ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဂါမန်း(ခေါ်) အေ၀မ်း အထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၇၀၀ကျော်က မတရား ဖိနှိပ် ခံရမှုများအတွက် တောင်းဆိုထားသည့် အချက်(၇)ချက်နှင့်ပတ်သက်၍ စက်ရုံပိုင်ရှင် တာဝန်ရှိသူများနှင့် ဇူလိုင်လ ၄ရက်နေ့က တောင်းဆိုဆန္ဒပြရာမှ စတင်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လာခဲ့သော်လည်း ယနေ့အထိ ပြေလည်မှု မရှိသေးကြောင်း သိရ သည်။ ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ ယင်းစက်ရုံရှိ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကြည်စိုးက “ကျနော်တို့ အခု ဆွေးနွေးတဲ့အချက် (၇)ချက်ထဲမှာ ၆ချက်ကတော့ ပြေလည်မှုရသွားပြီ လက်ရှိ လုပ်အားခထက် ဘတ်(၂၀) ထပ်တိုးပေးဖို့က တော့ ညှိမရသေးဘူး။ အဲဒီတစ်ချက်ကို တစ်ချို့အလုပ်သမားတွေနဲ့ ပြန်ညှိရအုံးမယ်။ ညှိလို့မရရင်တော့ ရှေ့ဆက်တိုးရမှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်အားခကို လတစ်လ၏ (၁၀)ရက်နေ့တွင် ပုံမှန်ပေးချေရန်၊ အချိန်ပိုကို ည(၁၀) နာရီထက် ပိုမခေါ်ရန်၊ အလုပ်သမားကဒ်(ပန်းရောင်ကဒ်)မူရင်းကို စက်ရုံမှထုတ်ပေးရန်၊ လက်ရှိလုပ်အားခထက် ဘတ်(၂၀)ထပ် တိုးပေးရန်၊ အလုပ်သမားများကို ခြိမ်းခြောက်လက်မှတ်ထိုး ခိုင်းစေခြင်း မပြုလုပ်ရန်၊ ထမင်းစားချိန် အပြည့်အ၀ပေးရန်နှင့် လုပ် ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုများကို အလုပ်ရှင်မှ တာဝန်ယူပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း-FED၊ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ALC ၊ ရောင်ခြည် ဦး အလုပ်သမားအဖွဲ့ (YCOWA)တို့မှ ယင်းစက်ရုံရှိ အလုပ်သမားခေါင်းဆောင် ၂၂ဦးကို ဇူလိုင်လ ၆ရက်နေ့တွင် ခေါ်ယူဆွေးနွေး ပြီး ဥပဒေဘောင်အတွင်း အခွင့်အရေး အပြည့်အ၀ရရှိရန် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ALC မှတာဝန်ခံ ကိုအောင်အောင်က “အလုပ်သမားတောင်းဆိုချက်တွေကို သေချာစစ်ဆေးပြီး အကြံဥာဏ်ပေးမယ်။ နောက်ဆုံးတရားစွဲမယ်ဆိုရင်တောင် ကျနော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်။ တကယ်လို့ သူဌေးက တောင်းဆိုချက်တွေကို လက်ခံရင်တောင် နှစ်ဖက် စာချုပ်ချုပ်နိုင်တဲ့အထိ လုပ်ဆောင်ပေးသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် တရားဝင် စက်ရုံအလုပ်ရုံပေါင်း၂၀၀ကျော်နှင့် တရားမ၀င် အိမ်တွင်းမှုလုပ်ငန်းအမည်ခံ စက်ရုံအလုပ်ရုံငယ်ပေါင်း(၁၀၀၀)ကျော်ရှိပြီး ထိုင်းဥပဒေအရ နေ့စားခ (၃၀၀)ဘတ်နှင့် အချိန်ပို တစ်နာရီလျှင် ၅၆ဘတ်ရသော စက်ရုံမှာ မဲဆောက်တွင် ၄ခုမျှသာ ရှိနေသေးကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားရေးကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောသည်။
ဂါမန်း (ခေါ်) အေ၀မ်း အထည်ချုပ်စက်ရုံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ တရားဝင် အလုပ်သမားလက်မှတ် ကိုင် ဆောင်ထားသူ ထက်ဝက်ကျော်ခန့်ရှိပြီး နေ့စဉ် အမြင့်ဆုံးလုပ်အားခမှာ ဘတ် (၁၈၀)ခန့်သာရရှိခဲ့သည်။ ၎င်းစက်ရုံကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး စက်ရုံ စတင်လည်ပတ်သည့်နှစ်မှာပင် အလုပ်သမားများအပေါ် ဖိနှိပ်မှုများကြောင့် ယခုကဲ့ သို့ ဆန္ဒပြတောင်းဆိုမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
+(ဇူလိုင် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း- KIC Newsကရင်သတင်းစဉ်)+
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဂါမန်း(ခေါ်) အေ၀မ်း အထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၇၀၀ကျော်က မတရား ဖိနှိပ် ခံရမှုများအတွက် တောင်းဆိုထားသည့် အချက်(၇)ချက်နှင့်ပတ်သက်၍ စက်ရုံပိုင်ရှင် တာဝန်ရှိသူများနှင့် ဇူလိုင်လ ၄ရက်နေ့က တောင်းဆိုဆန္ဒပြရာမှ စတင်၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လာခဲ့သော်လည်း ယနေ့အထိ ပြေလည်မှု မရှိသေးကြောင်း သိရ သည်။
ဆွေးနွေးညှိနှိုင်းမှုများနှင့် ပတ်သက်၍ ယင်းစက်ရုံရှိ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကြည်စိုးက “ကျနော်တို့ အခု ဆွေးနွေးတဲ့အချက် (၇)ချက်ထဲမှာ ၆ချက်ကတော့ ပြေလည်မှုရသွားပြီ လက်ရှိ လုပ်အားခထက် ဘတ်(၂၀) ထပ်တိုးပေးဖို့က တော့ ညှိမရသေးဘူး။ အဲဒီတစ်ချက်ကို တစ်ချို့အလုပ်သမားတွေနဲ့ ပြန်ညှိရအုံးမယ်။ ညှိလို့မရရင်တော့ ရှေ့ဆက်တိုးရမှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လုပ်အားခကို လတစ်လ၏ (၁၀)ရက်နေ့တွင် ပုံမှန်ပေးချေရန်၊ အချိန်ပိုကို ည(၁၀) နာရီထက် ပိုမခေါ်ရန်၊ အလုပ်သမားကဒ်(ပန်းရောင်ကဒ်)မူရင်းကို စက်ရုံမှထုတ်ပေးရန်၊ လက်ရှိလုပ်အားခထက် ဘတ်(၂၀)ထပ် တိုးပေးရန်၊ အလုပ်သမားများကို ခြိမ်းခြောက်လက်မှတ်ထိုး ခိုင်းစေခြင်း မပြုလုပ်ရန်၊ ထမင်းစားချိန် အပြည့်အ၀ပေးရန်နှင့် လုပ် ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုများကို အလုပ်ရှင်မှ တာဝန်ယူပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း-FED၊ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ALC ၊ ရောင်ခြည် ဦး အလုပ်သမားအဖွဲ့ (YCOWA)တို့မှ ယင်းစက်ရုံရှိ အလုပ်သမားခေါင်းဆောင် ၂၂ဦးကို ဇူလိုင်လ ၆ရက်နေ့တွင် ခေါ်ယူဆွေးနွေး ပြီး ဥပဒေဘောင်အတွင်း အခွင့်အရေး အပြည့်အ၀ရရှိရန် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ALC မှတာဝန်ခံ ကိုအောင်အောင်က “အလုပ်သမားတောင်းဆိုချက်တွေကို သေချာစစ်ဆေးပြီး အကြံဥာဏ်ပေးမယ်။ နောက်ဆုံးတရားစွဲမယ်ဆိုရင်တောင် ကျနော်တို့အနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်။ တကယ်လို့ သူဌေးက တောင်းဆိုချက်တွေကို လက်ခံရင်တောင် နှစ်ဖက် စာချုပ်ချုပ်နိုင်တဲ့အထိ လုပ်ဆောင်ပေးသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် တရားဝင် စက်ရုံအလုပ်ရုံပေါင်း၂၀၀ကျော်နှင့် တရားမ၀င် အိမ်တွင်းမှုလုပ်ငန်းအမည်ခံ စက်ရုံအလုပ်ရုံငယ်ပေါင်း(၁၀၀၀)ကျော်ရှိပြီး ထိုင်းဥပဒေအရ နေ့စားခ (၃၀၀)ဘတ်နှင့် အချိန်ပို တစ်နာရီလျှင် ၅၆ဘတ်ရသော စက်ရုံမှာ မဲဆောက်တွင် ၄ခုမျှသာ ရှိနေသေးကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားရေးကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောသည်။
ဂါမန်း (ခေါ်) အေ၀မ်း အထည်ချုပ်စက်ရုံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုမှာ တရားဝင် အလုပ်သမားလက်မှတ် ကိုင် ဆောင်ထားသူ ထက်ဝက်ကျော်ခန့်ရှိပြီး နေ့စဉ် အမြင့်ဆုံးလုပ်အားခမှာ ဘတ် (၁၈၀)ခန့်သာရရှိခဲ့သည်။ ၎င်းစက်ရုံကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး စက်ရုံ စတင်လည်ပတ်သည့်နှစ်မှာပင် အလုပ်သမားများအပေါ် ဖိနှိပ်မှုများကြောင့် ယခုကဲ့ သို့ ဆန္ဒပြတောင်းဆိုမှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
No comments:
Post a Comment