ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 22, 2015

==လူထုကျန်းမာရေး(ခါးနာခြင်း)==

>
**Public Health** 

ယနေ့ လူသားများ ခံစားရလေ့ ရှိသော ဝေဒနာမှာ ခါးနာခြင်း ဖြစ်တယ်။ အထူးသဖြင့် တင်ပါးဆုံ အထက် နာကျင်ခြင်း ဝေဒနာနှင့် အတူ ဆေးရုံ၊ ဆေးခန်းများကို ရောက်လာ ကြတယ်။ ပညာရှင်များ အဆိုအရ လူ ၁ဝ ဦးမှာ ရှစ်ဦးက ခါးနာတတ်တယ်။ အမေရိကန် ပြည်ထောင်စုမှာ ခါးနာဝေဒနာ ခံစားရသူ ခုနစ်သန်း ရှိတယ်။ ငါးသန်းဟာ လုပ်ငန်းခွင် ပျက်ကွက်နေပြီး နှစ်သန်းခန့်ဟာ လုံးဝ အလုပ် လုပ်ကိုင်နိုင်အောင် ဒုက္ခရောက်နေ ကြတယ်။ ခါးနာခြင်းဟာ ကျား၊ မ အသက်အရွယ် မရွေး ဖြစ်ပွားတတ်တယ်။ ခါးနာတဲ့ ဝေဒနာကြောင့် မတ်တတ်ရပ် စာရေးရတာ၊ အိပ်ရာထဲ အမြဲဆန့်ဆန့် လှဲနေတာ၊ လေ့ကျင့်ခန်းလုပ်၊ အနားယူတာ တွေ့ရတယ်။ ယင်းရောဂါကြောင့် စီးပွားရေး ထိခိုက်မှု မနည်းလှပါ။ အမေရိကန်မှာ ခါးနာ ဝေဒနာကြောင့် တစ်နှစ် ကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၅ဝဝဝ ကျော်ရှိတယ်။ ယနေ့ခေတ် လူသားများ အချိန်မရွေး ခါးနာတတ်တယ်။ ကားစီးရင်၊ အလေးမရင်၊ ဒေါက်ဖိနပ် စီးရင်၊ သွားရင်းလာရင်း ခါးနာတတ်တယ်။ အခန့်မသင့်ရင် ဆေးရုံ တက်ရသည် အထိ ဆိုးရွားတတ်တယ်။

++ခါးနာရတဲ့ အကြောင်းအရင်းမှာ++

 ခါးကုန်းရာက လက်မောင်းကို တစ်ဖက်စောင်းပြီး ကိုယ်ပါ လှည့်လိုက်မိခြင်း၊ ကလေးကို ခါးပေါ်တင်ပြီး အချိန်ကြာအောင် ချီပိုး ထားခြင်း၊ မှောက်လျက် အိပ်ပျော်ခြင်း၊ တစ်ဆက်တည်း နာရီပေါင်း များစွာ ကားမောင်းနေခြင်း၊ ရှိသင့်သည်ထက် အလေးချိန် ပိုများခြင်း၊ ဘီအမ်အိုင်များခြင်း၊ ဖိနပ်စီးခြင်း သို့မဟုတ် အမျိုးသမီး ဖြစ်ပါက အချိန်ကြာအောင် စီးခြင်း၊ ခါးနာတတ်သူ ဖြစ်သော်လည်း အလေးမခြင်း တို့ကြောင့် ခါးနာတတ်တယ်။ ခါးနာပါက အိပ်ရာထဲ လုံးဝ အနားယူခြင်းနှင့် အုတ်ခဲဆွဲခြင်းများ ပြုလုပ်ရမယ်။ အချို့ အရိုးသမားတော် များက အိမ်သာ သွားချိန်နှင့် စားချိန်မှလွဲ၍ အိပ်ရာထဲ၌ နားနေရန် ညွှန်ကြားတတ်တယ်။
++ခါးမနာအောင် မှန်မှန်လုပ်သင့်တဲ့ လေ့ကျင့်ခန်း များမှာ++

 ရူပဗေဒ ပညာရှင်များ အကြံပေးချက် အရ (၁) ကုလားထိုင် နောက်ကို လက်နှင့် ကိုင်ထားပြီး ခြေမနှစ်ဖက်ပေါ် ရပ်ကာ ထိုင်ထ ပြုလုပ်ခြင်း၊
 (၂) ထိုင်ပြီး လက်ထိပ်ဖြင့် ခြေမထဲ ရောက်အောင် ဆန့်ထုတ်ခြင်း၊
 (၃) ခြေထောက် တစ်ဖက်ကို ဒူးမှကွေးထားပြီး ခန္ဓာကိုယ် တစ်ခုလုံးရှေ့ကို ရောက်အောင် ဆွဲဆန့်ခြင်း၊ (၄) ကုလားထိုင်ပေါ် ထိုင်နေရာမှ ခန္ဓာကိုယ် အထက်ပိုင်းကို အောက်သို့ လျှော့ချခြင်းနှင့်
 (၅) ပက်လက်အိပ်စဉ် ဒူးနှစ်ဖက်ကို ရင်ဘတ်သို့ ထိအောင် ဆန့်ထုတ်ခြင်း တို့ဖြစ်တယ်။

++ ရှောင်ရန် အချက်များမှာ++

 အချိန်ကြာကြာ တစ်ဆက်တည်း ထိုင်မနေရ။ လေးလံသော ပစ္စည်းများကို ခါးကုန်းပြီး အားပြု မချီခြင်း မပြုရ။ အိပ်သည့်အခါ အိပ်ရာတွင် ဆန့်ဆန့်နေပါ။ ပျော့သော အိပ်ရာနှင့် မအိပ်ရ။ ဒေါက်မြင့်ဖိနပ် မစီးရ။ ခရီးဝေး ကားမောင်းလျှင် တစ်နာရီ တစ်ခါ ကားပေါ်ကဆင်း၍ လမ်းလျှောက်ရန်၊ တစ်နေရာတည်းတွင် အကြာကြီး လမ်းမလျှောက်ရ။ ဈေးခြင်းတောင်းကို အကြာကြီး ဆွဲမထားရ။ မတ်တတ်ရပ်သည့် အခါ လက်ပြင်မကုန်းရ။ အလွန်မြင့်သော နေရာမှ ပစ္စည်းယူလျှင် ကုလားထိုင်ဖြင့် ယူရန်။ မရမက လှမ်းမယူသင့်ပါ။ ဖိနပ်ဟောင်းခုံ တစ်ဖက် စောင်းနေပါက စွေစောင်းသော ဖိနပ်ကြောင့် ခါးနာတတ်သည်။ အလုပ်နှစ်ခု တစ်ပြိုင်တည်း မလုပ်ရ။ ပခုံးနှင့်ချိတ်၍ ဖုန်းမပြောရ။ ခါးကြော လေ့ကျင့်ခန်းများ မှန်မှန် လုပ်သင့်တယ်။ ခါးနာတတ်တဲ့ လူနာများ အနေဖြင့် အလေးမ မရန်၊ အိပ်ရေးပျက် မခံရန်၊ အလုပ်တစ်ခုကို ထိုင်လျက် တောက်လျှောက် မလုပ်မိစေရန်နှင့် နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်) များကို လုပ်သင့်ပါတယ်။

 +မြ၀တီ+ 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)