ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Tuesday, October 13, 2015
== အာဂျင်တီးနားရော ဘရာဇီးပါနိုင်ပွဲရအောင်ဖော်ဆောင်မယ့် ၂၀၁၈ ကမ်္ဘာ့ ဖလားတောင်အမေရိကဇုန် ခြေစစ်ပွဲ==
>
၂၀၁၈ ကမ်္ဘာ့ဖလား ခြေစစ်ပွဲရဲ့  (တောင်အမေရိကဇုန်) ခြေစစ်ပွဲ၊ဒုတိယပွဲစဉ်တွေကို
 အောက်တိုဘာ ၁၄ ရက်မှာဆက်တိုက်ကစားဦးမှာဖြစ်ပါတယ်။ ပထမပွဲစဉ်မှာ အသင်းကြီးတွေဖြစ်တဲ့  အာဂျင်တီးနားရော ဘရာဇီးပါ ရှုံးပွဲ ကြုံတွေ့ခဲ့ ရလို့  မျှော်လင့်မထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အခု ဒုတိယပွဲစဉ်မှာတော့ ရှုံးပွဲက ရုန်းထွက်ပြီး နိုင်ပွဲတွေ ပြန်စတင်နိုင်မလား စောင့် ကြည့် ရမှာမို့  နာမည်ကြီး ဘောလုံးသမားတွေရဲ့  စွမ်းဆောင်မှုကို အကဲ ခတ် လေ့လာရဦးမှာဖြစ်ပါတယ်။
 **ပါရာဂွေးနှ င့်  အာဂျင် တီးနား**
ပထမပွဲစဉ်မှာအီကွေဒေါကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်ရှုံးခဲ့ တဲ့  အာဂျင်တီးနားတို့ဟာ နာမည်ကြီး ကစားသမားတွေနဲ့  ပွဲထွက်ခဲ့ ပေမယ့်  ရှုံးပွဲကြုံခဲ့ တာ မို့ ဗျူဟာခင်းကျင်းမှု ပြင်ဆင်ရမှာဖြစ်ပါတယ်။ မက်ဆီ မပါဝင်ဘဲ အဂူရို၊ ဒီမာရီယာနဲ့  ဟော်ရီယာတို့  တိုက်စစ်မှာ ကစားပေမယ့်  တစ်ဂိုးမှ မသွင်းနိုင် ခဲ့ ပါဘူး။ ဒါပေမယ့်  အာဂျင်တီးနားဟာ ပါရာဂွေးကိုတော့ အိမ်ကွင်း အဝေး ကွင်း ပွဲတိုင်းနီးပါး နိုင်အောင်ကစားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့ တဲ့  ပွဲမှာလည်း ပါရာဂွေးကို ခြောက်ဂိုး-တစ်ဂိုးအထိ နိုင်ပွဲရအောင် အားထုတ်နိုင် ခဲ့ တာမို့  အခုပွဲမှာ
 အာဂျင်တီးနားတို့  နိုင်ပွဲ ပြန်စတင်မှာဖြစ်ပါတယ်။
** ဘရာဇီးနှ င့်  ဗင်နီဇွဲ လား**
 ပထမအဖွင့် ပွဲစဉ်မှာ ချီလီကို နှစ်ဂိုးပြတ် ရှုံးထားတဲ့  ဘရာဇီးတို့ လည်း ဒီပွဲကိုတော့ မဖြစ်မနေ နိုင်ပွဲရအောင် ကြိုးစားရတော့မှာဖြစ်ပါတယ်။ ဘရာဇီး တို့ ဟာ နာမည်ကြီး
**အီကွေဒေါနှ င့်  ဘို လီးဗီးယား** 
အာဂျင်တီးနားအသင်းကို နှစ်ဂိုးပြတ် နိုင်ပွဲရအောင် ကစားနိုင်ခဲ့ တဲ့  အီကွေဒေါအသင်းကို ဘိုလီးဗီးယားတို့  ခက်ခဲမယ့်  အနေအထားပါပဲ။ အာရာဇိုနဲ့ ကိုင်စီဒိုတို့ က ဂိုးတွေ သွင်းယူနိုင်ကြသလို 
၎း ၄း ၂ အခင်းအကျင်းနဲ့လည်း အံဝင်ခွင်ကျ ဖြစ်နေပါတယ်။ ဘိုလီးဗီးယားတို့ ကတော့ အဖွင့် ပွဲစဉ်မှာ ဥရုဂွေးကို နှစ်ဂိုးပြတ်နဲ့  ရှုံးထားတာမို့  အခုပွဲမှာခြေစွမ်းပြန်ပြနိုင်မလား ကြည့် ရ မှာဖြစ်ပါတယ်။ ဒါပေမယ့်  ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့ နေရတဲ့  ဘိုလီးဗီးယား ဟာ အဝေးကွင်းလည်း ဖြစ်တာမို့  အခုပွဲမှာရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ အိမ်ရှင် အီကွေဒေါတို့  နိုင်ပွဲဆက်ဦးမယ့်  အနေအထားပါပဲ။ 
**ဥရု ဂွေးနှင့်  ကို လံ ဘီ ယာ**
 ပထမပွဲစဉ်မှာ ကိုလံဘီယာတို့ နှစ်ဂိုးပြတ်နဲ့ ပီရူးကို အနိုင်ရထားတာ ကြောင့်  စိတ်ဓာတ်တက်ကြွနေပါတယ်။ ဥရုဂွေးတို့ ကလည်း အဖွင့် ပွဲစဉ်မှာဘိုလီးဗီးယားကို နှစ်ဂိုးပြတ်နဲ့   နိုင်ထားတာမို့  အနိုင်ရထားတဲ့  နှစ်သင်းရဲ့ တွေ့  ဆုံလာတော့ အကြိတ်အနယ်ရှိလာပါလိမ့် မယ်။ ကိုလံဘီယာတို့ ကတော့ တိုက် စစ်မှာ ဖယ်လ်ကာအို၊ ဘက်ကာနဲ့  ရူတီယာရက်စ်တို့ ရှိနေပြီး ဥရုဂွေးမှာတော့ ခံစစ်သမားတွေဖြစ်တဲ့  ကာဆာရက်စ်နဲ့  ရို ဒင်တို့ က ဂိုးတွေသွင်းနေပါတယ်။ ဒီနှစ်သင်းရဲ့  နောက်ဆုံး ငါးပွဲကစားခဲ့ တဲ့ ရလဒ်ပိုင်းကို ကြည့် ရင် ဥရုဂွေးက သုံးပွဲနိုင်ပြီး ကိုလံဘီယာတို့ က နှစ်ပွဲနိုင်ထားပါတယ်။ လက်ရှိအနေအထား အရကြည့် ရင် အိမ်ရှင်ဖြစ်တဲ့  ဥရုဂွေးတို့ ပဲ ကပ်ပြီးနိုင်ပွဲ ရသွားနိုင်ပါတယ်။ 
**ပီ ရူးနှင့်  ချီ လီ** 
အဖွင့် ပွဲစဉ်မှာနာမည်ကြီး ဘရာဇီးအသင်းကို နှစ်ဂိုးပြတ် သွင်းပြီး အနိုင်ယူထားတဲ့  ချီလီတို့ ဟာ ပထမပွဲမှာ ကိုလံဘီယာကို နှစ်ဂိုးပြတ်နဲ့  ရှုံးထားတဲ့ ပီရူးကို ကောင်းကောင်းကျော်ဖြတ်ပါလိမ့် မယ်။ ချီလီနဲ့  ပီရူးတို့  နောက်ဆုံးငါး ပွဲ ကစားခဲ့ တဲ့ ရလဒ်မှတ်တမ်းကိုကြည့်ရင် ချီလီတို့ တစ်ပွဲသာ ရှုံးထားပြီး ကျန်လေးပွဲ အနိုင်ရထားပါတယ်။ ချီလီတို့ ဟာ လောလောဆယ်မှာအာဂျင် တီးနားကို ဂိုးမရှိသရေ၊ ပါရာဂွေးကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ပြီး ဘရာဇီးကိုပါ နိုင် ပွဲရအောင် ကစားခဲ့ တာမို့  ခြေစွမ်းပိုင်း ကောင်းမွန်နေပါတယ်။ ပီရူးရဲ့  လက်ရှိ ခြေစွမ်းကတော့ နိုင်ပွဲမရသေးတာမို့  အခုပွဲဟာ ချီလီရဲ့  နိုင်ပွဲလို့  သတ်မှတ်ရပါလိမ့် မယ်။ 
+မိုးမြင့်လင်းလက်+
No comments:
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)