ပြီးခဲ့တဲ့လကဆရာမိုးဟာထိုင်းနိုင်ငံတောင်ပိုင်းရနောင်းခရိုင်နဲ့ ဖူးခက်ခရိုင်ကို ကွင်းဆင်းစည်းရုံးလှု့ဆော်ရေးသွားနေတုန်းမှာသမီးခွေးမလေးနေမကောင်းကြောင်း အဲဒီနောက်မှာအစာမစားတော့ပဲလဲလျောင်းနေကြောင်း၊အဲဒီနောက်မှာမိမိ(ဆရာမိုး) ဓာတ်ပုံကိုပြတဲ့အခါလျှာဖြင့်ယှက်ပြီးနမ်းရှုံ့ ကြောင်းဒေါါ်ယုဇနကတောက်လျှောက် သတင်းပို့ ခဲ့ပါတယ်။
သူမဟာတကိုယ်လုံးနီးပါးအနက်ဖြစ်ပြီးလည်ဆံလုပ်နဲ့ ခြေထောက်လက်ထောက်မှာက အဖြူရောင်အဆင်းနဲ့ အသွေးအမွေးအတော်သန့် ပြန်တဲ့ခွေးမလေးပါပဲ။` ပြီးခဲ့တဲ့လဒီနေ့ မှာဖူးခက်ကနေ
၁၄နာရီလောက်ကားစီးပြီးဘန်ကောက်ကိုမနက်၇နာရီ မှာဝင်လာတယ်။ဘန်ကောက်မျာတွေ့ စရာရှိတာတွေ့ ဆုံပြီးမနက်၁၂နာ၇ီမှာ မဲဆောက်ကိုတိုက်ရိုက်ကားမရပဲတာ့ခ်မြို့ အထိနှစ်ဆင့်စိးပြီးချီတက်ခဲ့တယ်။ မွန်းလွဲ၁နာရီလောက်မှာဒေါါ်ယုဇနဆီကဖုန်းလာလို့ ချစ်သမိးခွေးမလေးမာစီအခြေ အနေတော်တော်ဆိုးနေကြောင်းသိရလို့ ကားပေါါ်ကပဲ *သမီး၊အဖေပြန်လာပြီ။သမီးသိပ်ကြီုက်တဲ့ကြက်ရိုးတွေဝယ်ကျွေးမှာ၊သမီးက သိပ်ချစ်စရာကောင်းတာ၊သမီးကအဖေတို့ အတွက်တကယ့်အဖော်မွန်၊သမီး
နေကောင်းအောင်ကြိုးစား၊သိပ်မကြာခင်အဖေနဲ့ သမီးတွေ့ ကြရမှာ..နော်သမီး** လို့ ပြောတာကိုအိအီအသံပြန်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ညနေ၄နာရီလောက်မှာထပ်ပြီးဖုန်းဆက်စကားပြောပြီးအားပေးခဲ့ပါတယ်။
ညနေ၅နာရီခွဲတာ့ခ်မြို့ ရောက်ချိန်မှာချစ်သမိးခွေးမလေးမာစီဆုံးသွားကြောင်း သတင်းဆိုးကြားရတော့တာ့ခ်ကားဂိတ်မှာဆရာမိုးတစ်ယောက်မလှုပ်ချင်မရှား ချင်လောက်အောင်စိတ်ထိခိုက်ရပါတယ်။ ခွေးမလေးစာစီဟာဆရာမိုးတို့ သွားလေရာကိုနောက်က
အမြီးတနှံ့ နှံ့ နဲ့  လိုက်ပါတတ်သလိုဘယ်သူ့ ကိုမှမကိုက်ဘူးတာမို့ ဘေးပတ်ဝန်းကျင်ကလည်း ချစ်ခင်ကြပါတယ်။ဆရာမိုးတို့ မြန်မာပြည်ကိုတစ်လကျော်လောက်သွားနေရင်လည်း အိမ်ထဲကမခွာပဲစောင့်ရှောက်တတ်ကြောင်းဘေးအိမ်ခန်းတွေကပြောပြကြပါတယ်။ ခွေးမလေးဟာ
တစ်ကိုယ်လုံးနီးပါးအနက်ရောင်ဖြစ်ပြီးလည်ဆံလုတ်တဲ့ ခြေလက်တွေမှာအဖြူရောင်ဖြစ်ပါတယ်။
သူမကိုဆရာမိုးတို့ ကအလုပ်ပြုတ်လို့  ယာယီကူညီစောင့်ရှောက်ထားရတဲ့မြန်မာရွှေ့ ပြောင်းလုပ်သားတစ်ဦးနဲ့အတူ ပါလာတဲ့သူမမိခင်ခွေးနီမကြီးကနေမွေးဖွားခဲ့တာဖြစ်ပြီးသေဆုံးချိန်မှာ အသက်၃နှစ်ခွဲရှိပါပြီ။တားဆေးထိုးထားတဲ့အတွက်အပျိုကြီးစစ်စ်ဖြစ်နေပါတယ်။ ဒီနေ့ တော့သူမအတွက်မဲဆောက်မြို့ ကျောင်းသစ်ဘုန်းကြီးကျောင်းက ဆရာတော်ဦးကေသရကိုမုန့် ဟင်းခါးနဲ့ လက်ဘက်ရည်ကပ်လှူပြီး ရသည်ဖြစ်စေ၊မရသည်ဖြစ်စေအမျှပေးဝေခဲ့ပါတယ်။
ပြီးတော့ဆရာမိုးရဲ့ ကလေးနှစ်ဦးဖြစ်ကြတဲ့သမီးကြီး
လပြည့်မိုးနဲ့ ထူးလျှံမိုးတို့ ကလည်း သူတို့ ရဲ့ ကစားဖော်သူငယ်ချင်းအတွက်မာစီရာသက်ပန်လဲလျောင်းရာ နေရာလေးမှာအမွှေးတိုင်၊
ဖယောင်းတိုင်တွေထွန်းပြီးဆုတောင်းပေးခဲ့ကြပါတယ်။
ဘယ်တော့မှမမ့ပါဘူး..သမီးမာစီရေ....။
သမီးဟာအဖေတို့ ဘ၀ထဲမှာ၃နှစ်ခွဲကြာအလည်လာရင်းပြန်ထွက်သွားခဲ့ပေမယ့် အဖေခရီးသွားတိုင်းလိုက်ပို့ ရင်းအဖေံဆိုင်ကယ်နောက်ကိုမမှီမကမ်းပြေးလိုက် ခဲ့တာတွေ၊အဖေကားပေါါ်တက်သွားရင်သမီးဟာအမြီးတနှံ့ နှံ့ နဲ့ လွမ်းမောကျန်ခဲ့ပုံတွေ အဖေခရီးကပြန်လာရင်သမီးကိုယ်လုံးနဲ့ အတင်းဖိကပ်ပွတ်တိုက်ပြီးအလွမ်းသည်ပြ တာတွေ၊....တွေ..တွေ..တွေ....။ ဘယ်တော့မှမမ့ပါဘူး..သမီးမာစီရေ....။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊။။။။။။။။။။။။။။။။။။။။။။။
+သောင်ရင်းနဂါး+

No comments:
Post a Comment