ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 20, 2015

==ငြိမ်းချမ်းစွာ အိပ်စက်စေချင်===

>
ပံ့သကူ.. ပံ့သကူသား ဆိုတာ လက်ရှိ ကျွန်မတို့ ကျင်လည်နေတဲ့ လူ့ဘောင် ပတ်ဝန်းကျင်မှာ ရရန် မလွယ်ကူသော အရာ တစ်ခုသာ..။ တစ်နေ့က ကျွန်မဆိုင်ကို ညီမလေးတစ်ယောက် ရောက်လာခဲ့တယ်..။ စကားစမြည် ပြောကြရင်း သူပြောတဲ့ အကြောင်းနဲ့ ကိုယ်ကြုံတွေ့ရတဲ့ အကြောင်း တိုက်ဆိုင်လာတော့ ဒါတွေဟာ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေ ကျွန်မရဲ့ ခေါင်းထဲကို တန်းစီပြီး ဝင်လာကြတယ်..။ ရှင်သန်နေထိုင်ကြတဲ့ အချိန်တိုလေး အတွင်းမှာ ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်ခန္ဓာ ရှင်သန်ဖွံ့ဖြိုးဖို့၊ ကျန်းမာဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အသား၊ ငါးတွေကို မက်မက်မောမော စားသုံးခဲ့ကြတယ်။ တစ်မနက်စောစောမှာတော့ ကျွန်မဟာ လိုချင်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ ဈေးကို ထွက်လာခဲ့တယ်။ ပုံမှန်အားဖြင့် ညီမဝမ်းကွဲလေးက အမြဲသွားဝယ်နေကျ ဖြစ်ပေမယ့် အိပ်ပျော်နေတဲ့သူ့ကို မနှိုးချင်တာကတစ်ကြောင်း၊ ဈေးကို မရောက်တာ ကြာနေပြီ ဖြစ်တာကတစ်ကြောင်းကြောင့် တစ်ယောက်ထဲ ဈေးဘက်ကို ထွက်ခဲ့တယ်။ မနက်စောစော ဈေးဝယ်ခြင်းအားဖြင့် စိတ်ကြိုက်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို လတ်လတ်ဆတ်ဆတ် ရတဲ့အတွက် ကျွန်မ အင်မတန် ကျေနပ်ခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အသားအချို့ နဲ့ ငါး ပုဇွန် နဲနဲ ဝယ်မယ်ရယ်လို့ ရည်ရွယ်ရင်း အသားတန်းဘက်ကို ရောက်ခဲ့တယ်။ အချို့ ဆိုင်တွေကလည်း ခင်းကျင်းတုန်း၊ အချို့ဆိုင်တွေကလည်း ခင်းကျင်းပြီးသား သားငါးတွေကို နေရာပြန်ချရင်း တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောနေတုန်းရှိကြသေးတယ်။ အချိန်ကလည်း စောနေသေးတာကြောင့် ဈေးဝယ်တဲ့သူတွေကလည်း ပါးနေတာကိုး..။ အနီရောင်အသားကို စားလို့မရတဲ့ ကျွန်မကတော့ ကြက်သားအနည်းငယ်တော့ ဝယ်မယ်လို့ ရည်ရွယ်ရင်း ကြက်သားရောင်းတဲ့ ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။ ကျွန်မ အတွက် စိတ်နှလုံး ထိခိုက်စရာဟာ ထိုနေရာမှာ စတွေ့တာပါပဲ။ ကြက်သားသည်ရဲ့ နဘေးမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးကြီးတစ်လုံး ရှိနေပါတယ်။ စက်ဘီးနောက်မှာ ဇောက်ထိုးဆွဲပြီး သယ်သူလာခြင်းခံရတဲ့ ကြက်တွေဟာ မူးနောက် နေပုံရတယ်။ ခေါင်းကလေးတွေ တချက် တချက်လှုပ်လိုက် တောင်ပံလေးတွေ တစ်ချက် တစ်ချက် လှုပ်လိုက်နဲ့ သက်သောင့်သက်သာ မရှိမှုကို အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ ဒီမြင်ကွင်းကို ဘာရယ်မဟုတ်ပဲ ကြည့်နေမိတဲ့ ကျွန်မဟာ ဈေးသည်ရဲ့ ထင်မှတ်မထားတဲ့ အပြုအမူကြောင့် ဝိဘစ္ဆရသ ကို စတင်ခံစားရပါတော့တယ်။ သူဟာ ကြက်အရှင်တွေကို တစ်ကောင်ပြီး တစ်ကောင် ခြေထောက်ကနေကိုင်ရင်း ပွက်ပွက်ဆူတဲ့ ရေအိုးထဲကို နှစ် နှစ်ချလိုက်ပါတယ်။ အပူကြောင့်လန့်ပြီး တစ်ချက်နှစ်ချက်သာ တောင်ပံခတ် ရုန်ကန်ခွင့် ရတဲ့ ကြက်တွေဟာ မိနစ်ပိုင်းအတွင်းမှာ ငြိမ်သက်သွားရင်း အိုးရဲ့ အပြင်ဘက်ကို ပြန်လည် ရောက်ရှိလာခဲ့တယ်။ ဒီမြင်ကွင်းဟာ သူတို့အတွက်တော့ သမရိုးကျ နိစ္စဒူဝမြင်တွေ့နေရတဲ့ မြင်ကွင်းဖြစ်ပေမယ့် ကျွန်မအတွက်ကတော့ အတော်ကလေး အဆင်မပြေခဲ့ပါဘူး။ေ၇နွေးပူ၊ဆီပူ တစ်စက် နှစ်စက်လောက် စင်မိ လောင်မိရင်တောင် ကျွန်မတို့မှာ ပူလောင်ခြင်းကို သိသိသာသာ ခံစားရပြီး သက်သာရာ ဆေး သို့မဟုတ် တခုခုကို ရှာကြံလိမ်းကြတယ် မဟုတ်လား။ ဆူနေတဲ့ ရေနွေးအိုးထဲကို အရှင်လတ်လတ် အနှစ်ခံရတဲ့ကြက်တွေ ဘယ်လိုခံစားရမလဲ။ ကျွန်မတို့သာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ပြုတ်ကျရင်ဖြစ်စေ၊ အနှစ်ခံရရင်ဖြစ်စေ ဘယ်လိုခံစားရမလဲ။ ဒီအချိန်မှာ ကျွန်မခံစားရတာက ကိုယ့်ကိုယ်နဲ့နှိုင်းယှဉ်မိတဲ့ စိတ်တခုသာ။ ကြက်၊ ဝက်၊ အမဲ တို့ကို ကမ္ဘာ အသီးအရွက်အဖြစ် သတ်မှတ်တယ် လို့ မှတ်သား ဖူးခဲ့တယ်။ ကျွန်မ ရောက်ရှိခဲ့ဖူးတဲ့နိုင်ငံအချို့မှာ ကြက်၊ဝက်၊ အမဲ တို့ကို စီမံတော့မယ် ဆိုရင် အရင်ဦးဆုံး မေ့ဆေးပေးလိုက်ပြီး သတ္တဝါတွေကို နာကျင်ခြင်း မခံစားစေရဘဲ သေဆုံးသွားစေခဲ့တယ်။ ဒီအတွက် သူတို့ဟာ မသေခင်မှာ ထိတ်လန့်ကြောက်ရွံ့စွာ ရုန်ကန်နေဖို့ မလိုတော့သလို မသေဆုံးခင်မှာ နာကျင်ခြင်းဒုက္ခကိုလည်း သိရှိမသွားကြတော့ဘူး။ ကျွန်မတို့ နိုင်ငံမှာတော့ ဘာဖြစ်လို့များ ကိုယ့်အသွေးအသား မဟုတ်ရင် ပြီးရော ဆိုပြီး ပြီးစလွယ် ဖြစ်သလို သတ်ဖြတ်နိုင်ကြရတာလဲ။ ပြုခဲ့တဲ့ တနေ့တာ အပြုအမူတွေအတွက် သူတို့ ငြိမ်းငြိမ်းချမ်းချမ်းမှ အိပ်ပျော်ကြရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိတယ်။ သူတို့ နောင်တများ ရနေမလား..။ လူအပါအဝင် သတ္တဝါတိုင်းဟာ ကိုယ့်အသက်နဲ့ခန္ဓာကို မက်မောတွယ်တာကြတယ် မဟုတ်လား။ အမြင်မတော်သော အသက်မွေးခြင်းမှ အားလုံးကင်းလွတ်ကြပါစေ။ 

+ပျိုးယုဝသုန်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)