ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 10, 2015

==လူထုကျန်းမာရေး(ဆေးစွမ်းအလွန်ထက်သော ကန်းဇော်ဆီ)==

>
**Public Health**
 ကန်းဇော်ဆီဟာ အလွန်ဆေးစွမ်းထက်သော အဖိုးတန် သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။ ကန်းဇော်ပင်ကို ကြမ်းပိုးအနံ့နှင့်ဆင်သောကြောင့် သစ်ကြမ်းပိုးပင် ဟူ၍၄င်း၊ တောင်မင်းဂွတ် ဟူ၍၄င်း ခေါ်ဝေါ်ကြပါတယ်။ အင်္ဂလိပ်လို Mahua Tree လို့ခေါ်ပါတယ်။ ကန်းဇော်ပင်၏ ပင်စည်ကို ဘုရားဆင်းထုတော် ထုလုပ်သည့်နေရာမှာ အသုံးများကြတယ်။ အိန္ဒိယမှာတော့ ဘာသာရေးပွဲတွေမှာ ကန်းဇော်သီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။ ကန်းဇော်ပင်ဟာ အရှေ့တောင်အာရှနိုင်ငံဒေသမှာ အများဆုံး ပေါက်ကြပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ နီပေါလ်နှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ ပိုမိုပေါက်ရောက်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်ကြပါတယ်။ ကုန်းကန်းဇော်နှင့်ရေကန်းဇော်ဆိုပြီး ၂ မျိုးရှိပါတယ်။ အရောင်နှင့် အသီးပုံစံ အနည်းငယ် ကွာနိုင်ပေမယ့် အကျိုးအာနိသင်ခြင်း အတူတူဖြစ်ပါတယ်။

** ဆေးအဖြစ် အသုံးဝင်ပုံများ**

 (၁) အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မီးယပ်ရောဂါများအတွက် ကန်းဇော်ဆီစစ်စစ်ကို ထမင်းပူပူနှင့် နယ်စားပါ။ ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနှင့် မနက်၊ ည သောက်သုံးလျှင် ရောဂါပျောက်ကင်းပါသည်။
 (၂) ထိခိုက်၊ ရှနာ၊ ပွန်းပဲ့ စသည့် ဒဏ်ရာအမျိုးမျိုး၊ အပူလောင်ခြင်း၊ ခွဲစိပ်ခြင်း၊ အနာစိမ်းပေါက်ခြင်း၊ ပြည်တည်ခြင်း၊ အကျိတ်၊ အဖု စသည့် အနာများကို ကန်းဇော်ဆီဖြင့် တစ်နေ့ ၃ ကြိမ် လိမ်းပေးပြီး အ၀တ်ပါးပါးဖြင့် စည်းထားပါ။ ၂ ရက်အတွင်း အနာချောက်၍ တစ်ပတ်အတွင်း အမာရွတ်ပါမကျန်အောင် ပျောက်ကင်းပါသည်။
 (၃) မြွေ၊ ကင်း၊ ပျား၊ ပုရွက်ဆိတ်၊ ပိုးကောင်အမျိုးမျိုး စသည့် အဆိပ်ရှိသည့် အကောင်များကိုက်လျှင် ကန်းဇော်ဆီကိုသာ လိမ်းပေးလိုက်ပါ။ ချက်ချင်း အဆိပ်ပြေသွားပြီး သက်သာပျောက်ကင်းပါသည်။ ( ပျားကိုက်၍ ကန်းဇော်ဆီဖြင့် လိမ်းပေးလိုက်သဖြင့် ၁၀ မိနစ်အတွင်း ပျားအဆိပ်ပြေပြီး နာကျင်ခြင်းလုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်)
 (၄) ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ကိုက်ခြင်း၊ အကြောတက်ခြင်း၊ ညောင်းညာခြင်းများအတွက် ကန်းဇော်ဆီကို ပါးပါးလိမ်း၍ အနည်းငယ် နှိပ်နှယ်ပေးလျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေပါသည်။
 (၅) ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ နှလုံးအားနည်း၊ ပန်းနာရင်ကျပ်နှင့် အစာမကြေခြင်းများအတွက် ပျားရည်အနည်းငယ်နှင့် ရောစပ်၍ လက်ဖက်ရည်ဇွန်းဖြင့် တစ်နေ့ ၂ ကြိမ် သောက်သုံးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။ 

**အတုအပများ သတိပြုစေလို** 

ကန်းဇော်ဆီဟာ ဆေးဖက်ဝင်သည့် အလွန်တန်ဖိုးရှိသည့် အဆီတစ်မျိုးဖြစ်သည့်အတွက် ယခုအခါတွင် လူကြိုက်များလာသည့်ကာ အချို့စီးပွါးရေးသမားများမှာ အမြတ်များများကျန်ဖို့အတွက် ဆီအမျိုးမျိုးဖြင့် ရောစပ်ခြင်း၊ ကြိတ်ဖတ်ကို ပြန်ပေါင်း၍ အဆီထုတ်ခြင်း၊ အတုများပြုလုပ်၍ ရောင်းချခြင်းများကို ဈေးကွက်အတွင်း မြင်တွေ့နေရခြင်းကြောင့် အတုအပများကို သတိထားပြီးမှ ၀ယ်ယူသင့်ပါကြောင်း မြိတ်ခရိုင်တိုင်းရင်းဆေးဝါးဌာနမှ သတိပေးထားပါတယ်။ အနာရောဂါများ ကင်းရှင်း၍ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

+ နေဆိုင် (ပူတာအို)+

ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ အစွမ်းထက်သောဆေးမြီးတိုများ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)