ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 12, 2014

==လူထုကျန်းမာရေး(အရေးပေါ် ထိခိုက် ဒဏ်ရာ ရခြင်း)==

>
**Public Health** 

++ကလေးများ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရလျှင်++

 ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောသင့်သည်။ ဒဏ်ရာနေရာ တစ်ဝိုက်ကိုကွက်ပြီး ဆေး ကြောသင့်သည်။ ခြေထောက်တွင် ဖြစ်လျှင် ခါးအောက်ပိုင်းမှ ဆပ်ပြာ၊ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးသင့်သည်။ ပြီးလျှင် တင်ချာ၊ ဆပ်ဒင်းလိမ်းပြီး ပိုးသတ်ထားသည့် ပတ်တီး စည်းပေးသင့်သည်။ ဆရာဝန် မညွှန်ကြားဘဲ ပင်နီဆီလင်၊ တက်ထရာဆိုင်ကလင်း အမှုန့်များ မထည့်သင့်ပါ။ အနာကို သန့်သန့်ရှင်းရှင်း ထားရှိရမည်။ ထိခိုက်ဒဏ်ရာ ရထားသော ခြေထောက်၊ လက်၏ အစိတ်အပိုင်းအချို့ကို ယာယီ ကျပ်စည်းကာ ဆရာဝန်နှင့် ပြသင့်သည်။ ဒဏ်ရာကြီးလျှင် ဆေးရုံ၊ ဆေးခန်း စေလွှတ်ပြီး ချုပ်သင့်သည်။ ဖုန်မှုန့်၊ နနွင်းမှုန့်တို့နှင့် မသိပ်သင့်ပါ။ ဒဏ်ရာကြီးပါက မေးခိုင်ကာကွယ်ဆေး တစ်ကြိမ်ပြီး နောက်ထပ်တစ်ကြိမ် ထိုးပေးသင့်သည်။

++ ခွေးကိုက် ခံရလျှင်++

ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပြီး ဆရာဝန်ထံပြရမည်။ မိမိအိမ်၌ ကုသ၍မရပါ။ မိမိအိမ်မွေးခွေး ဖြစ်ပါက ၁ဝ ရက် အတွင်း ခွေးသေဆုံးသွားလျှင် သို့မဟုတ် ခွေးရူးပြန်ရောဂါ လက္ခဏာပြလျှင် ခွေးရူး ကာကွယ်ဆေးကို ပထမဆုံး တစ်လုံး၊ တစ်ပတ် အကြာ တွင်တစ်လုံး၊ နောက်တစ်ပတ်အကြာ တွင်တစ်လုံး ပေါင်းသုံးလုံး ထိုးရမည်ဖြစ်သည်။

 ++ကလေး ဒဏ်ရာရလျှင်++

ပိုးသတ်ထားသည့် ဂွမ်းနှင့် ပတ်တီး ယူဆောင်လာရန် မမေ့သင့်ပါ။ ကလေး၏အနာကို သေချာစွာ ဆေးကြောပြီးလျှင် သန့်စင်သော ပတ်တီး၊ ဂွမ်း တို့ကို အသုံးပြု၍ ဖုံး အုပ် စည်းနှောင်ထားရမည်။ ဒူး၊ တံတောင်ဆစ် အပေါ်တွင် ရရှိသောဒဏ်ရာများကို ဆေးထည့်ပြီး ပတ်တီး မစည်းသင့်ပါ။ အနာဖေး မကြာ မကြာ ကွာကျကာ သွေးပြန်ထွက်ပြီး ရောဂါပိုးများဝင်အောင် ဖိတ်ခေါ်သလို ဖြစ်နေတတ်သည်။

 ++ထိခိုက်ဒဏ်ရာရ၍ သွေးထွက်နေလျှင်++

 ရောဂါပိုးများ ဒဏ်ရာ၏အတွင်းသို့ မဝင်နိုင်အောင် တားဆီးပေးနိုင်သည်။ ခြေ၊ လက်များ ဒဏ်ရာရပြီး သွေးအလွန်ထွက်လျှင် ဒဏ်ရာရသည့် အပိုင်းကို မြှင့်တင်ထားကာ ကလေးကို လှဲအိပ်စေရမည်။ ခေါင်းအုံး တစ်လုံးပေါ်တင်ပြီး ဒဏ်ရာ ရ သောလက် သို့မဟုတ် ခြေထောက်ကို မြှင့်ပေးထားရမည်။ ဒဏ်ရာကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး အပေါ်မှပတ်တီးဖြင့် စည်းကာ သွေးတိတ်အောင် လုပ်ရပါမည်။ သွေးဆက်ထွက်နေလျှင် ဒဏ်ရာပေါ်၌ သန့်ရှင်းစင်ကြယ်သော ပိတ်ပါးစခံပြီး ပတ်တီး ထပ်စည်းရမည်။ အပေါ်မှ ပလတ်စတာနှင့် စည်းကာ သွေးတိတ်အောင် ဆောင်ရွက်ရမည်။  

++သွေးထွက်လွန်လျှင်++

 ပတ်တီးမရှာဘဲ ဒဏ်ရာပေါ်လက်ဖြင့် ဖိထားရမည်။ အခြားတစ်ယောက်ကို ပတ်တီးရှာစေပြီး ဖိထားသည့် လက်ကို မလွှတ်ဖို့ ဒဏ်ရာရသည့် ကလေး၏ ခန္ဓာကိုယ်ကို မြှင့်ထားဖို့လိုသည်။ သန့်ရှင်းသည့် ပိတ်ပါးစ သို့မဟုတ် လျှော်ဖွပ်ပြီး လက်ကိုင်ပဝါ ခေါက်ပြီးဖိရမည်။ ပတ်တီးကျပ်ကျပ် စည်းပါက သွေးထွက် လျော့သွားလိမ့်မည်။ ထို့နောက် ကလေးကို ဆေးရုံသို့ ခေါ်သွားရမည်။ နှာခေါင်း သွေးယိုသော ကလေးကို ကုလားထိုင်ပေါ်တွင် မလှုပ်မရှား ထိုင်ခိုင်းပါက သွေးထွက်လျော့ သွားမည်။ ရေအေး သို့မဟုတ် ရေခဲဖြင့် နှာခေါင်း ပေါ်သို့ တင်ပေးရမည်။ နှာခေါင်းကို လက်ကိုင်ပဝါဖြင့် ကလိခြင်း ရှောင်ကြဉ်ရမည်။ နှာခေါင်း ထိခိုက်ဒဏ်ရာ သို့မဟုတ် နှာနုရိုး ကျိုးပါက အမြန် တည့်မတ်ပေးပြီး ဆေးခန်းပြသရန် လိုသည်။ 

++မီးအပူလောင်နှင့် အရည်ပူလောင်လျှင်++ 

သဘာဝအလျောက် ဆေးဝါး ထည့်စရာမလိုပါ။ ဆေးရုံ၊ ဆေးခန်းပြရမည်။ ဒဏ်ရာကို မည်သည့် ဆေး ဝါးမှ မထည့်ဘဲ ပိုးသန့်စင်သည့် ဂွမ်း၊ ပတ်တီး စည်းရမည်။ ချောင်ချောင်စည်းပြီး ရွှေဝါလိမ်းဆေး လိမ်းနိုင်သည်။ မီးလောင်ဒဏ်ရာမှာ မီး လောင်ဖု မဖောက်ရန်နှင့် အဝတ် အလျင်စလို မချွတ်ရန် လိုအပ်သည်။

+ဒေါက်တာလွင်သန့်(ဆေး-၂)+ 

Written by မိုးဦး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)