ဒီနေ့ ..ဦးနဂါးဘယ်များရောက်တယ်မှတ်သလဲ။ ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်(ပြည်နယ်)၉မြို့ နယ်ထဲမှာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့မြို့ နယ်တစ်ခုဖြစ်တဲ့မယ်ရမတ်မြို့ နယ်ထဲကိုချင်းနင်း ၀င်ရောက်ခဲ့ပါတယ်ဗျ။ သိကြတဲ့အတိုင်းပဲပရိသတ်။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရဲ့ မြောက်ဘက် ကိုချီလေတဲ့ချီလေလုပ်လိုက်ရင်မယ့်ကဆာမြို့ နယ်ခွဲ(Maekasa Sub District)ဆိုတာကိုအရင်ရောက်မယ်ဗျ။ မယ့်ကဆာကမဲဆောက်ကနေကားလမ်းအတိုင်းသွားလို့ တာဆုံအထိက ၁၂ကီလိုမီတာအကွာအဝေးရှိတယ်။ တိုက်နယ်ရွာထဲဝင်ရင်နောက်ထပ်၎ကီလိုမီတာဝင်သွားမှရောက်တယ်။ အဲဒီမယ့်ကဆာမြို့ နယ်ခွဲ(Maekasa Sub District)ပဲခေါါ်ခေါါ်၊တိုက်နယ်ပဲခေါါ်ခေါါ်ဦးနဂါးတစ်ယောက် ဆိုက်ဆိုက်နဲ့ မှမြိုက်မြိုက်ကြီးရောက်သွားတော့တစ်ရွာလုံးရဲ့ ရွာဆော်ကြီးဦးချစ်ဆီ ကိုအရင်ဆုံးဝင်သွားတယ်။
**ဗျို့ ..ဦးချစ်...ကျုပ်လာတယ်။ဒီကအခြေအနေတွေကိုတဆိတ်လင်းစမ်းပါဥိး**
**ဒီတိုက်နယ်မှာကအရင်ကလိုမြန်မာရွှေ့ ပြောင်းလုပ်သား(၁၀၀၀)လောက်မရှိတော့ဘူးဦးနဂါးရေ.။
လက်ရှိ(၇၀၀)လောက်ပဲကျန်တော့တာဗျ..**.
**လုပ်အားခကရောဗျ**
**နေ့ စားခ(၁၅၀)ရတယ်။တခါတလေအလုပ်ကအရေးကြီးပြီးလုပ်မယ့်သူ မရှိရင်(၂၀၀-၂၅၀)ဘတ်နဲ့  ခေါါ်တာမျိုးလည်းရှိတယ်။**
**မိတ်ဆွေတို့ ဆီကမဲဆောက်မြို့ တောင်ဘက်ကဖုတ်ဖရမြို့ နယ် နဲ့ အုန်းဖန်မြို့ နယ်ထက်တော့လုပ်အားခပိုရသားပဲ**
**ဒါပေမယ့်လက်ရှိကုန်ဈေးနှုန်းနဲ့ ဆိုသိပ်မကိုက်လို့ ဒီလိုပဲအဆက်အသွယ်ကောင်း ရှာပြီးဘန်ကောက်တက်ကြတယ်ဆရာရဲ့ ။ဒါကြောင့်လူလျော့သွားတာ**
(မဲဆောက်မြို့ မြောက်ဘက်နယ်နိမိတ်အဆုံး မယ့်ကဆာတိုက်နယ်(ခ)မယ့်ကဆာမြို့ နယ်ခွဲကရွာဆော်ကြီး လူထုစည်းရုံးရေးမှူးဦးချစ် နဲ့ ဦးနဂါး)
အဲဒီလိုမယ့်ကဆာမြို့ နယ်ခွဲ(၀ါ)မယ့်ကဆာတိုက်နယ်တစ်ခုလုံးကလူတွေဟာ သူ့ ဈေးဆိုင်မှာအကြွေးဝယ်စားကြတာဆိုတော့ သူကရွာဆော်ကြီးတစ်ယောက်လိုသတင်းစုံတာပေါ့ဗျာ။ဦးချစ်နဲ့ အကျိုးအကြောင်း ပြောဆိုပြီး၊
တိုက်နယ်ကိုတစ်ဝက်လောက်နင်းပြီးတဲ့အခါမှာ မယ့်ကဆာမြို့ နယ်ခွဲ(Maekasa Sub District)ကနေမယ်ရမတ်မြို့ နယ်မယ်ကုဆန္ဒရွာကိုခရီးဆက်ခဲ့ပြန်ပါတယ်။ မယ်ကုဆန္ဒရွာထဲမှာကျော်သူတို့ ၊ဟုတ်ကျင်းပေါင်တို့ ရှိတဲ့အိမ်တွင်းမှုအထည်ချုပ်ရုံ ကိုအရင်ဦးဆုံးဝင်သွားတာပေါ့။
**ဟေ့...ကျော်သူတို့ ၊ဟုတ်ကျင်းပေါင်တို့ ..ငါလာတယ်ဟေ့** **ဟာ..ဆရာ၊လာပါလာပါ** **အေးကွ။ဒီမယ်ကုဆန္ဒရွာနဲ့ ရှေ့ ကဟွေးပုံရွာမှာဒို့ မြန်မာရွှေ့ ပြောင်းလုပ်သား(၆၀၀)ဆိုတာအခုလက်ရှိ
ရှိသေးလား** **အာ..ဒီလောက်မရှိတော့ဘူးဆရာ၊ကျနော်တို့ အလုပ်ရုံကိုပဲကြည့်။အရင်က၃၀ကျော်ရှိတယ်။
အခု၁၅ယောက်လောက် ပဲရှိတော့တယ်ဆရာရဲ့ ။လူတွေကလုပ်အားခကနည်းပြီးကုန်ဈေးနှုန်းကတရိပ်ရိပ်တက်တော့လုပ်အားခများ
တဲ့ဘန်ကောက်ကိုသူ့ အဆက်အသွယ်နဲ့ သူတက်ချင်တက်၊မတက်ဖြစ်ရင်လည်းမြန်မာပြည်ကိုပြန်ကြ
တယ်ဆရာရဲ့ ။**
**'ဒါကြောင့်မယ်ကုဆန္ဒနဲ့ ဟွေးပုံနှစ်ရွာပေါင်းလူ(၄၀၀)လောက်ပဲရှိတော့တယ် ဆရာရဲ့ **
**အေးကွ..နေ့ စားခကောကွာ။။၁၅၀ဘတ်ပဲလား** **ဟုတ်ကဲ့။သာမာန်အချိန်မှာ၁၅၀ပါပဲ။အရေးကြီးရင်တော့စိုက်ခင်းသူဌေးတွေ ကအပြိုင်အဆိုင်ဈေးပေးပြီးလူခေါါ်တာတော့ရှိပါတယ်။**
**အေးကွ..စိုက်ပျိုးရေးနယ်မြေဖြစ်တယ်။ပြောင်း၊ကြံ၊စပါး၊ပလောပီနံ၊သခွားအဓိကထားစိုက်ပျိုးတယ်
။ငါကတင်စားထားတာက မယ်ရမတ်မြို့ နယ်ကိုသခွားသီးမြို့ တော်..လို့ ။သြော်..ဒါနဲ့ ၊မင်းတို့ ပုတ်ပြတ်စား (အထည်ကောက်စနစ်)အထည်ချုပ်တာတစ်လလုံးမှာပျမ်းမျှဘယ်လောက်ရကြသလဲ**
**ဆရာသိတဲ့အတိုင်းတစ်ယောက်နဲ့ တစ်ယောက်မြန်တာ၊ကျွမ်းကျင်တာ၊ပျက်ထည်အနည်းအများလိုက်ပြီး
ရတာတော့မတူကြပါဘူး။ အခုလက်ရှိ၁၅ယောက်မှာအနည်းဆုံး(၅၀၀၀)ကနေ(၈၀၀၀)အထိရကြပါတယ်ဆရာ**
(အရင်ကလူ၄၀ကျော်နဲ့ အထည်ချုပ်တယ်။အခု၁၅ယောက်နဲ့ ပဲ ချုပ်နေတယ်ဆိုတဲ့မယ်ရမတ်မြို့ နယ်မယ်ကုဆန္ဒရွာက အိမ်တွင်းမှုအထည်ချုပ်ရုံ)
ခန့် မှန်းခြေ့ မြန်မာရွှေ့ ပြောင်းလုပ်သား(၅၀၀၀၀)ရှိကြောင်း၊မယ့်ကျရောင်းမြို့ နယ်ခွဲဟာအစည်ကားဆုံးနဲ့ 
့မြန်မာရွှေ့ ပြောင်းလုပ်သား အများဆုံးနေရာဖြစ်ကြောင်းစာဖတ်ပရိသတ်ကိုစီကာဆင့်ကာပြောပြသွားပါသတဲ့ဗျို့ ။ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
(မဲဆောက်မြို့ မြောက်ဘက်နယ်နိမိတ်အဆုံး
မယ့်ကဆာတိုက်နယ်(ခ)မယ့်ကဆာမြို့ နယ်ခွဲအုပ်ချုပ်ရေးရုံး)

No comments:
Post a Comment