ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 21, 2015

== ခေါင်းဆောင်မင်းသမီးနေရာုငြင်းပယ်ခဲ့သည့်အမ်မာစတုန်းနှင့် ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
** ခေါင်းဆောင်မင်းသမီးနေရာုငြင်းပယ်ခဲ့သည့်အမ်မာစတုန်း**

 ”Spider man”ဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်ကြားလာခဲ့ သော
 ဟောလိဝုဒ်မင်းသမီးချောအမ်မာစတုန်းသည် ““Ghostbusters””၊ရုပ်ရှင်သစ်တွင် ခေါင်းဆောင်မင်းသမီးနေရာမှရိုက်ကူးပေးရန် ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့ သည်။ အခြားဟောလိဝုဒ်အကျော်အမော် သရုပ်ဆောင်များဖြစ်သည့်  ခရစ်စတင်းဝစ်ဂ်၊ မယ်လစ်ဆာမက် ကတ်သီနှင့်  ခရစ်ဟမ်းစ်ဝက်သ်တို့ သည် အဆိုပါရုပ်ရှင်တွင် ပါဝင်ရိုက်ကူးပေးရန် သဘောတူစာချုပ် ချုပ်ဆိုထားပြီးဖြစ်ရာ ထိုကဲ့ သို့ သောရုပ်ရှင်မျိုးတွင် ရိုက်ကူးပေးရန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ သည့် အမ်မာ၏ ငြင်းဆိုမှုသည်ပရိသတ်များကို အံ့ သြစေခဲ့သည်။
အဆိုပါငြင်းဆိုမှုနှင့်  ပတ်သက်၊အမ်မာက““ ဇာတ်လမ်းကတော့ကောင်းပါတယ်။ ဒါပေမယ့်  ခုချိန်ကကျွန်မအတွက်ရုပ်ရှင်ပြန်ရိုက်ဖို့ အချိန်ကောင်းမဟုတ်သေးဘူး လို့  ခံစားရတယ်””ဟုWall Streetဂျာနယ်သို့  ပြောသည်။ လတ်တလောတွင် အမ်မာသည်သူ၏ချစ်သူ အန်ဒ၊ူဂါးဖီးလ်နှင့် အတူ အချိန်ကုန်လွန်လျက်ရှိပြီး အခြားသောလုပ်ငန်းကိစ္စများနှင့်  အလုပ်များနေကြောင်း အမ်မာက ဆိုခဲ့သည်။ (အေးပြည့်)

**သတို့ သမီးအရန်အဖြစ်ဆောင်ရွက်သွားမည့် ဒေမီလက်ဗားတိုး**
အမေရိကန်ပေါ့ပ်အဆိုတော်နှင့် ရုပ်ရှင်သ၊ုပ်ဆောင် ဒေမီလက်ဗားတိုးသည်““Sonny With a Chance””တွင် တွဲဖက်သရုပ်ဆောင်ခဲ့ သော တစ်ဖရီသွန်းတွန်၏ မင်္ဂလာပွဲတွင် သတို့ သမီးအရန်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ ပြင်သူသည်အချစ်ဆုံးသူငယ်ချင်း အစ်ဂီအဇယ်လ်လီနှင့်  အဆိုတော်နစ်ယန်းတို့၏ မင်္ဂလာပွဲတွင်လည်း သတို့သမီး အရန်အဖြစ် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်းဒစ်စနေ ကြယ်ပွင့်က ဆိုခဲ့ သည်။ အစ်ဂီက““ ကျွန်မ မင်္ဂလာဆောင်မှာသတို့ သမီးအရန် လေးယောက်ပါဝင်မှာပါ။ ဒေမီလက်ဗားတိုးလည်း တစ်ယောက်အပါအ၀င်ပေါ့။ အကုန်လုံးကတော့သူငယ် ချင်းတွေပါပဲ။ ဒေမီကတော့ မင်္ဂလာဆောင်အတွက်သီချင်းလည်း ဆိုပေးဦးမှာပါ””ဟု ဂျိမ်းစ်ကော်ဒန်နှင့် ပြုလုပ်ခဲ့ သော The Late Late Showရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့ သည်။ လတ်တလောတွင် ဒေမီသည် ဆိုနီ၊ရုပ်ရှင်ထုတ်လုပ်ရေး မှရိုက်ကူးသည့်Smurfsရုပ်ရှင်သစ်တွင် အသံဖြင့်  ပါဝင် သ၊ုပ်ဆောင်လျက်ရှိပြီး သွက်လက်တက်ကြွသည့်  Smurfette၏ နေရာတွင် သရုပ်ဆောင်ရသည့် အတွက် စိတ်လှုပ်ရှားမိ ကြောင်း သူကဆိုသည်။(အေးပြည့်) 

**နေမာ လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ**

 (ကိုလံဘီယာကိုဘရာဇီးက၁ဂိုး-ဂိုးမရှိနဲ့ရှုံးတဲ့ပွဲမှာအသားလွတ်လူချလို့ ပွဲသိမ်းခရာမှုတ်ခါနီးမှာဒိုင်လူကြီးကနေမာကိုအနီကတ် အခုလိုပြသထုတ်ပယ်ခဲ့)
ပြီးခဲ့ သည့်  ဇွန် ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ သော ကိုလံဘီယာနှင့် ပွဲတွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ ရသော ဘရာဇီးတိုက်စစ်မှူးနေမာသည် လေးပွဲပယ်ပြစ်ဒဏ်ချမှတ် ခဲ့ ခြင်းကြောင့်  နည်းပြဒွန်ဂါအနေဖြင့်  ကိုပါအမေရိက လက်ကျန်ပွဲစဉ်များကို နေမာမပါဝင်ဘဲ ကစားစေရတော့ မည်ဖြစ်သည်။ နေမာသည် အဆိုပါပွဲတွင် ဒေါသမထိန်း နိုင်ဘဲ ကိုလံဘီယာအသင်းသားများနှင့်  ပြ၊သနာဖြစ်ပွား ခဲ့ ရာ ပွဲပြီးခရာမှုတ်ပြီးနောက် တိုက်၊ိုက်အနီကတ်ပြသ ခံခဲ့ ရခြင်းဖြစ်သည်။ နေမာအနေဖြင့်  ကိုလံဘီယာနှင့် ပွဲမှာပင် အနီကတ် တစ်ကြိမ်၊ အ၀ါကတ်တစ်ကြိမ်ပြသခံခဲ့ ရပြီး ပွဲဦးထွက် ပီရှုးနှင့် ပွဲစဉ်ကိုလည်း အ၀ါကတ်တစ်ကြိမ်ထိခဲ့ သေးသည်။ နှစ်ပွဲဆက်တိုက်အ၀ါကတ် ပြသခံခဲ့ ရခြင်းကြောင့်  နေမာမှာ အစောပိုင်းကပင် ဗင်နီဇွဲလားနှင့်  ယှဉ်ပြိုင်ကစားရမည့်  အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သော်လည်း ယခုအနီကတ်ကြောင့် ရရှိသော ပြစ်ဒဏ်မှာမူ အကယ်ပင် ဘရာဇီးအနေဖြင့်  နောက်အဆင့် များသို့  ထပ်မံတက်ရောက် နိုင်လျှင် ၀င်ရောက်ကစားခွင့် မရှိသော ပြစ်ဒဏ်ဖြစ်သည်။ ယင်းပြစ်ဒဏ်ကို တောင်အမေရိကအုပ်ချုပ်ရေး အဖွဲ့ က ချမှတ်ခဲ့ ခြင်းဖြစ်ပြီး ဘရာဇီးနည်းပြဒွန်ဂါအနေဖြင့်  နေမာမရှိသော တိုက်စစ်တွင် ကော်တင်ဟိုနှင့် ဒေါက် ဂလက်စ်ကော်စတာတို့ ကို ပွဲထွက်ကစားသမားအဖြစ် အစားထိုး ရွေးချယ်ရတော့မည်ဖြစ်သည်။(ရွိုင်ယန်ဟေဒင်) 

**ပေါ့ဘာအားမရရှိခဲ့ပါကပေါင်သန်း ၄၀ ပေးပြီးဝီလ်ရှိုင်းယားအား ခေါ်ယူသွားရန်မန်စီးတီးစီစဉ်** 

(မန်စီးတီးအသင်းကအသည်းအသန်အလိုရှိနေတဲ့ ဟန်ဒါဆင်(လစ်ဗာပူး)၊၀ီရှိုင်းယား(အာဆင်နယ်) ပေါ့ဘာ(ဂျူဗင်တပ်စ်))

မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီသည် ယခု နွေရာသီအပြောင်းအရွှေ့ ကာလတွင် ပြင်သစ်နှင့်  ဂျူဗင် တပ်ကွင်းလယ်ကစားသမား ပေါ့ဘာအား ပထမဦးစားပေး ကစားသမားအဖြစ် ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိပြီး အဆိုပါ ကွင်းလယ်ကစားသမား ပေါ့ဘာအား ပေါင်သန်း ၇၀ အထိပေး၊ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

လာမည့်ဘောလုံးရာသီတွင် မန်စီးတီးအသင်း အား ပရီမီယာလိဂ်ဖလားချန်ပီယံဖြစ်လာရန် ယခု အပြောင်းအရွှေ့ ကာလတွင် ဘာမဆိုလုပ်ရန်ရည်ရွယ်ထား ခြင်းကြောင့် ငွေကြေးသုံးစွဲမှုအများအပြားပြုလုပ်သွား မည် ဖြစ်ကြောင်းလည်း နည်းပြပယ်လီဂရီနီက ပြောကြား ခဲ့ သည်။ သို့ရာတွင် ဂျူဗင်တပ်ကွင်းလယ်ကစားသမား ပေါ့ဘာအား မန်စီးတီးအသင်းနှင့်အပြိုင် ဘာစီလိုနာအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့်  ပြင်သစ် ပထမတန်း၏အချမ်းသာဆုံးအသင်းဖြစ်သည့် ပီအက်စ်ဂျီအသင်းတို့ ကလည်း ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိသည်။ ထို့ကြောင့်  ပေါ့ဘာအနေဖြင့် လက်ရှိကလပ် ဂျူဗင်တပ်အသင်းမှ ထွက်ခွာမည်ဆိုပါက စပိန်လာလီဂါ၏ ထိပ်တန်းအဆင့်ရှိ အသင်းများဖြစ်သည့်ဘာစီလိုနာအသင်း သို့ မဟုတ် ရီးယဲလ်မက်ဒရစ်အသင်းသို့  ပြောင်းရွှေ့ ကစားလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ပေါ့ဘာအား ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ ကြေး မည်မျှပေးရမည်၊ ပေါ့ဘာနှင့်စပ်လျဉ်းသည့်  ဂျူဗင်တပ် အသင်း၏တုံ့ပြန်မှုများကိုမည်သည့်အချိန်အထိစောင့်ရမည်ဆိုသည်တို့နှင့်  ပတ်သက်ပြီးရှင်းလင်းစွာသိလိုကြောင်း ပေါ့ဘာနှင့်ဂျူဗင်တပ်တာဝန်ရှိသူများအား မန်စီးတီး အသင်း တာဝန်ရှိသူများက ပြောကြားခဲ့ သည်။ မန်စီးတီးအသင်းအနေဖြင့် ဂျူဗင်တပ်ကွင်းလယ် ကစားသမားပေါ့ဘာအား မခေါ်ယူနိုင်ခဲ့ ပါက အာဆင်နယ်ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားအား ခေါ်ယူသွားရန်ရှိနေပြီး ပြောင်းရွှေ့ ကြေးပေါင် သန်း ၄၀ အထိပေးသွား မည် ဖြစ်ကြောင်းလည်း ပြောကြားထားသည်။ 

အသက်(၂၃)နှစ်အရွယ်ရှိကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားသည် လက်ရှိအာဆင်နယ်အသင်းနှင့်  စာချုပ် သက်တမ်းသည် ၂၀၁၈ ခုနှစ်အထိဖြစ်ပြီး စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုရန်လည်းဆွေးနွေးမှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ယခုနှစ်နွေရာသီဈေးကွက်အတွင်း ကစားသမားခေါ်ယူမှုအဖြစ် ပေါ့ဘာနှင့်ဝီလ်ရှိုင်းယားတို့အား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည့် အပြင်လီဗာပူးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကိုလည်း ခေါ်ယူရန်စီစဉ်လျက်ရှိသည်။ 

သို့ ရာတွင် မန်စီးတီးအသင်း၏ စတာလင်အား ကမ်းလှမ်းလာမှုကို လီဗာပူးအသင်းက နှစ်ကြိမ်တိတိ ငြင်းပယ်ခဲ့ပြီး စတာလင်အား ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ ကြေးပေါင် သန်း ၅၀ ပေးရမည်ဟု လီဗာပူးအသင်းက ပြောကြားခဲ့သည်။ မန်စီးတီးအသင်းကမူ စတာလင်အား ပေါင် ၄၅ သန်းဖြင့်  တတိယအကြိမ်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း လည်း သိရသည်။လက်ရှိတွင် မန်စီးတီးအသင်းသည် ပေါ့ဘာ၊ ၀ီလ် ရှိုင်းယားနှင့် စတာလင်တို့အား ခေါ်ယူရန်စီစဉ်နေပြီး အဆိုပါ ကစားသမားသုံးဦးအနက် မည်သည့်ကစားသမား မန်စီးတီးအသင်း၏ အီတီဟက်ဒ်ကွင်းကြီးဆီသို့ ရောက်ရှိ လာမည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။(ငွေကြယ် )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)