>
**Public Health**
ကမ္ဘာ့လေ ထုထဲသို့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ခရမ်းလွန် ရောင်ခြည်တွေက အရင်နှစ်တွေထက် ပိုမိုကျရောက် လာနေတယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။
ခရမ်းလွန် ရောင်ခြည်မှာ A,B,C ဆိုပြီး သုံးမျိုး ရှိတဲ့အနက် ရောင်ခြည် A ကြောင့် Allergy လို့ခေါ်တဲ့ အသားနေလောင်လို့ ဓာတ်မတည့်ခြင်း ခံစားရ စေတယ်။ ရောင်ခြည် B ကြောင့် Burn အသား နေလောင်ဒဏ်ရာ ဖြစ်ပေါ်စေတယ်။ ရောင်ခြည် C ကြောင့် အရေပြား ကင်ဆာဖြစ်ပေါ် ခံစားရတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။
အပူဒဏ်ကြောင့် အသက်သေ ဆုံးမှုဟာ တတိယ အများဆုံး ဦးရေအဖြစ် အမေရိကန် အထက်တန်း ကျောင်းတွေနဲ့ အားကစားသမားတွေ မှာ တွေ့ရှိရတယ်။ အပူဒဏ်နည်းနည်းပဲ ခံစားရရင် လက္ခဏာတွေ မပြင်းထန်ပေမယ့် ဆိုးရွားစွာ အပူဒဏ်ခံစားရရင် အသက်သေ ဆုံးစေတဲ့ Heat Stroke အပူရှပ်ခြင်း၊ ရှော့ခ်ရခြင်း အထိ ခံစားရပါတယ်။ အဲဒီလို အပူဒဏ်ကို ကလေးတွေနဲ့ အသက်ကြီး တဲ့သူတွေက ပိုမိုခံစားရ လွယ်ပါတယ်။ ဒါ့အပြင် ကလေးတွေဟာ အဆော့ သန်တာနဲ့ ရေငတ်လည်း ငတ်သလောက် ဆာသလောက် ရေမသောက်ဖြစ်ကြတော့ ရေဓာတ်ဆုံးရှုံးမှုဟာ ကလေးတွေမှာ လူကြီးလူရွယ် တွေထက် ပိုဖြစ်လွယ်ပါတယ်။ ကတော့ အောက်ပါအတိုင်း ဖြစ်ကြတယ်။ ရောဂါအမည်တွေသာ ကွဲပြားပေမယ့် အပူဒဏ်ခံစားရတဲ့ လက္ခဏာတွေ ကတော့ ရောေ နကြ တာပါ။
++အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)++
ပူပြင်းတဲ့ ရာသီမှာ ဒီလက္ခဏာကတော့ အများစု ခံစားရတာဖြစ်ပြီး ရေဓာတ်အနည်းငယ် ဆုံးရှုံးမှုနဲ့ အတူဆား (Na) ဓာတ် ဆုံးရှုံးမှုလည်း တွေ့ရတယ်။ အဲဒါတွေရဲ့ အကျိုး ဆက်က ခြေ သလုံးကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာ ခံစား လာရတာပါ။ ကြွက်တက်ရင် လှုပ်ရှားမှုတွေ ရပ်တန့်ပြီး ကြွက်တက်တဲ့ ခြေထောက်ကို အနားယူဖြေလျှော့ပေး ထားသင့် တယ်။ ဥပမာ မတ်တတ်ရပ် နေရင် ထိုင်ချပြီး ခြေချောင်းတွေ ဒူးတွေကို ကွေးထားသင့်တယ်။ ဆန့်တန်းထားလေ၊ ကြွက်သားတွေ တင်းထားလေ ကြွက်တက်တာက နာကျင်မှု ပိုဆိုးလေ ဖြစ် ပါတယ်။ ကြွက်တက်တာက ကုန်းပေါ်တင်ဆို ဘာမှ မဖြစ်ပေမယ့် ပင်ပန်းတကြီး အားကစားလုပ်အပြီး သို့မဟုတ် ချွေးပေါက်ပေါက်ကျအောင် အလုပ်လုပ်အပြီး ရေကူး ရင် တော့ ရေကူးရင်း ကြွက်တက် ရင် ရေဆက်မကူး နိုင်တော့ဘဲ ရေနစ်တတ်ပါတယ်။ ကြွက်တက် တာက ကြွက်သားတွေ အပြင်းအထန် လှုပ်ရှားရပြီး ပင်ပန်း နွမ်းနယ်နေတဲ့အခါ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ ပိုဆိုးလေဖြစ်တယ်။ အဲဒီ လို ကြွက်တက်တဲ့အခါ ဖုထစ်နာကျင် နေတဲ့ ကြွက်သားနေရာကို အသာ အယာဖျစ်ညှစ်ပြီး ဖြေလျှော့ ပေးနိုင် သလို ဓာတ်ဆားရည်နဲ့ အီလက် ထရိုလိုက် ဖျော်ရည်တွေ သောက်သုံး ပေးဖို့ လိုတယ်။
++အပူကြောင့် မေ့လဲခြင်း (Syncope Due Heat)++
အကြာကြီး လေ့ကျင့်ခန်းလုပ်နေရင်၊ နေပူထဲမှာ အကြာကြီး လှုပ်ရှားသွားလာနေရင် ချွေးတွေ မတရား ထွက်ကုန်လို့ သွေးထဲ ရေဓာတ် ဆုံးရှုံးမှု သိသာစွာ ဖြစ်ပေါ်ကာ သွေးပေါင် တွေ ထိုးကျသွားပြီး သတိမေ့လဲသွား နိုင်ပါတယ်။ မျက်စိတွေ ပြာဝေပြီး ခေါင်းမူးချာလပတ် လည်ရမ်းပြီး သတိ မေ့လဲကျနိုင်ပါတယ်။ ချွေးထွက်များ လွန်းပြီး နုံးချည့်လာကတည်းက မတ်တတ် ရပ်နေရင် ချက်ချင်း ထိုင်ချ လိုက်ပြီး ဖြစ်နိုင်ရင် လှဲချ အနားယူ လိုက်ရပါမယ်။ ခန္ဓာကိုယ်ကို အေးမြ အောင် ရေပတ်တိုက်ခြင်း၊ လေအေး ပေးစက်ရှိတဲ့ အခန်းထဲ ဝင်နေခြင်း၊ ဓာတ်ဆားရည်၊ ဆားဖျော်ရည်နဲ့ သစ်သီးဖျော်ရည် များများသောက် သုံးခြင်း ပြုလုပ်လိုက်ရင် အပူဒဏ် ကြောင့် သတိလစ်တဲ့အထိ မပြင်းထန် နိုင်ပါဘူး။
++အပူကြောင့် ခြေလက် ရောင်ရမ်းခြင်း (Heat Oedema)++
အအေးပိုင်းမှာနေတဲ့ လူတွေက ပူတဲ့အရပ်ဒေသကို ပြောင်းရွှေ့ ရောက်လာကာစမှာ အပူ ဒဏ်ကြောင့် ခြေထောက်တွေ လက်တွေ လေဖြန်း သလို ရောင်ရမ်းလာတတ်တယ်။ အပူပိုင်း ဒေ သမှာ နေကျင့်ရသွားတဲ့ အခါ၊ နေသားကျသွားတဲ့အခါမှာတော့ အရောင်ကျသွားနိုင်တယ်။ အပှုကြောင့် ခြေလက်ထုံကျဉ်ခြင်း ခြေချောင်းလက်ချောင်းတွေ ထုံကျဉ် လာခြင်း၊ တုန်ယင် လာခြင်းတွေ ခံစား လာရတတ်တယ်။ အဲဒီအခါ အပူဒဏ် ကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အသက် ရှူမြန်ဆန်ခြင်းတွေနဲ့ တွဲဖက်တွေ့ရှိရ တယ်။ တချို့လူတွေမှာ နေ့ခင်းက အပူဒဏ် ခံစားခဲ့ရပြီး ညနေ သို့မဟုတ် ညရောက်မှ ခြေချောင်းလက်ချောင်း တွေ အကြောတင်သလို ပူးကပ်သွားခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်းတွေ ခံစား လာရတယ်။ အဲလိုတွေ ခံစားရရင် ရေပတ် တိုက်ခြင်း၊ အေး တဲ့နေရာ ရွှေ့ ထားခြင်း၊ ဓာတ်ဆားရည်တိုက်ခြင်း ပြုလုပ်ပေးရတယ်။ မျက်နှာ ပေါ် ပလတ်စတစ်အိတ်စွပ် ရှူထုတ်ပြီး သားလေကို ပြန်အရှူခိုင်းရင် အသက်ရှူမြန်တာပါ သက်သာ သွားနိုင်တယ်။ အထက်ပါ အပူဒဏ် ခံစားရတာ တွေထက် ပိုဆိုးတာကတော့ အောက် ပါတို့ဖြစ်ကြတယ်။
++အပူကြောင့် အားအင်ကုန်ခမ်း ချဉ်နဲ့ခြင်း (Heart Exhaustion)++
အပူဒဏ် ခံစားလာရတာ ပြင်းထန်လာရင် ပြင်ပအပူချိန် မြင့်သလောက် ကိုယ်အပူချိန် ရုတ်တရက် တက်လာတာကို ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ F) အထိ မြင့်တက်လာတာ တွေ့ရှိ ရတယ်။ ကယောင်ကတမ်း ပြောတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင် ရာ (CNS) ချွတ်ယွင်းမှု အနည်းငယ်ပါ တွေ့ရတယ်။ အဲဒါတွေကတော့ ပျို့ အန်ခြင်း၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း၊ ခေါင်းအုံ ခေါင်းမူးခြင်း၊ ကြက်သီးမွှေး ညင်းထခြင်း၊ အားအင်ချည့်နဲ့ခြင်းနဲ့ သတိမေ့လဲကျခြင်း အထိ ဖြစ်လာနိုင် တယ်။ အပူဒဏ်ကြောင့် လဲကျမှုကို ပိုဖြစ်စေတာတွေကတော့ ရေသောက် နည်းခြင်း၊ အရက်သေစာနဲ့ မူးယစ် ဆေးသုံးစွဲခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း စတာတွေပဲ ဖြစ်ကြတယ်။
နေပူထဲက ပြန်လာအပြီး အထက်ပါ လက္ခဏာတွေ ခံစားစ ပြုလာတာနဲ့ အရိပ်မှာ နားနေကာ ပန်ကာလေ သို့မဟုတ် ယပ်တောင် ခတ် လေသလပ်ခံခြင်း၊ ခန္ဓာကိုယ်ကို အေးမြသွားအောင် အရိပ်ထဲ ခေတ္တ ၁၅ မိနစ် နာရီဝက်နားပြီးမှ ရေပတ် တိုက်ခြင်း၊ လေအေးပေးစက် အခန်း ကောင်းတဲ့ ချည်ထည်တစ်ထပ်တည်း ဝတ်ဆင်ခြင်း၊ ရေခဲဝတ် သို့မဟုတ် ရေအေး ဝတ်တွေကို ချိုင်းကြား၊ ပေါင်ခြံကြား၊ လည်ပင်းကြားတွေမှာ ထားပြီး အပူကျအောင် ပြုလုပ်ခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ လူနာက သတိမေ့နေလျှင် ကိုယ် တွင်းအရည်ဆုံးရှုံးတာ အမြန်ပြန် ဖြည့်ဖို့နဲ့ အခြားလိုအပ်တာတွေ ကုသပေးနိုင်ဖို့ ဆေးရုံဆေးခန်း အမြန် ဆုံးသွားရောက်ပြ သသင့်ပါတယ်။
ဒီလိုအနေအထားမှာ အချိန်မီ မကုသရင် အသက်အ္တရာယ်ပေးနိုင် တဲ့ အပူရှပ်ရှော့ခ်ရခြင်း အခြေအနေ သို့ ဆိုးရွားသွားနိုင်တယ်။ သို့မဟုတ် ဖျားနေတဲ့ ကလေး လူကြီး တွေကို အဝတ် ထူထူ အထပ်ထပ် ဝတ်ဆင် စောင်ထူထူခြုံ၊ လေစိမ်း မထိအောင် ပြတင်းပေါက်တွေ ပိတ် ဆို့ပြီး ချွေးထုတ်တဲ့ အလေ့အထ ဟာမှားယွင်းကြောင်း ဖော်ပြလိုပါ တယ်။ ချွေးထွက်မှ အဖျား ကျမယ် ထင်နေကြတာဟာ ရောဂါကို ပိုဆိုး စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် ၉၈.၆ံ ဖာရင်ဟိုက်မှာသာ ကိုယ်အင်္ဂါ အဖွဲ့အစည်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ဟာ ပုံမှန်အတိုင်း လုပ်ဆောင်နိုင် တာ ဖြစ် တယ်။ အဲဒီထက် ပိုပူလေလေ ပုံမှန်လုပ်ငန်းတွေ မဆောင်ရွက်နိုင် တော့ဘဲ အင်္ဂါအစိတ်အပိုင်းတွေ ကျောက်ကပ်၊ နှလုံး၊ အဆုတ်၊ အသည်းတွေ ထိခိုက်ပျက် စီးကာ အသက်သေဆုံးရ မှာဖြစ်ပါ တယ်။ ဒါ ကြောင့် အဲဒီအပြုအမူတွေ စွန့်လွှတ်ဖို့ လိုပါပြီ။ ဒါ့အပြင် ငယ်ငယ်က ရွတ် ခဲ့တဲ့ သံပေါက်ကို ပြင်ဆင်ပြီး "ကိုယ်ပူ ရင်ရေချိုးနှင်းတောတိုး ချမ်းရင်စောင် ခြုံမီးကိုလှုံ"လို့ ရွတ်ဆို လိုက်နာ သင့် ပါတယ်။
++အပှုရှပ် ရှော့ခ်ရခြင်း ( Heat Stroke)++
အပူဒဏ်ခံရသော ဝေဒနာထဲမှာ အဆိုးဆုံးနဲ့ အသက်သေဆုံး နိုင်ဆုံးရောဂါဖြစ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အပါအဝင် ကိုယ် အင်္ဂါအဖွဲ့အစည်းတွေရဲ့ တစ်သျှူးတွေ ပါ ပျက်စီး ယိုယွင်းလို့ ရက်ပိုင်းနာရီပိုင်း အတွင်း အသက်သေဆုံးနိုင်လို့ မပေါ့ ဆသင့်ပါဘူး။ အရေးပေါ် မကုသရင် သေဆုံးနှုန်းက ၅၀ ရာနှုန်းတောင် ရှိတယ်။ နေပူထဲကို သာမန်ဆိုရင် မိဘခိုင်းရင်တောင်ငြင်း ဆန်ကြမှာပေမယ့် အပျော်အပါးနဲ့ ပတ်သက်တဲ့ သင်္ကြန် သတိထား ဆင်ခြင်စရာပါ။ ချွေးသီးချွေးပေါက် တဖြိုင်ဖြိုင်ကျလာ ခြင်း၊ ရေဓာတ်ဆုံးရှုံးတာ များသွားလို့ ကိုယ်တွင်းရည် ခန်းခြောက်လာပြီး ပါးစပ်နဲ့အာခေါင် ခြောက်လာခြင်း၊ ချွေးနဲ့အတူ ဓာတ်ဆား တွေပါ ဆုံးရှုံး ရလို့ မလှုပ်ချင်မကိုင်ချင် ချည့်နဲ့လာ ခြင်း၊ ဒီအခြေအနေမှာ အနားမယူ ဆေးလည်း မကုရင်ချွေးခြောက်လာပြီး အရေပြားက တင်းကျပ်ခြောက်သွေ့ လာကာ ကိုယ် အပူချိန် တအားမြင့် တက်လာတာတွေ့ရပြီး ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် အများကြီး ကျော်လွန်လာတယ်။
အသက်ကြီးတဲ့သူတွေ နဲ့နာတာရှည်နေမကောင်းနေတဲ့သူ တွေမှာတော့ အရေးပေါ်အပူရှပ် လက္ခဏာတွေက လူငယ်တွေလောက် မမြန်ဆန်ဘဲ ဝေဒနာပေါ်တာ နှေးကွေးပါတယ်။ မကုသဘဲ ထားရင် အပူရှပ်တာကြောင့် အသက်အရွယ် မရွေးဘဲ အသည်း၊ နှလုံး၊ ကျောက် ကပ်၊ ဦးနှောက်နဲ့ ကြွက်သားတွေပါ ပျက်စီးပြီး သေဆုံးရတယ်။ အဲဒါ ကြောင့်မို့ နေပူမိလို့ ချွေး တစိုစိုနဲ့ မောပန်းနေ တာနဲ့စာရင် ချွေးခြောက်ပြီး မီးဖိုကြီးလို ပူပြင်းတဲ့ အပူချိန်နဲ့ ဟောဟဲ လိုက် မောပန်းနေတဲ့လူနာက ပိုပြီး အသက်ဘေးနီးပါတယ်။ ခံစား ရတာတွေကလည်း ပိုပြီးပြင်းထန် ပါတယ်။ ကယောင်ကတမ်းပြောတာ၊ တက်ချက်တာ (Fits) ၊ သွေးပေါင်ကျ ရှော့ခ်ရတာ၊ သတိလစ်သွားတာ၊ အသက်ရှူကျပ်မောပန်းတာ၊ ဆီး မထွက်တော့တာ စတာ တွေ ဖြစ်ပေါ် လာပါတယ်။ အရေးပေါ် ဆေးရုံတက် ပြီးကုသမှု ချက်ချင်းယူသင့်ပါတယ်။ အပူရှပ်တာရဲ့ ပြင်းထန်တဲ့ ပမာဏ၊ ကုသမှုစောစီးစွာ ရမရနဲ့ လူနာရဲ့ အသက်အရွယ် အရက် သေစာနဲ့ ဆေးဝါးသောက်သုံးထားမှု ရှိမရှိ၊ ရောဂါအခံ တွဲဖက်ရှိမရှိ စတဲ့အချက် ပေါ် မူတည်ပြီး အသက်အန္တရာယ် ကွာခြားသွားနိုင်တယ်။
++အပူဒဏ်မခံစားရအောင် ကာကွယ်ခြင်း++
နွေပေါက်လာရင် သတင်းစာနဲ့ တီဗီ အစီအစဉ် တွေကနေ အပူဒဏ် ကာကွယ်ရေး လျော့နည်းရေး အတွက် အောက်ပါအတိုင်း နှိုးဆော် ထားကြတယ်။ နံနက် ၁၀ နာရီမှ ညနေ ၅နာရီ အတွင်း လွင်တီး ခေါင်မြစ်ကမ်းနား ရေတွင်း ရေကန်တို့မှာ ရေချိုးခြင်းမှ ရှောင်ကျဉ်၍ အရိပ်ရ အေးမြသော နေရာမှာ နေထိုင်ရန်နဲ့ နေပူထဲက ပြန်လာပြီး အရိပ်ထဲမှာ နာရီဝက် တစ်နာရီ အနားယူပြီးမှ ရေ ချိုးပါ။ အပူထဲက ပြန်လာလာချင်း ရေချိုးရင် အပူအအေး ပြောင်းလဲမှု လျင်မြန် လွန်းလို့ လူ့ကျန်းမာရေးကို ထိခိုက် ဆိုးရွားစေပါတယ်။
နေပူထဲမှာ ကြာ ရှည်စွာ အားကစားလုပ်ခြင်း၊ ဂေါက်ရိုက်ခြင်း၊ ပြင်းထန်တဲ့ အားကစား လုပ်ခြင်းတို့ကို ရှောင်ကျဉ်ပါ။နေ့ခင်း ဘက် နေပူထဲထွက်တိုင်း အရိပ်ရနိုင်တဲ့ အနားဝိုင်းကျယ် ဦးထုပ်၊ ခမောက် ထီးဆောင်းပါ။ အလင်းရောင်ကို ပြန်စေတဲ့ ခန္ဓာကိုယ်က မစုပ်ယူစေတဲ့ ချည်ထည်အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် လက်ရှည်၊ လုံချည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။ ချွေးထွက်လွန်ပါက ဓာတ်ဆားရည်၊ သန့်ရှင်းတဲ့အုန်းစိမ်း ရည်နဲ့ ဆားဖျော်ရည်သောက်ပါ။ ကိုယ်ပူပါက ရေအေးပတ်နိုင်အောင် တိုက်ပါ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူတွေ၊ အသက်ကြီးသူ ဘိုးဘွား တွေနဲ့ ကလေးငယ်တွေဟာ နေ့ခင်း နေ့လယ် အပြင်မထွက်ဘဲ အေးမြ၍ အရိပ်ရသော နေရာမှာ နေထိုင်ပါ။ မိတ်ဖု၊ ယားဖု၊ အပူဖုပေါက်ပါက ရေအေးဖတ် တိုက်ပြီး သနားခါး လိမ်း ပေးပါ။
အထက်ပါ နှိုးဆော်ချက်တွေ အတိုင်း လိုက်နာရင် အပူဒဏ်ခံရ သက်သာနိုင်ပါတယ်။ အပူဒဏ် ခံရတာရဲ့ အဓိက အချက်က ရေဓာတ်ဆုံးရှုံး တာကစပါတယ်။ ရေများများသောက် ပေး ရင် ရေငတ်တော့ ပြေစေပေမယ့် ချွေးထွက်များလို့ ဆားဓာတ်ဆုံးရှုံးတာ ကိုတော့ မသက် သာစေဘဲ သွေးထဲ မှာ ဆိုဒီယမ်ယုတ်လျော့မှု (Hyperdilutional Hyponatremia) ကို ပိုဆိုးစေတာမို့ ဓာတ်ဆား ရည်သောက်ကို သောက်သင့်ပါတယ်။ ဓာတ်ဆားဖျော်ရည်ကို အချိုးကျ အထုပ်ကြီး တစ်ထုပ်ကို ရေတစ်လီတာ ပုလင်းနဲ့ ဖျော်ရမှာ ဖြစ်ပြီး အမှုန့်နည်း နည်းချင်း ရေနည်းနည်းနဲ့ ဖျော် တာက အာနိသင် အပြည့်မရ စေပါဘူး။ ရေဓာတ်ဆုံးရှုံးရင် ရေငတ်တာနဲ့ ပြတာက ရေဓာတ်ဆုံးရှုံးတာ များသလောက် မဖော်ပြနိုင်ပါဘူး။
အထူးသဖြင့် ကလေးတွေနဲ့ အသက် အရွယ်ကြီး သူတွေမှာ အရည်အများ ကြီးဆုံးရှုံး တာတောင် ရေနည်းနည်းပဲ ငတ်တတ်ကြပါတယ်။ အဲဒါကြောင့် ချွေးထွက်တဲ့ ပမာဏများရင် များ သလို ရေမငတ်လည်း ဓာတ်ဆားရည် ကြိုတင်ပြီး များများသောက်ပေးရင် အပူဒဏ်ခံရ သက်သာစေပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင် ရေဝ အောင် အသင့်အတင့်သောက်သုံးသင့် ပြီး အားကစား လုပ်နေစဉ် ၁၅ မိနစ် တစ်ခါ ရေတစ်ဖန်ခွက် (၅ အောင်စ ကနေ ၁၀ အောင်စ) အထိ ကိုယ်အလေးချိန်များရင် များသလို ပိုသောက်သင့်တယ်။ ချွေးထွက်ရင် ရိုးရိုး ဓာတ်ဆား အပြင် အားကစား သမား သောက်တဲ့ ဓာတ်ဆားချို ဖျော်ရည် လည်း သောက်နိုင်ပါတယ်။ အား ကစားပြိုင်ပွဲတွေကို နံနက်စောစော သို့မဟုတ် ညနေပိုင်းနေကျချိန် တွေမှာသာ ကျင်းပသင့်ပြီး မိနစ် ၂၀-၃၀ တစ်ခါ ဘရိတ်ပေး နားသင့် ပါတယ်။
လေ့ကျင့်ခန်းအပြင်းအထန် လုပ်တဲ့ သူတွေဆိုရင် အားကစား မလုပ်ခင်နဲ့ လုပ်အပြီး ကိုယ် အလေးချိန် သေချာချိန်ပြီး ဝိတ်တစ်ပေါင်ကျ သွားတိုင်း ရေရှစ်အောင်စ ဖြည့် သောက်ပေး သင့်ပါတယ်။ အားကစား ၁ နာရီလောက် လုပ်ရင် ဓာတ်ဆား ရည်နည်းနည်း ရေများများ သောက်ရင် လုံလောက်ပေမယ့် တစ်နာရီကျော်ရင်တော့ ဓာတ်ဆားရည်များများရေ အသင့် အတင့်သောက်ဖို့ လိုလာပါ တယ်။ ဆော့တ်ဆားပြားတွေကိုတော့ အရမ်း ကာရော သောက်ဖို့ မသင့်ပါဘူး။ သွေးထဲဆား ဓာတ်များလွန်း သွားရင်လည်း အ္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် ဖော်ပြပါ အချက်များအတိုင်း နွေအပူ ဒဏ်ကို ရှောင်ကျဉ်ကာ အပူရှပ်ခြင်း ဘေးရန်မှ ကင်းဝေး ကြပါစေကြောင်း ဆန္ဒပြုရပါတယ်။ ■
+ဒေါက်တာ မြမြခြယ် (ကလေး အထူးကု ဆရာဝန်ကြီး)+

Saturday, March 7, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment