ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 9, 2015

===ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>

**အမေရိကန်သမ်္မတဟောင်း ရော်နယ်ရီဂင်နှင့်မာရီလင်မွန်ရိုးတို့ ဇာတ်လမ်းရှိခဲ့**

 အမေရိကန်သမ်္မတဟောင်း ရော်နယ်ရီဂင်သည် ဟောလိဝုဒ် ညှို့မင်းသမီး မာရီလင်မွန်ရိုးနှင့် လော့စ်အိန်ဂျလိစ်မြို့ရှိ ၎င်း၏ နေအိမ်တွင် တစ်ခန်းရပ် ဇာတ်လမ်း အဖြစ် ပတ်သက်ခဲ့ ကြဖူးသည်ဟု အမေရိကန်မီဒီယာများက ရေးသား ဖော်ပြခဲ့ သည်။ ရော်နယ်ရီဂင်သည် ယခင်က ရုပ်ရှင်မင်းသားအဖြစ် အသက်မွေး ၀မ်းကျောင်းမှုပြုခဲ့ ပြီး မြင်းစီးသေနတ် ပစ် ကောင်းဘွိုင်ကားများကို ရိုက်ကူး ခဲ့ သော်လည်း ခေတ်ပြိုင်မင်းသားများ ဖြစ်သည့်  ကလင့်အိဝုစ်နှင့် ဂျွန်ဝိန်း တို့ကဲ့သို့ အလွန်အောင်မြင်သော မင်းသားတစ်လက် မဟုတ်ခဲ့ ပေ။

ယခုအခါ ရော်နယ်ရီဂင် အကြောင်းကို ရုပ်ရှင်ပြန်လည်ရိုက်ကူး ရန် စီစဉ်ထားပြီးNarrative
  ပုံစံဖြင့် တင်ဆက်သွားမည်ဖြစ်ကာ ဒစ်္စနေ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးသွား မည်ဖြစ်သည်။ ရော်နယ်ရီဂင်အဖြစ် ကို  မှာ ဗီဒီယိုဖိုင် တင်ပေး ထားပြီး အခုထက်ထိ ကြည့်ရှုလာသူ ၂၃ သန်းအထိ ရောက်ရှိလာတဲ့ အတွက် အရောင်းမြှင့်တင်ရေး အစီအစဉ်ဟာ ထင်ထားတာထက် ပိုမိုအောင်မြင် တယ်လို့  ဆိုရမှာဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲမင်းသား ဟင်နရီ က သရုပ်ဆောင်သွားမည်ဟု ယေဘု ယျ လျာထားသည်။

 ရော်နယ်ရီဂင် သည် အမျိုးသမီးတစ်ဦးနှင့် တစ်ည တာ ဖြတ်သန်းရန် အမေရိကန် ဒေါ်လာ ၁၂၀၀၀ မှ ၁၄၀၀၀ အကြား သုံးစွဲလေ့ရှိကြောင်းကိုလည်း ဆက် လက် ဖော်ပြထားသည်။ သို့ သော် ၎င်းင်းနှင့် ပတ်သက်ခဲ့ဖူး သည့်  အမျိုးသမီးများကလည်း သူ့ ကို နှစ်သက်သဘောကျကြပြီး မာရီ လင်မွန်ရိုးအပြင် လာရာတာနာ၊ ဂျိုအန်ဘလွန်ဒယ်လ်၊ ဒေါရစ်ဒေးတို့  ကဲ့ သို့  အချောအလှမင်းသမီးများစွာ နှင့်လည်း ပတ်သက်ခဲ့ပြီး သူသည် သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်း ရော်နယ် ရီဂင်၊ ဂျိမ်းဝိုင်မင်းနှင့် နမ်စီဒေးဗီးစ် စာအုပ်ထွက်ရှိသည်အထိ မျက်နှာများ ခဲ့သူလည်းဖြစ်သည်။ ၎င်းအနေဖြင့် သူ၏ သမ်္မတသက်တမ်းအတွင်း ဆိုဗီယက်ပြည်ထောင်စုကြီး၏ စူပါ ပါဝါအင်အားကို လှဲဖြိုနိုင်ခဲ့ သူ ဖြစ်ပြီး လက်ယာယိမ်းနိုင်ငံရေးဝါဒ စွဲကိုင်သူ ဖြစ်သည်။ အမေရိကန်သမ်္မတအဖြစ် ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ သမ်္မတ သက်တမ်းနှစ်ဆက်တိုင်တိုင် ထမ်း ဆောင်ခဲ့ သူလည်းဖြစ်သည်။ ရော်နယ်ရီဂင်သည် အယ်လ် ဇိုင်းမားရောဂါဖြင့်  ၂၀၁၄ ခုနှစ် ဇွန် ၅ ရက်က ဘယ်အဲဒေသ လော့စ်အိန် ဂျလိစ်မြို့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ် ရှိပြီဖြစ်သည။်(မေလဲ့သင်း)

** ဟောလိဝုဒ်ရဲ့  သည်းထိတ်ရင်ဖို ရုပ်ရှင်အရောင်းမြှင့်တင်ရေးအစီအစဉ်**

ဟောလိဝုဒ်ရဲ့  သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်တဲ့  ထုတ်လုပ်သူက လူသားနှင့်တူတဲ့  စက် ရုပ်မကောင်းဆိုးဝါး ကလေးငယ်ကို ဖန်တီးပြီး အဝေးထိန်းစနစ် တပ်ဆင် ထားတဲ့  လက်တွန်းလှည်းထဲထည့်ကာ နယူးယောက်မြို့ မန်ဟန်တန်ရပ်ကွက် ထဲမှာ လှည့်လည်စေခဲ့ ပါတယ်။ မြင်တဲ့သူတွေက ပိုင်ရှင်မဲ့ တွန်း လှည်းကို လာရောက်ကြည့်ရှုကြရာ ကလေးငယ်က ထထိုင်ပြီး ဆိုးဆိုးရွား ရွား တုံ့ ပြန်ပါတော့တယ်။ မျက်လုံး အကြည့်တွေကလည်း ကြောက်မက် ဖွယ် ကောင်းလောက်အောင် အသွင် သဏ္ဌာန်အားဖြင့် ဖန်တီးထားပြီး ယုတ်စွအဆုံး မကောင်းတဲ့  ဂြိုဟ်ဆိုး တစ်ကောင်အလား ဖန်တီးထားပါ တယ်။ လူတွေက ကလေးငယ်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရှုနိုင်အောင် လည်း လျှို့ဝှက်ကင်မရာ တပ်ဆင် ပေးထားပါတယ်။
(မေလဲ့သင်း)

 **ဒီဂီယာအား စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုရန် မန်ယူကမ်းလှမ်းသွားမည်**

အင်္ဂလန်ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် လာမည့် ရက်ပိုင်းအတွင်း အသင်း၏ စပိန်လက်ရွေးစင် ဂိုးသမားဖြစ်သည့်  ဒေးဗစ်ဒီဂီယာအား စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ဒီဂီယာမှာ မန်ယူအသင်းနှင့်  စာချုပ်သက်တမ်း တစ်နှစ်ခန့် သာကျန်ရှိတော့သူဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းအား လာမည့် နွေရာသီကာလတွင် ရီးယဲလ်မက်ဒရစ် အသင်းက မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

ထို့ ကြောင့် မန်ယူအသင်း၏ တာဝန်ရှိသူများအနေဖြင့်  ဒီဂီယာအား စာချုပ်သက်တမ်းတိုးမြှင့် ရန် အရှိန်မြှင့် ကြိုးပမ်းသွားမည် ဖြစ်ပြီး အသင်း၌ ၂၀၂၀ ခုနှစ်အထိဆက်ရှိနေစေမည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။ ထို့ ပြင် ဒီဂီယာ၏အေးဂျင့် ဖြစ်သူကလည်း ၎င်း၏ ၊ ကစားသမားအနေဖြင့်  မန်ယူအသင်းတွင် ပျော်ရွှင်နေ ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သလို မန်ယူ နည်းပြဖြစ်သူ လူးဝစ်ဗန်ဟားလ်အနေဖြင့် လည်း ဒီဂီယာ အား လက်လွှတ်ရန် ဆန်္ဒမရှိကြောင်း ဗြိတိန်သတင်းစီာငေူပ ငြေူ ကဖော်ပြခဲ့ သည်။

 ထို့ ကြောင့်  ဒီဂီယာအနေဖြင့် မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ ပါက တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခန့် ရရှိဖွယ်ရှိနေပြီး မန်ယူအသင်း၏ တာဝန်ရှိသူများအနေဖြင့်  ၎င်းင်းအတွက် လာမည့် ရက် အနည်းငယ်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။  (ကိုရဲ )

 **အင်္ဂလန်လက်ရွေးစင်အသင်းကို ဟယ်ရီ ကိန်းtm; အခြေပြုပြီးတည်ဆောက်သင့်သည်ဟု
ဒန်နီမာဖီကပြောကြား**

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်အနေဖြင့်  ၎င်း၏ အင်္ဂလန်လက်ရွေးစင်အသင်းကို စပါးတိုက်စစ်မှူး; ;ဟယ်ရီ ကိန်းကို အခြေပြုပြီးတည်ဆောက်သင့်သည်ဟု ယခင် စပါးကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီက ပြောကြားခဲ့ သည်။ ဖေဖော်ဝါရီ ၇ ရက်က ၀ှိုက်ဟက်လိန်းတွင် အာဆင် နယ်နှင့်ကစားခဲ့သောပွဲ၌ နှစ်ဂိုးစလုံးဟယ်ရီကိန်းက သွင်းယူပေးခဲ့ ကာ ပွဲအပြီးတွင် နှစ်ဂိုး တစ်ဂိုးဖြင့်  အနိုင် ရရှိခဲ့ သည်။

 အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အသက်(၂၁)နှစ် ရှိပြီဖြစ်တဲ့  ဟယ်ရီကိန်းကို ရွေးချယ်သင့် သည်ဟု ပြောကြား ထားသည်။ မာဖီကပြောကြားခဲ့ ရာတွင် ““ အခုထိတော့ ဟယ်ရီ့  ကို အင်္ဂလန်အသင်းမှာ မရွေးသေးဘူး။ ဒါပေမယ့် သူ့ ကို အခြေပြုတဲ့ အသင်းကိုတောင် တည်ဆောက်သင့် ပြီ။ သူက ငယ်ရွယ်လွန်းပေမယ့်  အင်ပြည့်အားပြည့်ကစားနိုင်တဲ့ ကစားသမားပါ။ သူရဲ့ ကစားဟန်မှာ အားနည်းချက် ရှာမရလောက်အောင်ကိုပဲ အရွယ်နဲ့ မမျှအောင် ကောင်း လွန်းပါတယ်””ဟု ပြောကြားခဲ့ သည်။

အင်္ဂလန်နည်းပြ ဟော့ဆန်အနေဖြင့်  ၀ှိုက်ဟက်လိန်း တွင်ကစားခဲ့ သော အဆိုပါပွဲစဉ်သို့ လာရောက်ကြည့် ရှု ခဲ့ ပြီး အီတလီနှင့် နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်နှင့်  ဥရောပ ဖလားခြေစစ်ပွဲအဖြစ် လစ်သူယေးနီးယားအသင်းတို့ နှင့်  ယှဉ်ပြိုင်ကစားမည့်ပွဲတွင် ဟယ်ရီကိန်းကို ရွေးချယ်ဖွယ် ရှိနေသည်။ လိန်းသည် အင်္ဂလန်ယူ-၁၇ အသင်းတွင်လည်း ကောင်း၊ ယူ-၂၁ အသင်းတွင်လည်းကောင်း အင်္ဂလန်ကို ကိုယ်စားပြုကစားခဲ့ သော်လည်း ဖခင်ဖြစ်သူက အိုင်ယာ လန်နိုင်ငံသားဖြစ်သောကြောင့်  အိုင်ယာလန်ကို ကိုယ်စား ပြုကစားရန်လည်း ဆန်္ဒရှိနေသည်။

 ဟော့ဆန်အနေဖြင့်  ပွဲစဉ်တော်တော်များများတွင် အင်္ဂလန်တိုက်စစ်အတွဲအဖြစ် ဒန်နီဝဲလ်ဘတ်နှင့်  ၀ိန်းရွန်းနီ တို့ ကိုသာ သုံးစွဲနေသော်လည်း ယခုအခါ ဒဏ်ရာမှပြန်လည် သက်သာလာသော လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ၊ ကျူပီတာတိုက်စစ်မှူး ချာလီအော်စတင်တို့ လည်းရှိနေရာ ယခုဟယ်ရီကိန်းကို ရွေးချယ်ခဲ့ ပါက အဆိုပါတိုက်စစ်မှူး လေးဦးထဲမှ တိုက်စစ်မှူးတစ်ဦးဦးကို ချန်လှပ်ခဲ့ ဖွယ်ရှိသည်။ ကိန်းသည် အာဆင်နယ်နှင့် ပွဲစဉ်တွင် ချေပဂိုးနှင့် အနိုင်ဂိုး နှစ်ဂိုးစလုံးကို ဒုတိယပိုင်းတွင် သွင်းယူခဲ့ ခြင်းဖြစ်ပြီး စပါး နည်းပြပိုချက်တီနိုက ပြောကြားခဲ့ရာတွင် ““ဟယ်ရီက ဒီနေ့ကြီးကျယ်တဲ့  ကစားသမားဆိုတာ သက်သေပြနိုင်ခဲ့ တဲ့  အပြင် ကောင်းကောင်းလည်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်  ကျွန်တော်တို့ အနေနဲ့  သူ့ ကို ဒီထက်ပိုပြီးကောင်း မွန်လာအောင်လို့  တိုက်တွန်းရဦးမှာဖြစ်ပါတယ်။ တစ်ရက် တည်းကောင်းဖို့ ထက် အမြဲတမ်းကောင်းဖို့ ပေါ့””ဟု ဆို သည်။

 ဟယ်ရီကိန်းသည် ယခုနှစ်ဘောလုံးရာသီတွင် စပါးတိုက်စစ်၌ အထူးခြေစွမ်းပြနေပြီး စပိန်တိုက်စစ်မှူး ဆိုဒါဒိုကိုပင် နောက်ကောက်ချကာ ဦးစားပေးတိုက်စစ်မှူး အဖြစ် ကစားခွင့်ရနေသူဖြစ်သည်။ ယခုနှစ်ဘောလုံး ရာသီတွင် ၃၄ ပွဲဝင်ရောက်ကစားပေးထားပြီး စုစုပေါင်း ၂၂ ဂိုးအထိ သွင်းယူထားသည်။ (ကိုရဲ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)