ပရီမီယာလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ လီဗာပူး၊ မန်ယူနဲ့  အာဆင် နယ်တို့ဟာ အက်ဖ်အေဖလား ကွာ တားဖိုင်နယ်ကို တက်လာတဲ့ အသင်း တွေပါ။ ဒီနှစ်ရာသီမှာ ထိပ်သီး အသင်းတွေကပဲ ချန်ပီယံဖြစ်သွား နိုင်တဲ့ အနေအထားပါ။ ဒါပေမယ့် ကွာတားဖိုင်နယ် အဆင့် မှာတော့ လက်ရှိချန်ပီယံ အာဆင်နယ်က မန်ယူကွင်းမှာ သွားကစားရမှာပါ။ ပြိုင်ပွဲတွေကို လာမယ့်  မတ် ၇ ရက် သို့ မဟုတ် ၈ ရက်မှာ ကျင်းပမှာဖြစ် ပါတယ်။
(မန်ယူနည်းပြဗန်ဟားနဲ့ အာဆင် နယ်နည်းပြအာဆင်ဝင်းဂါး တို့ ကျားနဲ့ ဆင်..လယ်ပြင်မှာတွေ့ ကြပြီ)
နာမည်ကြီးလီဗာပူးကတော့ ဘလက်ဘန်းအသင်းကို အိမ်ရှင် အဖြစ် လက်ခံကစားပေးရမှာဖြစ်ပါ တယ်။ ဘရက်ဖို့စီးတီးအသင်းက တော့ ရက်ဒင်းအသင်းနဲ့  ရင်ဆိုင်ရ မှာပါ။ အက်စ်တွန်ဗီလာနဲ့ ၀က်စ် ဘရွန်းတို့ကတော့ ဗီလာပတ်(ခ် )မှာ ဆုံမှာဖြစ်ပါတယ်။ ပရက်စတန်နဲ့ ပွဲမှာ မန်ယူအတွက် ဒုတိယဂိုးသွင်းယူခဲ့တဲ့ ဖယ်လိုင်နီ ကတော့ အာဆင်နယ်နဲ့ ကစားရမယ့်  ပွဲဟာ ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲလို့  ပြောဆိုလိုက်ပါတယ်။ အာဆယ်နယ် နဲ့  မန်ယူတို့  ၂၀၀၄-၂၀၀၅ အက်ဖ် အေဗိုလ်လုပွဲမှာ ဆုံတွေ့ ခဲ့ တုန်းက တော့ မြောက်လန်ဒန်သားတွေက ပယ်နယ်တီ ငါးဂိုး-လေးဂိုးနဲ့  နိုင်ခဲ့  ဖူးပါတယ်။
လီဗာပူးကလည်း ဆွမ်ဆီးနဲ့ စတုတ်ကိုနိုင်ပြီး ကွာတားတက်လာ တဲ့ ဘလက်ဘန်းကို အနိုင်ယူနိုင်ဖို့  မျှော်လင့် ထားပါတယ်။ ၁၉၇၆ ခုနှစ် နောက်ပိုင်း ကွာတားဖိုင်နယ်တက် လာခဲ့ တဲ့  ဘရက်ဖို့ ကတော့ ချယ်လ် ဆီးနဲ့ ဆန်းဒါးလန်းကိုအနိုင်ယူခဲ့  တာကြောင့်  ရက်ဒင်းကိုနိုင်ဖို့  ယုံကြည် မှုတွေ အပြည့် ရှိနေပါတယ်။
+ကောင်းမြတ်သူ+

No comments:
Post a Comment