ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 20, 2015

==လူထုကျန်းမာရေး(ဆီးချို သွေးချိုနှင့်ဓာတ်စာ)==

>
**Public Health**
ယနေ့ကမ္ဘာပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ်ထိ ဆီးချို၊ သွေးချို ခံစားနေရသည့် လူနာပေါင်း ၂၈၅ သန်း ရှိပြီး ၂ဝ၃ဝ ပြည့်နှစ်သို့ ရောက်သောအခါ နှစ်ဆ တိုးလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်း ထားကြသည်။ ဆီးချိုရောဂါသည် တစ်ကမ္ဘာလုံးတွင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် မြင့်တက်လျက် ရှိပြီး ယခင်က ဖွံ့ဖြိုးပြီး နိုင်ငံများ၌သာ မြင့်တက်လေ့ ရှိသော်လည်း ၂ဝ၃ဝ ပြည့်နှစ်တွင် အာရှ၊ အာဖရိက နိုင်ငံများ၌ပါ မြင့်မားစွာ တိုးတက်လာနိုင်သည်ဟု ဆိုသည်။ ထိုသို့ ဖြစ်ပွားလာရခြင်းမှာ လူအများ နေထိုင်စားသောက်မှု ပုံစံနှင့်အတူ ပြောင်းလဲ ဖြစ်ပေါ် လာခြင်းကြောင့် ဖြစ်ပြီး အသင့်အမြန်စား အစားအစာများ အပေါ် မှီခိုလွန်းခြင်း၊ ပီဇာ၊ ဆင်းဒဝစ်နှင့် ဟမ်ဘာဂါတို့ကို စားသုံးခြင်းဖြင့် ထိုမုန့်များ၌ ပါဝင်သော ပြည့်ဝဆီ၊ စားအုန်းဆီ၊ ဝက်ဆီ၊ ဆီခဲများ၊ နှစ်ပြန်ကြော်ဆီများကြောင့် စားသုံးသူတို့၌ အဆီအအိမ့် လွန်ကဲမှုများ ဖြစ်စေသည့် အပြင် ကိုလက်စထရော များလည်း လူ့ခန္ဓာ ကိုယ်ထဲတွင် ကိန်းအောင်း နိုင်သည်။ လူအများစုမှာ အထိုင်လွန်၊ အအိပ်လွန်ခြင်းကြောင့် လေးလံထုံထိုင်းခြင်း၊ အချို့မှာ စာဖတ်ခြင်း၊ ကွန်ပျူတာခုံ၌ ထိုင်ခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းပါး တတ်ကြသည်။ ထို့ကြောင့် နေ့စဉ်နာရီဝက်ခန့် အပြေးလမ်းလျှောက်၊ စက်ဘီးစီး စသည့် ကိုယ်လက် လှုပ်ရှားမှုများကို လုပ်သင့်သည်။ ယနေ့ခေတ်တွင် လူငယ်များ သာမက လူလတ်ပိုင်းနှင့် လူကြီးများပါ ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းနှိပ်ခြင်း အင်တာနက် အသုံးပြုခြင်းတို့ကို ပြုလုပ်ကြသည်။ ထို့ကြောင့် လှုပ်ရှားမှုနည်း၍ ခန္ဓာကိုယ်ထဲ၌ ပိုနေသော ကယ်လိုရီများမှာ ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် လောင်ကျွမ်းရမည့် အစား မလောင်ကျွမ်းနိုင်တော့ဘဲ အသည်း အဆီဖုံးခြင်း၊ ကိုလက်စထရော အဖြစ် သွေးထဲသို့ ရောက်ရှိသွားခြင်းများ ဖြစ်ပေါ်လာသည်။ ဆီးချို၊ သွေးချို ဆိုသည်မှာ သွေးအတွင်း၌ သကြားဓာတ်များသည့် ရောဂါဖြစ်ပြီး ယင်းသို့ဖြစ်ရခြင်းမှာ အင်ဒိုကရိုင်း အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပန်ကရိယမှ အင်ဆူလင်ခေါ်သည့် ဟော်မုန်းဓာတ် ထုတ်လုပ်မှု မရှိခြင်း၊ ထုတ်လုပ်မှုနည်းခြင်း သို့မဟုတ် အင်ဆူလင် အလုပ်မလုပ်ခြင်း တို့ကြောင့် ဖြစ်သည်။ ဆီးချို၊ သွေးချို ရှိ၊ မရှိနှင့် သွေးအတွင်း သကြားဓာတ် ပမာဏကို သိလိုပါက သွေးဖောက် စစ်ကြည့်မှသာ သိနိုင်သည်။ ဆီးအတွင်း၌ သကြားဓာတ် ရှိ၊ မရှိ စမ်းသပ်ကြည့်ရုံမျှဖြင့် မသိနိုင်ပေ။ သွေးအတွင်း သကြားပမာဏ တိုင်းပြီးမှ အစာစားရမည်။ အစာမစားမီ ၁၂၆ မီလီဂရမ် ရာခိုင်နှုန်းနှင့် အထက်၊ ၂ဝဝ မီလီဂရမ် ရာခိုင်နှုန်းနှင့် အထက် တိုင်းတာရရှိလျှင် သွေးချိုရောဂါ ရှိသည်ဟု ဆိုနိုင်သည်။ ဟေမိုဂလိုဘင် အေဝမ်းစီ ပမာဏသည် အစာမစားမီ သွေးချိုပမာဏထက် နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေနှင့် သေဆုံး နိုင်ခြေရှိ၊ မရှိခန့်မှန်းရာတွင် ပို၍ အထောက်အကူပြုသည်။ ဆီးချို၊ သွေးချို ရှိသူများမှာ ဟေမိုဂလိုဘင် အေဝမ်းစီ ၅ ဒသမ ၇ ရာခိုင်နှုန်းအောက် အမြဲထားရှိရမည်။ သွေးတွင်း အချိုဓာတ်ကို သွေးဖောက် စစ်ဆေးခြင်းသည် စစ်ဆေးသည့် အချိန်ကာလ၌သာ သွေးတွင်း အချိုဓာတ် ပမာဏ ဖော်ပြနိုင်ပြီး ကျန်သည့် အချိုဓာတ် ပမာဏများသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ မဖော်ပြနိုင်ပါ။ ဟေမိုဂလိုဘင် အေဝမ်းစီ တိုင်းခြင်းဖြင့် သုံးလအတွင်း မိမိ ကိုယ်တွင်း၌ သွေးတွင်း အချိုပမာဏ ကောင်းမွန်စွာ ထိန်းထားနိုင်ခြင်းရှိ၊ မရှိ ဖော်ပြနိုင်သည်။

ရုတ်တရက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ရောဂါများမှာ သွေးချို ရုတ်တရက် တက်ခြင်း၊ သတိလစ်ခြင်း၊ သွေးအတွင်း အချိုပမာဏ ကောင်းမွန်စွာ ထိန်းထားနိုင်ခြင်းရှိ၊ မရှိကို ဖော်ပြနိုင် သည်။ ယင်းအပြင် နာတာရှည် ရောဂါဖြစ်ခြင်း၊ မျက်စိသွေးကြော ထိခိုက်ခြင်း ၊မျက်စိကွယ်ခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ ဦးနှောက် သွေးကြောပိတ် ကာ လေဖြတ်ခြင်း၊ အာရုံကြောများ ပျက်စီးကာ ထုံကျဉ်ခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ရောဂါပိုး ဝင်လွယ်ခြင်းတို့ ဖြစ်တတ်သည်။ သွေးအတွင်း အချိုဓာတ် ပုံမှန်ဖြစ်စေရန် အစားလျှော့စားရန် လိုသည်။ ထမင်းဆယ့်နှစ်ဇွန်း၊ အသီးအရွက်ကြော်၊ အမျှင်ပါသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို မျှတစွာစားရန်၊ ရေဆာလျှင် ရေကိုသာ သောက်ရန်၊ အချိုရည်၊ ဘီယာနှင့်အရက် မသောက်ရန်၊ အဝမလွန်အောင် လျှော့စားရန်၊ လှုပ်ရှားမှုများသည့် နေထိုင်မှုဘဝ ပုံစံဖြစ်အောင် နေရန်၊ ပုံမှန် လေ့ကျင့်ခန်း လုပ်ရန်နှင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့အောင်လုပ်ရန် လိုအပ်သည်။ စားသုံးရန် မသင့်သော အစားအစာများမှာ သကြား၊ နို့ဆီ၊ ကော်ဖီမစ်၊ တီးမစ်၊ အိုဗာတင်း၊ မိုင်လို၊ ဟောလစ်၊ ရေခဲမုန့်၊ အချိုရည်များ၊ ထန်းလျက်၊ ကြံသကာ၊ မလိုင်ပါသော အစာများ၊ အဆီများ၊ ပြည့်ဝဆီ၊ စားအုန်းဆီ အမျိုးမျိုးတို့ ဖြစ်သည်။ 

စားသုံးသင့်သည့် အစာများမှာ ကစီဓာတ်ပါသော ဆန်ဖြင့်လုပ်သည့် အစားအစာ၊ ဂျုံဖြင့် ပြုလုပ်သည့်အစာ၊ အမျှင်ပါဝင်မှု များသည့် ဟင်းသီးဟင်းရွက်များ၊ အသားဓာတ်ပါသည့် ငါးအမျိုးမျိုး၊ အမဲသား၊ ဆိတ်သား၊ ဝက်သား (အဆီမပါ)၊ ဘဲသား၊ ကြက်သား (အရေခွံမပါ)၊ အဆီပါအစာများတွင် ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ငါးမှရသည့် အဆီတို့ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း စားရမည်။ ထိန်းထားသင့်သည့် သွေးအတွင်း အချိုဓာတ်များမှာ အစာမစားမီ သွေးတွင်း အချိုဓာတ် ၉ဝ မှ ၁၃ဝ မီလီဂရမ် ရာခိုင်နှုန်း၊ ကြုံကြိုက်သလို ဖောက်သော သွေးအတွင်း အချိုဓာတ် ၁၁ဝ မှ ၁၈ဝ မီလီဂရမ်ရာခိုင်နှုန်း၊ အစာစားပြီး ၂ နာရီအတွင်း သွေးအတွင်းအချိုဓာတ် ၁၈ဝ မီလီဂရမ် ရာခိုင်နှုန်းထက် နည်းရမည်။ သွေးအတွင်း အချိုဓာတ်၊ အဆီဓာတ်၊ သွေးပေါင်ချိန် မျှော်မှန်းသည့် အတိုင်းထားနိုင်လျှင် ဆင့်ပွားဖြစ်သည့် နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှု လျော့နည်း မည် ဖြစ်သည်။ ဆီးချို၊ သွေးချိုဝေဒနာရှင်များ အနေဖြင့် ဆရာဝန်နှင့် ပြသပြီး ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက်သင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည် ။ 

+မြ၀တီ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)