ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, February 14, 2015

===ဘာလိုလို===

>
ကျမကလည်း တယောက်ထဲ ...သူကလည်းတယောက်ထဲပါဘဲ ....
သူနဲ့ကျမ ပေါင်းလိုက်တော့ ဘာလိုလို ဖြစ်သွားတယ် ...
သူကလည်း ကျမတယောက်ထဲ ဆိုပြီး
ကျမအနားကိုတိုးလာဖို့ မကြိုးစားသလို
ကျမကလည်း သူလည်းတယောက် ထဲ ဘဲလေ ဆိုပြီး
သူ့အနားကို တိုးသွားဖို့ မကြိုးစားမိခဲ့ဘူး ...။

 ကျမက စာရင်းအင်းဌာနက ဝန်ထမ်းတယောက် ..သူကတော့ အင်ဂျင်နီယာဌာန က အင်ဂျင်နီယာ တယောက် ပေါ့ ။တယောက်နဲ့တယောက် အလုပ်အနေအထား အရ သိပ်ပြီးဆက်စပ်မှု့ မရှိပေမဲ့ တယောက်နဲ့တယောက်သိခဲ့ကြတယ် ။သူကစကားပြောရင် တလုံးချင်းခပ်အေးအေးပြောတတ်သူ ကျမက စိတ်လောတတ်သူမို့ စကားပြောမြန်သူ ..တခါတလေ သူကပြောတာ မပြီးသေးဘူး.. ကျမက သူဘာပြောနေတာလည်းဆိုတာ တွက်ဆပြီး ပြန်ဖြေပီးနေပြီ ။ဒါလည်းကျမတို့နှစ်ယောက် ကြားထဲက အမှတ်တရ အဖြစ်လေးတွေဆိုပါတော့ ။ မျက်မှန်ကိုင်းတွေအောက်က သူ့မျက်ဝန်းတွေကို ကြည့်ပြီး သူ့စိတ်ထဲ ဘာရှိလည်းဆိုတာ ကျမ သိနေသလိုလိုပါဘဲ ။သူ့မျက်ဝန်းတွေထဲမှာ ရှိတဲ့ နူးညံခြင်း နှစ်သက်ခြင်း အစရှိတဲ့ အရာတွေကို အခြေခံ ဖွဲ့စည်းထားတဲ့ ချစ်ခြင်းတခုက ကျမအတွက် ဆိုတာ ကျမ သိနေပေမဲ့ အဲဒီအချစ်တွေကို လက်လှမ်းလို့ မကြိုဆိုခဲ့ဖြစ်ဘူး ။ အမှန်ဆို နွေးထွေးစွာကြိုဆို ခဲ့မယ်ဆိုရင် သူနဲ့ကျမ တယောက်ထဲ စီကနေ နှစ်ယောက်တဘဝ ဆိုတာကို တည်ဆောက် ပြီးသား ဖြစ်နေပါလိမ့်မယ် ။ဒါပေမဲ့ ကျမ စိတ်ထဲ သူ့ရဲ့ ချစ်ခြင်းတွေကို ကမ်းလင့်လို့ မမျှော်ခဲ့မိဘူး ။ ဝေခွဲမရခြင်းပေါင်းများစွာနဲ့ အဲဒီအချစ်တွေကို နည်းနည်းဝေးဝေး ကနေဘဲ ကြည့်နေခဲ့မိသည်။ သူ့အချစ်တွေကိုဒီတိုင်းဘဲကြည့် နေမိတယ်ဆိုတာက ကျမစီမှာတခြားတွယ်တာစရာရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ ကျမဘဝမှာလည်း တခြားအပြင်လူ ဆိုတာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး ။ သူလည်း ကျမရင်ထဲမှာ သေသေချာချာ ထုပ်ပိုးသိမ်းဆည်းထားတဲ့ မြတ်နိုးးခြင်း အားကိုးခြင်း လေးစားခြင်း စတဲ့အရာတွေကို ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ချစ်ခြင်းတစုံတရာကို မြင်မယ်ထင်ပါရဲ့ ။မြင်ပေမဲ့လည်း နဂိုရပ်နေတဲ့နေရာကနေ ရှေ့တိုးလာဖို့ မကြိုးစားခဲ့ဘူး ။အကြည့်ချင်းစကားပြော..တခါတလေ တယောက်ကိုတယောက် စိတ်ပူမိသလိုလို ဘာလိုလို အပြောလေးတွေ အမှတ်မထင် ပြောမိသွားတာကလွဲလို့ သူလည်း တနေရာ ကျမလည်းတနေရာမှာ ရပ်နေကြဆဲ ။ အဲလိုနဲ့ဘဲ ကျမနဲ့သူ အဖြစ်က ဇော်ဝင်းထွဋ်သီချင်းလိုဘဲ ဘာလိုလို နဲ့ချာလည်လည် ဖြစ်နေတော့တာပါဘဲ ။ အလုပ်တခုထဲ တူတူ လုပ်ကြသူတွေဆိုတော့ အလုပ်ထဲနေ့တိုင်းလိုလို ဆုံမိကြတတ်ပါတယ် ။ ဆုံတိုင်းလည်း တယောက်ကို တယောက်အသိအမှတ် ပြု တဲ့ အပြုံး လေးအပြန်အလှန် ပြုံးကြတာ လွဲလို့ ဘာသိဘာသာ...အကြည့်ချင်းစကားပြောလိုက်တာက လွဲပြီး စကားလုံး တွေ ထွက်မလာတဲ့ အခြေအနေပေါ့ ။တခါတလေ ကျမကော်ဖီသောက်နေတဲ့အခါနဲ့ဆုံတာမျိုးကြရင် ကော်ဖီ ရှိသေးလားဆိုပြီး ကျမဖျော်ထားတဲ့ခွက်ထဲကကော်ဖီတဝက်ကို သောက်ပါရစေလို့ ပြောတတ်တယ် ။။ အဲလိုအခါမျိုးဆို ကျမအတွက် အဲဒီကော်ဖီ တဝက်ကခါတိုင်းထက် ပိုချိုမြနေသလိုလို သောက်ပြီးကာမှ ရင်တုန်လာသလိုလို... ကော်ဖီခွက်ကိုင်ထားတဲ့ သူ့လက်ချောင်းရှည်ရှည်လေးတွေကလည်းတုန်ခါနေသလိုလို ... ဘာသာပြန်ဖို့ ခက်တဲ့ ခံစားချက်တွေနဲ့ နေ့တနေ့ကိုဖြတ်သန်းမိပြန်သည် ။
အလုပ်ထဲကသူငယ်ချင်းတွေအားလုံးက ဘယ်လိုလည်းဆိုတဲ့ မျက်လုံးတွေ ...အခြေအနေဘယ်လိုလည်း ဆိုပြီးတိုးတိုးတိတ်တိတ်လာမေးသံတွေ ဒါတွေအားလုံးကို ကျမ ပြန်ဖြေဖို့ အဖြေ မရှိခဲ့ဘူး ။ ဟုတ်တယ်လေ ..သူကျမကို ချစ်တယ်လို့မှ မပြောထားတာ...ကျမနဲ့သူ..ချစ်သူတွေမှ မဟုတ်တာလေ ။အဲဒီတော့ ဒီမေးခွန်းတွေကို ကျမ ဖြေဖို့မှ မလိုတာနော် ။မေးလာသမျှကို ပြုံးပြီး မိတ်ဆွေတွေပါ..ဆိုတဲ့ အဖြေကလွဲပြီးကျန်တာ မပြောဖြစ်ခဲ့ပါဘူး ။ သူ့ ရင်ထဲကိုတော့ မြင်နေသလိုလို ခံစားမိပေမဲ့ အဲဒီအချစ်တွေ ထွက်လာအောင် ကျမ မဆွဲထုတ်မိဘူး ။ သူငယ်ချင်းတွေက ပြောကြတယ် ။" သူ့နင့်ကိုကြွေနေတာ သေချာတယ် ။အသိသာကြီးပါဟာ ။ နင်လည်းခံစားကြည့်လို့တော့ရတယ်မှတ်လား ..နဲနဲလောက် အစလေးဆွဲကြည့်လိုက်ပါလား ။ သူကလည်းအေးစက်စက် ..နင်ကလည်း သိပ်ဟန်ဆောင်တတ်တော့ ခက်နေတာ " တဲ့ အစပိုင်းတွေမှာတုန်းကတော့ သူကကျမကို ရုပ်ရှင် သွားကြည့်မလား.. ဘယ်နေ့အားလည်း ဘယ်ဘုရားကျောင်းက ဆုတောင်းပြည့်တယ် .. ကျမကော်ဖီ ကြိုက်မှန်းသိတော့ ဘယ်ကော်ဖီဆိုင်က အရမ်းကောင်းတယ် ..ဆိုပြီး အကြောင်းပြချက်လေးတွေနဲ့ အပြင်ထွက်မလားလို့ ခေါ်ဖူးတယ်... အဲဒီတုန်းက ကျမက ဘာလို့မှန်း မသိဘူး.. သူပြောသမျှ ကို NO ..ဆိုပြီး ငြင်းခဲ့မိတာကြီးဘဲ ။အဲဒီအချိန် ကျမ သူ့ကို ငြင်းခဲ့စဉ် တုန်းက မျက်မှန်ဖန်သားတွေကို ဖောက်ထွင်းပြီး ကြည့်နေတဲ့ သူ့အကြည့်တွေထဲမှာ နာကျင်ခြင်းတွေပါဝင်နေတယ်ဆိုတာ သိပေမဲ့ မသနားမိခဲ့ဘူး ။ အားနာသလိုလို တော့ ဖြစ်မိသား ။ ကျမကို သူအဲလိုနာနာကျင်ကျင် ခံစားချက်တွေပါတဲ့အကြည့်နဲ့ ကြည့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ကျမရဲ့ စိတ်ထဲမှာ အဲဒီနာကျင်ခြင်းတွေပျော်ဝင်နေတဲ့ အကြည့်တစုံကို သတိရမိတတ်လာသည် ။ နှုတ်ခမ်းကိုခပ်တွန့်တွန့် ကွေးပြီး ပြုံးတတ်တဲ့ အပြုံးတခုကို မြင်ယောင်မိတတ်လာသည်..သူရဲ့ ရင်ခုန်သံကို အသာလေးကပ်ပြီး နားထောင်ကြည့်ချင်စိတ် ပေါ်လာသည်.တခါတလေ သူ့ရဲ့ လက်ချောင်း ရှည်ရှည်လေးကို သတိရမိတတ်လာသည် ။အဲဒီ လက်ချောင်းရှည်ရှည်လေးတွေကိုဆုပ် ကိုင်ပြီး နေရာအနှံလျှာက်သွားဖို့ စိတ်ကူးတွေယဉ်မိတတ်သည် ....လူတွေမသိအောင် စိတ်ကူးမိတယ်ဆိုပေမဲ့လည်း ကိုယ့်စိတ်ကူးလေးကို ကိုယ့်ဘာသာပြန်တွေးမိတော့ ရှက်အားပိုမိပါရဲ့....။ ကျမကို ကျမ အထိတ်တလန့်နဲ့ သတိထားမိလိုက်ချိန်မှာ အဲဒီအကြည့် အဲဒီအပြုံးနဲ့ အဲဒီလူက ကျမရင်ထဲ ရောက်နေပြီ ။ဘာလို့အခုလိုပြောင်းလဲသွားတယ်ဆိုတာ မစဉ်းစားတတ်ဘူး ။ သူကလည်း ကျမက သူဘာပြောပြော သိပ်ပြီးအရေးတယူ ပုံစံမျိုး မရှိ ဖြစ်ပြီးကထဲက ရပ်နေလိုက်တော့တာ အခုထိပါဘဲ ။ သူနဲ့ကျမကြား တခုခု ခြားထားသလို ဖြစ်သွားခဲ့တာပါ ။သူကလည်း ဆက်ပြီးရှေ့ဆက် မတိုးလာတော့သလို ကျမကလည် သူရှေ့ဆက်လာလို့ရအောင် လမ်း မဖွင့်ပေးမိဘူး ။ သူ့ကိုစိတ်ဝင်စားနေပြီဆိုတာ ကျမကိုယ်ကျမ သိခဲ့ပေမဲ့လည်း ကျမ ပိတ်ထားခဲ့မိတဲ့ တံခါးတွေကို ကျမ ပြန်မဆွဲဖွင့်ဖြစ်ဘူး...သူကလည်း တံခါး ကို ဖွင့်ပါဆိုပြီး ဆက်မခေါက်တော့ဘူး ။ ရင်ထဲမှာတော့ အပြန်အလှန် ငြိတွယ်နေတဲ့ စိတ်တွေ ရှိနေတယ်ဆိုတာ တယောက်ကိုတယောက် သိနေပေမဲ့ နှစ်ယောက်စလုံးက

အဲဒီအခြေအနေကနေ ရှေ့ဆက်လာဖို့ မကြိုးစားကြဘူး ။ သူလည်း တခြားမိန်းကလေးတွေနဲ့ပတ်သတ်တာမျိုးမရှိသလို ...ကျမ လည်းတခြားယောက်ကျားလေး နဲ့ ပတ်သက်နေတယ်ဆိုတာ မရှိခဲ့ပါဘူး ... ကိုယ့်ဘာသာနားလည်မှု့ကိုယ်စီနဲ့ နေနေ ကြတဲ့ အနေအထားပေါ့ ... ဒါပေမဲ့လည်း ကျမတို့နှစ်ယောက်က ချစ်သူတွေလည်း မဖြစ်ကြဘဲ ဘာလိုလို အနေအထားနဲ့ ဆိုတော့ ခက်သားလားရှင် ........ သူကလည်းရှေ့ဆက်တိုးလာမဲ့ ခြေလှမ်းမပြင်သလို ...ကျမကလည်း မသိမသာလေး လှမ်းခေါ်မဲ့ ပုံစံမျိုး မပြမိဘူး...စိတ်ထဲကတော့ သူဘာဆက်လုပ်မလည်းဆိုပြီးသေချာကြည့်နေမိပေမဲ့ မိန်းကလေးပီပီ မသိချင်ယောင်ဆောင်တာမျိုးလည်း တခါတရံမှာလုပ်မိသွားတတ်တော့ ဘာလိုလို ဖြစ်ပြီးရင်းကို ဖြစ်နေတော့တာပါဘဲလေ ။ အဲလိုနဲ့ဘဲ ရက်...လ...နှစ် တိုင်လာတော့တယ်...နောက်ထပ်လည်း ဘယ်လောက် အချိန်ထိ ဘာလိုလို ဖြစ်နေကြဦးမလည်း ..ဆိုတာလည်း မပြောတတ်ပါဘူး ။အခုချိန်ထိတော့ တခါးတချပ်ရဲ့ ဒီဘက်မှာ ကျမ ..ဟိုဘက်မှာ သူ ..အလယ်က တံခါးကို ဘယ်အချိန်ဆွဲဖွင့် ဖြစ်မလည်း မသိသေးးရွေ့တော့ ကျမနဲ့သူက ဘာလိုလို ပေါ့ ရှင်.. .....

 +ပစ်ပစ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)