ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 12, 2015

==လူထုကျန်းမာရေး( ကြို့ထိုးခြင်း)===

>
++Public Health++

ခန္ဓာကိုယ် ရင်အုပ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ ကန့်လန့်ကာ ကြွက်သားဟာ အကြောင်း အမျိုးမျိုးကြောင့် နှိုးဆွခံရပြီး အလိုအလျောက် ကျုံ့ခြင်း၊ ဆန့်ခြင်း ဖြစ်ပေါ်လာကာ ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ယင်းကန့်လန့်ဖြတ် ကြွက်သားခေတ္တ ကျုံ့တဲ့အခါ ရင်အုပ်ပိုင်း၊ ဝမ်းဗိုက်အပေါ်ပိုင်း တစ်ချက် တစ်ချက်တင်း၍ ကြို့ထိုးခြင်းကို အလွန်ခံရခက်စွာ ကြုံရတတ်ပါတယ်။ များသောအားဖြင့် ပါးစပ်ကျယ်ကျယ် ဟပြီးရယ်တဲ့အခါ၊ ကျယ်လောင်စွာ ပြောတဲ့အခါမှာ ပြင်ပက လေများရုတ်တရက် ရှူသွင်းမိခြင်းဖြင့် ကန့်လန့်ဖြတ်ကြွက်သား (DIAPHRAGM) ရုတ်တရက် နှိုးဆွခံရပြီး ကြို့ထိုးတတ်တယ်။ အစားအသောက်များကို လျင်မြန်စွာစားခြင်းနဲ့ အရက်၊ ဘီယာ သောက်ခြင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။ **ရောဂါ**

 ရောဂါကြောင့်လည်း ကာလကြာ ကြို့ထိုးနေတတ်တယ်။ အစာအိမ်တင်းခြင်း၊ ကျယ်ပြန့်ခြင်း၊ လေပွခြင်း၊ အဆုတ်ရောင်ခြင်း၊ ဝမ်းဗိုက်ပိုင်း အမြှေးပါး တစ်ခုလုံးရောင်ခြင်း၊ ကန့်လန့်ကာ ကြွက်သားအောက် ပြည်တည်ခြင်း၊ ကန့်လန့်ကာ ကြွက်သားမှာ အူကျွံနာဖြစ်ခြင်း၊ အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာတို့ကြောင့် ကြို့ထိုးခြင်းဖြစ်တယ်။ သားနေရည် အကျိတ်ရောင်ခြင်း၊ နှလုံးမြှေးရောင်ခြင်း၊ နှလုံးကြီးခြင်းနှင့် အခြား အစိတ်အပိုင်းများ ရောင်ခြင်း၊ အရက်၊ ဘီယာအလွန်အကျွံ သောက်ခြင်း၊ ကျောက်ကပ်ရောဂါကြောင့် သွေးထဲနိုက်ထရိုဂျင်နှင့် ပတ်သက်တဲ့ အညစ်အကြေး စုပေးခြင်း၊ ကာလသားရောဂါ (syphilis) ၏ဘေးထွက်ဆိုးကျိုး၊ ဦးနှောက်ထဲ ရေဝင်ခြင်း၊ ဦးနှောက်အတွင်း သွေးခဲခြင်း၊ အသားပို၊ အကျိတ်များ ဖြစ်ပေါ်ခြင်း၊ လေပြွန်ရောဂါ ဖြစ်ခြင်းဖြစ် တို့ကြောင့် ကြို့ထိုးတတ်တယ်။

**ပြုစုနည်း**

 ကြို့ထိုးရင် ရေမသောက်သင့်ပါ။ အစာရေမျိုပြွန်မှ ရေဖြတ်သွားစဉ် အသက်ရှူရ ခက်ခြင်း၊ လေဝင်လေထွက်ကြောင့် ခေတ္တရပ်တန့်ထားရလို့ ခဏတာ သက်သာစေတယ်။ ကြို့ထိုးစဉ် လေအဆက်မပြတ် ဝင်ထွက်နေလို့ ကန့်လန့်ကာ ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်းက ထိန်းမရ ဖြစ်စေတယ်။ လေဝင်လေထွက်၊ အစာနှင့် ရေဝင်၊ ရေထွက်ခြားပေးတဲ့ အရိုးနု စသည်တို့ တစ်ပြိုင်နက် အပိတ်အဖွင့် မလုပ်နိုင်ရင် ပွင့်နေတဲ့ လေပြွန်ထဲသို့ ပါးစပ်မှငုံထားသော ရေများရောက်ရှိကာ ချောင်းဆိုးခြင်း ဖြစ်တယ်။ အဆင်မသင့်ပါက အဆုတ်တွင်း ရေ ဝင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်လာတတ်တယ်။ ပါးစပ်ထဲလေ အဆက်မပြတ် ရှူသွင်း၊ လျှာရှည်ရှည်ထုတ်၍ လက်ချောင်းများဖြင့် အာခေါင်းပိုင်း ဆွပေးခြင်းဖြင့် အန်ချင်လာမယ်၊ အန်ပြီးရင် သက်သာသွားတယ်။ လက်ကိုင်ပဝါဖြင့် နှာခေါင်းပေါက် ပိတ်ပြီး ခေတ္တအသက်ရှူခြင်း ရပ်တန့်ရမယ်။ အချို့ကြို့ထိုးစဉ် အသက်ရှူအောင့်ပြီး ရေသောက် ရင် ပျောက်သွားတယ်။ ကြို့ထိုးစဉ် အသက်ရှူအောင့်တာ လုံးဝမလွယ် ကူတတ်ပါ။

 **ကုသခြင်း**

 ရောဂါကြောင့်ဖြစ်လျှင် ရောဂါပျောက်ကင်းအောင် ကုရမယ်။ ရုတ်တရက် အထိတ် တလန့်ဖြစ်စေခြင်းက ကြို့ထိုးခြင်းကို လျော့စေတယ်။ ပြင်ပမှလာသော ရုတ်တရက် ပြင်းထန်တဲ့ နှိုးဆွမှု အသစ်က မူလနှိုးဆွခြင်းမှာ ဖြစ်ပေါ်လာတဲ့ အာရုံကြော လှုပ်ရှားခြင်း ဖြစ်စဉ် ပြတ်တောက်သွားလို့ ကြို့ထိုးခြင်း ရပ်သွားတယ်။ ကြို့ထိုးခြင်းဟာ အန္တရာယ်ပေးနိုင်တဲ့ ရောဂါ မဟုတ်ပေမယ့် တဒင်္ဂအတွင်း အခံရခက်လှသော ဝေဒနာတစ်ရပ် ဖြစ်တယ်။ ကြို့ထိုးခြင်း၏ အခြေခံရောဂါ (အသည်းကျွတ်ဆတ်ခြင်း၊ အသည်းကင်ဆာ) တို့ကလည်း အသက်အန္တရာယ် ရှိစေတာ တွေ့ရတယ်။ အရက်၊ ဘီယာရှောင်သင့်တယ်။

**အကြံပြုခြင်း**

ကျန်းမာရေး ကောင်းသူအတွက် ကြို့ထိုးခြင်းဟာ ယေဘူယျ ခဏတာသာ ဖြစ်တယ်။ ဖြစ်ခြင်းမြန်သလို ပျောက်ခြင်းလည်းမြန်တယ်။ အများအားဖြင့် ရောဂါမရှိဘဲ ကြို့ထိုးခြင်း ခံစားကြရတယ်။ ကြို့ထိုးနေစဉ် ရေသောက်ပါက ချောင်းဆိုးနိုင်တယ်။ အဆင်မသင့်ရင် အဆုတ်အတွင်း ရေရောက်ရှိပြီး အဆုတ်ရောင်ခြင်း၊ ချောင်း အဆက်မပြတ် ဆိုးခြင်းဖြစ်စေနိုင်ကြောင်း ဖော်ပြအပ်ပါ တယ်။
+မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)