ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 28, 2015

==ထိုင်းစည်ပင်ရဲက ဥပဒေအရ ဖမ်းဆီးလာခြင်းကြောင့် မဲဆောက်တွင်အခြေချ နေထိုင်သည့် မြန်မာနိုင်ငံသား အချို့နှင့် သောင်ရင်း တစ်ဖက်ကမ်းတွင် နေ့ချင်းပြန် ဈေးသွားရောင်းသူများ အခက်ကြုံ==

> မြန်မာနိုင်ငံသားများ အများဆုံးရောင်းချသော မဲဆောက်မြို့ က ( မြန်မာဈေး)
မြန်မာ-ထိုင်း နယ်စပ် မြ၀တီ မဲဆောက်မြို့ Sister City အဖြစ် ကြေညာပြီးနောက် မဲဆောက်ဒေသတွင် တစ်နိုင်တစ်ပိုင် ရောင်းချနေသော မြန်မာဈေးသည်များအား ထိုင်းစည်ပင်ရဲမှ ဥပဒေအရ ဖမ်းဆီးမှု ရှိလာခြင်းကြောင့် မဲဆောက်တွင် အခြေချ နေထိုင်သည့် မြန်မာနိုင်ငံသား အချို့နှင့် သောင်ရင်း တစ်ဖက်ကမ်းတွင် နေ့ချင်းပြန် ဈေးသွားရောင်းသူများ အခက်ကြုံလျက်ရှိကြောင်း သိရသည်။

 မြ၀တီမြို့အနီး သောင်ရင်းမြစ် တစ်ဖက်ကမ်းစပ်အနီး ဝှေ့မုကျေးရွာရှိ ချော့သာဘီ (အရပ်အခေါ်-အမိုးစိမ်း) စက်ရုံရှေ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ခေါင်းရွက်ဗျပ်ထိုး ဈေးတန်းမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦး အပါအ၀င် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းစည်ပင်ရဲက ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး ဖမ်းဆီးခဲ့သည်။ ထို့အပြင် မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသည့် မြန်မာနိုင်ငံသားများ စုဝေးရာ ချစ်ကြည်ရေးတံတား အနီးမှ ခေါင်းရွက်ဗျပ်ထိုး ရွေ့လျားဈေးရောင်းသူ ၁၃ ဦးကိုလည်း ယင်းနေ့ နေ့လယ်က ဖမ်းဆီးခဲ့၍ မိသားစု ၀မ်းရေးအတွက် ကောင်းရောင်းကောင်းဝယ် လုပ်စားသော်လည်း တစ်ဖက်နိုင်ငံ၏ ဥပဒေနှင့် ငြိစွန်းကာ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကျွန်မလို တံတားအနီး ကားလက်မှတ်ရောင်းတဲ့ ဂိတ်နားမှာ ရောင်းချနေတဲ့ ဈေးသည် ၁၃ ယောက် အဖမ်းခံထိပါတယ်။ နယ်စပ်ဖြတ်ကျော် လက်မှတ်ကို ပြလည်း မရပါဘူး။ မြန်မာနိုင်ငံသားဟာ ထိုင်းမှာလာရင် အလုပ်သမားပဲ ဖြစ်ရမယ်။
 မည်သည့် လုပ်ငန်းမှ မဖြစ်ရ ဆိုလားပဲ။ ခုလိုဖမ်းတော့ ဈေးသွား မရောင်းရဲဘူး။ စားသောက်ရေးအတွက် အခက်အခဲ ဖြစ်ပါတယ်။ အဲဒီနေ့ကလည်း အပြေးကောင်းလို့ အဖမ်းခံ မထိတာပါ” ဟု မြ၀တီမြို့မှ သောင်ရင်းတစ်ဖက်ကမ်းတွင် နေ့ချင်းပြန် ဈေးသွားရောင်းသူ တစ်ဦးက ဆိုသည်။

 ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကစပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင်နှင့် ကူရဘူရီခရိုင်ဘက်တွင် ‘မည်သည့် နိုင်ငံခြားသားမျှ ဈေးဆိုင်တည်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရ’ ဟု ဆိုင်းဘုတ်ထောင်ကာ မလိုက်နာဘူးဆိုလျှင် အနည်းဆုံး ဒဏ်ငွေ ဘတ် ၂၀၀၀ မှ ဘတ်တစ်သိန်းအထိ ငွေဒဏ်ရိုက်မည်ဟု ကြေညာထားကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် အလုပ်သမား လက်မှတ်အပြင် မဲဆောက်မြို့နယ် စည်ပင်ရုံးတွင် အခွန်ဆောင်ထားသည့် ဈေးရောင်းချခွင့် လက်မှတ်ပါ ကိုင်ဆောင်ထားသော်လည်း ဖမ်းဆီးခံရကြောင်း သိရသည်။ မဲဆောက်-မြ၀တီ ညီအစ်မမြို့ ဖြစ်သည်နှင့်အညီ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီမြို့သို့ လာရောက်ပြီး ဈေးရောင်းချနေသူ အမြောက်အမြား ရှိသော်လည်း မြ၀တီမှ ဒေသဆိုင်ရာမှ မည်သည့် အရေးယူ ဆောင်ရွက်ခြင်း မရှိသော်လည်း မဲဆောက်စည်ပင်ရဲများမှာ မြန်မာနိုင်ငံသား များအား ဖမ်းဆီး ထောင်ချလျက်ရှိသည်။ 

မဲဆောက် ရဲအချုပ်ခန်းတွင် နှစ်ညအိပ် သုံးရက်နေခဲ့ရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်က “ကျွန်တော့်သားက ဒီနေ့ မဲဆောက်ကနေ မြ၀တီဘက်ကို ပြန်လွှတ်ပါတယ်။ ဒဏ်ငွေ ဘတ် ၆၀၀ ကို လျှော့ဈေးနဲ့ ပြန်လွှတ်တာလို့ ပြောပါတယ်။ သူမြ၀တီကနေ ဒီညနေ မဲဆောက်ဘက်ကို ပြန်ကူးလာမယ် ပြောပါတယ်။ သူ့မှာ ဈေးရောင်းလက်မှတ်ကော၊ အလုပ်သမားလက်မှတ် (စာအုပ်ပြာ) ရော၊ ယာယီပတ်စ်ပို့ပါ ရှိတယ်။ ခွင့်ပြုချက်ကတခြား ရောင်းချတာကတခြား ဖြစ်လို့ပါတဲ့” ဟု ရှင်းပြခဲ့သည်။ 
 ထိုင်းအာဏာပိုင်များ၏ ကန့်သတ်တားမြစ်ချက်အရ ဆိုရင် နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံမှာ လုပ်အားနှင့် ကိုယ်ပိုင်အရောင်းအ၀ယ် ပြုလုပ်သူ၊ ကိုယ်တိုင် ပစ္စည်းထမ်းရွက် လိုက်လံရောင်းချသူ၊ ကိုယ်ပိုင်ဆိုင်ဖွင့်ကာ ရောင်းချသူ၊ စသည်များကို လုပ်ကိုင်ခွင့် မပြုကြောင်း တာမြစ်မှုအား ချိုးဖောက်လျှင် ဘတ်ငွေ ၂၀၀၀ ထက် မပိုသည့် ငွေဒဏ်ကို ပေးဆောင်ရမှ ဖြစ်သလို ထိုင်းနိုင်ငံ အတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် ( အလုပ်သမားလက်မှတ်) မရှိလျှင် ငါးနှစ်ထက် မကျော်သည့် ထောင်ဒဏ်နှင့် ငွေဒဏ် ဘတ် ၂၀၀၀ ကနေ ဘတ် ၁၀၀၀၀၀ အထိ ကျခံရမည်ဟု ကြေညာထားသည်။

 “မဲဆောက်ဒေသကြီးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀၀၀၀ ကျော် ရှိသည့်အနက် မဲဆောက်မြို့ တစ်ဖက်ကမ်း မြန်မာနိုင်ငံ မြ၀တီမြို့မှာ နေ့ချင်းပြန် လာရောက်ရောင်းချတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ မဲဆောက်မြို့ခံ မြန်မာဈေးသည်တွေ အနေနဲ့ ထိုင်နိုင်ငံ အတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် (အလုပ်သမားလက်မှတ်) မရှိဘူးဆိုရင် မရောင်းဘဲနေကြတာ အကောင်းဆုံးဖြစ်ပြီး ဒါကိုမှ မရောင်းဘဲ မနေနိုင်ရင် ငါးနှစ်ထပ် မကျော်တဲ့ ထောင်ဒဏ်ကို ကျခံရဖွယ် ရှိပါတယ်။ အလုပ်သမားလက်မှတ်၊ ဈေးရောင်းလက်မှတ် ရှိသူတွေ ကလည်း မိမိရောင်းချမယ့် အမျိုးအစားကို မြို့နယ်စည်ပင်ရုံးမှာ တိတိကျကျ ပြောထား (စာရင်းပေးထားသလိုပဲ) ထိုင်းလုပ်ငန်းရှင် ပိုင်ဆိုင်တဲ့ ဈေးဆိုင်၊ လုပ်ငန်း ဖြစ်ကြောင်းနဲ့  မိမိမှာ ဆိုင်အကူသာဖြစ်ကြောင်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အထောက်အထား ပြုလုပ်ထားကြရန် လိုအပ်ပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

 Writer: ကိုရွှေသိန်း (မြ၀တီ) 

 Eleven  Media

မြန်မာနိုင်ငံသားများ အများဆုံးရောင်းချသော မဲဆောက်မြို့ က ( မြန်မာဈေး)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)