အွန်စောဟုသာ မြန်မာပရိသတ်အမည်တပ်လေ့ရှိသော တောင်ကိုရီးယားမင်းသမီးချောဆောင်းဟေကိုသည် သူ၏တတိယမြောက်တရုတ်စကားပြော၊ရုပ်ရှင်ကိုရိုက်ကူးလျက်ရှိ ကြောင်း ယူကျူဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယခုရိုက်ကူးလျက်ရှိသောရုပ်ရှင်သည် "The Queens" ဟုအမည်ရပြီး ဆောင်းဟေကိုသည် ဒါရိုက်တာ ဝေါင်ကာဝိုင်းရိုက်ကူးပေးသော "The Grandmaster"နှင့်  ဂျွန်ဝူးရိုက်ကူးပေးသော"The Crossing" ဟူသည့်  တ၊ုတ်စကားပြော၊ရုပ်ရှင်နှစ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ သည်။
ဆောင်းဟေကိုက ““ကျွန်မတကယ့် ကိုကျက်သရေရှိတဲ့  တ၊ုတ်အမျိုးသမီးတစ်ယောက် နေရာကသရုပ်ဆောင်ခဲ့ တယ်။ အရင်ရိုက်ခဲ့ တဲ့ ရုပ်ရှင်တွေနဲ့ မတူတာကတော့ အခုဇာတ်လမ်းက ခေတ်သစ်အချစ်ဇာတ်လမ်းလေးပါ။ ဘ၀မှာနာကျင်စရာတွေနဲ့ ကြုံတွေ့ ခဲ့ ရပြီးမှ ကိုယ့် ကိုယ်ကိုယ် နားလည်သွားခဲ့ တဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြောင်းလေးပေါ့””ဟု ဇာတ်လမ်းနှင့် ပတ်သက်ပြီးတစ်စွန်းတစ်စဖွင့် ဟခဲ့ သည်။ အဆိုပါရုပ်ရှင်တွင် ဆောင်းဟေကိုသည်အန်နီးဟုအမည်ရသည့်အမျိုးသမီးလူစွမ်း ကောင်းတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ အန်နီးသည် လှပပြီးအရည်အချင်းရှိသည့်  မင်းသမီးတစ်ဦးဖြစ်ကာ ရှစ်နှစ်ကြာလက်တွဲလာခဲ့ သောချစ်သူနှင့်  လမ်းခွဲပြီးနောက် သူ့ ဘ၀အတွက်အလှည့်အပြောင်းဖြစ်စေနိုင်မည့် အခွင့် အရေးတစ်ရပ်ကိုရခဲ့ လေသည်။ (အေးပြည့်)
**ကင်မရာခိုးယူခဲ့ သည့် အတွက်ဂျက်စတင်ဘီဘာ၏ ကိုယ်ရံတော်ဟောင်းထောင်ဒဏ်ချမှတ်ခံရ**
ဂျက်စတင်ဘီဘာ၏ ကိုယ်ရံတော်ဟောင်းတစ်ဦးဖြစ်သူ အသက်(၃၃)နှစ်အရွယ်ရှိဟူဂိုဟစ်နီသည် ဓာတ်ပုံဆရာတစ်ဦးထံမှ ကင်မရာကိုခိုးယူခဲ့ သည့် အတွက် ထောင်ဒဏ်၄၅ ရက်ကျခံခဲ သည်။ ဟစ်နီသည် ပြီးခဲ့ သည့်  ဖေဖော်ဝါရီလက အတ်တလန်တာမြို့တွင် သတင်းထောက်တစ်ဦးထံမှ ကင်မရာကိုခိုးယူခဲ့သည့်အတွက် ယခု ကဲ့ သို့ ထောင်ဒဏ်ကျခံစေရန် ဖယ်လ်ကွန်ကောင်တီတရားရုံးက တနင်္လာန့တွင်အမိန့် ချမှတ်ခဲ့ ခြင်းဖြစ်သည်။ ထို့ ပြင် သူသည် လူမှုရေးလုပ်ငန်းများ ကိုလည်း လုပ်ဆောင်သွားရမည်ဖြစ်ကာ ဒေါသကိုထိန်းချုပ်နိုင်ရန် လေ့ကျင့် ပေးသည့်  သင်တန်းများကိုလည်း တက်ရောက်သွားရမည်ဖြစ်သည်။ ယခုတစ်ကြိမ်သည် ဟစ်နီအတွက်ဒုတိယအကြိမ် ကင်မရာခိုးယူခဲ့  ခြင်းဖြစ်ကာ ၂၀၁၃ဇွန်လက ဂျက်စတင်ဘီဘာနှင့် အတူ မိုင်ယမ်မီမြို့တော်ရှိ စတူရီယိုမှအပြန်တွင်လည်း သတင်းထောက်တစ်ဦး၏ကင်မရာကို ရယူ ရန်ကြိုးပမ်းခဲ့ သည့် အတွက် ထိန်းသိမ်းခံရဖူးသည်။(အေးပြည့်)
**ခက်ခဲသည့်ဖိအားဒဏ်ကို ခံနိုင်ရည်အားနည်းသူဟုနေမာအားရိုနယ်လ်ဒို ဝေဖန်**
ကိုလံဘီယာအားရှုံးနိမ့် ခဲ့ သည့်  ပွဲစဉ်တွင် နောက်ဆုံးပွဲသိမ်းခရာမှုတ်ပြီးချိန်တွင်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ ရသော ဘရာဇီး အသင်းခေါင်းဆောင်နေမာအား ယခင်ဘရာဇီးဂန္ထဝင်ကစားသမားရိုနယ်လ်ဒိုက ခက်ခဲသည့်ဖိအားဒဏ်ကို ခံနိုင် ည် အားနည်းသူဟု ဝေဖန်ခဲသည်။ အသက်(၂၃)နှစ်အရွယ်ရှိနေမာသည် အာမီရို၏ခြေထောက်နားရှိ ဘောလုံးကိုအသားလွတ်ကန်ခဲ့ပြီးနောက် မူရီလိုအားခေါင်းဖြင့် ဆောင့်တိုက်ခြင်းတို့ကြောင့်  ကွင်းအတွင်းရန်စောင်သည့်ပြသနာများဖြစ်ပွားခဲ့ရသည်။နေမာက ဒိုင်၏လုပ်ရပ်များက ယင်း၏စိတ်ကို ဆွပေးသလိုဖြစ်ခဲ့သည့် အတွက် ယင်းသို့ သောကိစ္စရပ်များဖြစ်လာရခြင်းဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သော်လည်း ရိုနယ်လ်ဒိုကမူ နေမာ၏အပြုအမူမှာ လက်ခံနိုင်စရာမရှိဟု ဝေဖန်ခဲ့ သည်။ ရိုနယ်လ်ဒိုက““ နေမာက အခုသူလုပ်ခဲ့တာနဲ့  သူပြောခဲ့ တာတွေကတကယ့် ကို ဆန့် ကျင်ဘက်တွေဖြစ်နေပါတယ်။ ဒေါသတွေနဲ့ လုပ်ချင်ရာလျှောက်လုပ်ခဲ့ပြီးမှ ဖြစ်လာတဲ့ကိစ္စရပ်တွေအပေါ်လက်မခံနိုင်ဘဲ စကားတွေနဲ့ ပြန်ပြီးတန်ဆာဆင်ကာကွယ်ဖို့  သူကြိုးစားနေတာပါ။ခင်ဗျားအနေနဲ့  ဘရာဇီးအသင်းဂျာစီကိုဝတ်ထားရင် ဒါမျိုးလုပ်လို့ မရဘူးဗျ”” ဟု ဝေဖန်ပြောကြားခဲ့သည်။(ရွှိင်ယန်ဟေဒင်)
** ဘာစီလိုနာ အသင်းမှ အက်ဒရီယာနိုထွက်ခွာမည်**
ဘာစီလိုနာအသင်းမှ နောက်တန်းကစားသမား အက်ဒရီယာနိုသည် ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားခွင့် အများအပြား ရရှိခဲ့ သော်လည်း ယခုနှစ် နွေရာသီအပြောင်း အရွှေ့ကာလတွင် နူးကမ့်ကိုလမ်းခွဲကာ အခြားကလပ်အသင်းသို့  ပြောင်းရွှေ့ ကစားရန်ရှိနေကြောင်းယင်း၏အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။ အက်ဒရီယာနိုသည် လက်ရှိဘာစီလိုနာ အသင်း၏ နောက်တန်းတွင် ဂျော်ဒီအယ်လ်ဘာ၊ ဒန်နီအဲလ်ဘတ်နှင့်  မက်သီရှုးတို့ နှင့်အတူပုံမှန်ပွဲထွက်ကစားခွင့်ရရှိထားသော်လည်း ဘာစီလိုနာအသင်းထက်ပုံမှန်ပွဲထွက်ကစားခွင့် ရရှိမည့်  အသင်းတစ်သင်းတွင်ပါဝင်ကစားခွင့် ရရှိရန်ဆန္ဒရှိနေခဲ့သူဖြစ်သည်။ ““အက်ဒရီယာနိုဟာ ဘာစီလိုနာမှာ ပျော်ရွှင်မှုရရှိနေပါတယ်။ ဘာစီလိုနာအသင်း မှာကစားနေတာကြောင့်သူ့ အတွက် ဘာစီလိုနာအသင်းနဲ့အတူ သမိုင်းသစ်တစ်ရပ်လည်းရေးထိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဘာစီလိုနာထက်အချိန်ပိုပြီးကစားခွင့် ရမယ့်အသင်းတစ်သင်း ကိုပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေခဲ့ တာပါ””ဟု အက်ဒရီယာနို၏ အေးဂျင့်ဖြစ်သူ ပေါ်လိုအက်ဖွန်ဆိုက ပြောကြားခဲ့သည်။ (ငွေကြယ်)

No comments:
Post a Comment