရှိထားတာမို့  အခုပွဲမှာလည်းပါတီဇန်တို့  ရုန်းကန် ရဦးမှာဖြစ်ပြီး အမြင့်ဆုံးသရေပွဲကို မျှော်လင့်ရမှာပါ။
**လီဂီ ယာဝါဆောနှင့် ထရက် ဇွန် စပေါ **
ပိုလန်ကလပ် လီဂီယာဝါဆောတို့  က အုပ်စု (L) မှာ နောက်တစ်ဆင့်တက် ရေး သေချာနေပြီဖြစ်လို့  တစ်မှတ်ရရင် နောက်တစ်ဆင့်တက်မယ့်  တူရကီ ကလပ်ထရက်ဇွန်စပေါကို တွဲခေါ်မ လားကြည့်ရမှာပါ။ ထရက်ဇွန်စပေါ ဟာ ကစားပုံကောင်းမွန်နေပြီး ရလဒ်လည်းကောင်းမွန်နေတာမို့  အခု ပွဲမှာဧည့်သည်တို့  အနိမ့်ဆုံးတစ်မှတ် ရဖို့  အားထုတ်ပါလိမ့်မယ်။
+မိုးမြင့်  လင်းလက်+

No comments:
Post a Comment