ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 16, 2015

> ==ငယ်ငယ်တုန်းက ပွဲကြိုက်ခင်ကျမ==

ကျမက ဗဟန်းသူစစ်စစ်၊ စစ်တာမှ ဒေါ်ခင်ကြည်ဆေးရုံလို့လည်းခေါ်ကြတဲ့ တာဝါလိန်းဆေးရုံမှာ ကျမကို မွေးခဲ့တာ။ ဗဟန်းမှာ မွေး၊ ဗဟန်းမှာပဲ ကြီးခဲ့တယ်ဆိုပါတော့။ ဒါကြောင့် ကျမက ဗဟန်းကို သံယောဇဉ်သိပ်ရှိတယ်။ မနက်မနက်ဆို ဈေးခြင်းတောင်းဆွဲပြီး အဖွားနောက်ကလိုက်ရတာ မှတ်မိတယ်။ ဗဟန်းဈေးထဲမယ် ဈေးမဝယ်ခင် ဈေးအထွက်ပေါက် (သံဖြူဆိုင်တန်းဘက်ထွက်တဲ့အပေါက်)နားကဆိုင်မှာ မြေးအဖွားတွေ ခေါက်ဆွဲသုတ်စားကြတာလည်း မမေ့နိုင်ဘူး။ အသုတ်ဆိုင်ဘေးက မုန့်လက်ဆောင်း မြေအိုးဆိုင်းထမ်းကြီးနဲ့ ရောင်းတာ၊ အဲတာလည်း သိပ်ကြိုက်တဲ့အထဲမှာ ပါတာပဲ။ အဲဒီတုန်းက ဈေးသည်တွေဟာ သိပ်သဘောကောင်းကြတာပေါ့။ ကြက်သွန်နီဥက အစ၊ ချဉ်ဖတ်အဆုံး အဆစ်ထည့်ပေးတတ်ကြတာမျိုး။ ဈေးအဝင်ပေါက် (ရွှေတိဂုံဘုရားအတက်ဘက်ကနေဝင်တဲ့အပေါက်) ကနေစဝင်မယ်ဆိုရင်တော့ ဘုရားပန်းဆိုင်တွေ၊ မုန့်အချိုဆိုင်တွေရှိတယ်။ အိုးလေးဒိန်ချဉ်တို့ ရွှေထမင်းတို့ မုန့်စိမ်းပေါင်းတို့ဆိုတာ သိပ်စားကောင်းတာပေါ့။ ကျွန်မငယ်ငယ်က ပွဲကြိုက်ခဲ့တဲ့အကြောင်းပြောမယ့်ဟာ ခုထိ ပွဲခင်းထဲ မရောက်သေးဘူး။ ဗဟန်းဈေး စားသောက်တန်းမှာတင် တဝဲလည်လည်ရယ်။ ဒီလိုနဲ့ဝယ်ခြမ်းပြီးသွားရင် ဆိုက်ကားလေးငှားပြီး မြေးအဖွားနှစ်ယောက် အိမ်ပြန်ကြတယ်။ ဈေးအလာလမ်းလျှောက် ဈေးအပြန်ဆိုက်ကားဆိုပါတော့။ ဟိုး ၃နှစ်လောက်က ကျမအလည်ပြန်တော့ ဗဟန်းဈေးထဲ သွားလည်ခဲ့တယ်။ ဈေးကွဲချိန် နေအတော်မြင့်နေချိန်မို့ လူရှင်းနေခဲ့တယ်။ သားငါးတန်းထဲကိုဖြတ်အဝင်မှာ ထိန်းထားတဲ့ကြားက ကျမ မျက်ရည်ကျမိခဲ့တယ်။ ကျွန်မငယ်ငယ်က အဖွားမို့ သားငါးတန်းဝင်ရင် ကျမမက လိုက်မဝင်ဘဲ အပြင်ဘက်ခပ်လှမ်းလှမ်းက ဆိုင်တစ်ဆိုင်ဆိုင်နားမှာ ရပ်စောင့်နေတတ်တယ်။ သားငါးတန်းထဲက အညှီနံ့တွေကျမ မခံနိုင်ခဲ့လို့ပါပဲ။ ခုများတော့ သားငါးတန်းထဲကအဖြတ်မှာ ကျမ ဘယ်လိုမှ မနေတော့ဘူး။ ကျမဟာ အညှီတွေနဲ့များ အသားကျခဲ့ပြီလား.....။ တွေးမိလိုက်တဲ့ခဏမှာ ရင်ထဲ နင့်ကနဲခံစားလိုက်ရတာရယ်။ ဈေးတန်းထဲကထွက်လာပြီး ဘုရားတက်တော့လည်း ကျွန်မစိတ်တွေဟာ အတိတ်ဆီမှာ တလည်လည်ရယ်ပါပဲ။ ဘုရားကို အရှေ့မုခ်ကအတက် လမ်းတစ်လျှောက်ဆိုင်တွေမှာ အသိတွေချည်းပဲမို့ ဝင်နှုတ်ဆက်နေခဲ့ရသေးတယ်။ ကျမအဖိုးအဖွားတွေဆီမှာလည်း ဆိုင်တွေရှိခဲ့ပါတယ်။ ဗဟန်းသူဗဟန်းသားအတော်များများဟာ ရွှေတိဂုံဘုရားမှာ ဆိုင်တွေရှိတတ်ကြပါတယ်။ စိတ်ပုတီးဆိုင်၊ ပန်းချီကားတွေ၊ ဘုရားစာအုပ်တွေ ရောင်းတဲ့ဆိုင်၊ ပန်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင် အဲသလိုဆိုင်တွေ ရှိတတ်ကြတယ်။ စကားမစပ် ကျမအဖိုးရဲ့လက်ဖက်ရည်ဆိုင်အကြောင်း ပြောပြဦးမယ်။ အဖိုးက စေတနာကောင်းတယ်။ စိတ်ရင်းကောင်းတယ်။ ဆိုင်တွေတိုင်းမှာ လူငှားအလုပ်သမားတွေရှိတာမို့ ကျမတို့ဆိုင်တွေက အလုပ်သမားတွေ အကုန်လုံးပေါင်းလိုက်ရင် ဆယ်ယောက်နီးပါးရှိပါတယ်။ အဖိုးက နှစ်ကုန်ရင် အလုပ်သမားတွေကိုရော သူတို့မိသားစုတွေကိုပါ နိဗ္ဗာန်ကုတို့ဆိုပြီး အထက်မြန်မာပြည် ဘုရားဖူးပို့လေ့ရှိတယ်။ ခရီးစရိတ် စားစရိတ်အငြိမ်း၊ လှူဖို့တန်းဖို့ပဲယူလာကြဆိုပြီး အဖိုးက ပြောတတ်တယ်။ အဖိုးက နှုတ်မချိုဘူး။ ဒါပေမယ့် မိန်းမတော့ စွံသား။ အလုပ်သမားတွေကလည်း အဖိုးကိုချစ်ကြတယ်။ အဖိုးက ပါးစပ်ကပြောမနေပေမယ့် စောင့်ရှောက်သင့်တာ စောင့်ရှောက်တတ်တာမို့ လူတွေက ချစ်ကြတာ။ မှတ်မှတ်ရရ ကျမ မှတ်မိနေသေးတယ်။ အဖိုးကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က မင်းသားလုပ်ဖို့လာခေါ်ဖူးတယ်။ အဲဒီခေတ်က မင်းသားကြီးဗိုလ်ဘကိုနဲ့ အဖိုးက ရုပ်ချင်းအတော်ဆင်တာကိုး။ အဖိုးက နှာတံပေါ်ပေါ် မျက်လုံးမျက်ဖန်လှလှနဲ့ပါ။ အဖွားကတော့ ရွက်ကြမ်းရေချိုလောက်သာပါပဲ။ မင်းသားလုပ်ဖို့ကို အဖိုးက ငြင်းပါတယ်။ ကျုပ်ဟာကျုပ် လက်ဖက်ရည်ဆိုင် ဖွင့်စားတာကမှ ဟုတ်ပါလိမ့်မယ်ဗျာ၊ မင်းသားလုပ်မှ ဟိုမရောက် ဒီမရောက်နဲ့ ဇော်ကန့်လန့်ဖြစ်နေပါဦးမယ် တဲ့။ ဒီလိုနဲ့ ကျမလည်း မင်းသားမြေး မဖြစ်ခဲ့ရဘူးပေါ့။ ကျမလည်း ဈေးအကြောင်း၊ ဈေးထဲကမုန့်တွေအကြောင်း၊ အဘိုးအကြောင်းပြောနေတာ များသွားပြီထင်ပါရဲ့။ ပြောပြချင်တဲ့ပွဲအကြောင်းက မရောက်နိုင်သေးဘူး။ ဒါပေမယ့် ပွဲအကြောင်းပြောမယ်ဆို ကျွန်မအဖိုးအကြောင်းက အဓိကပါရမှာကိုး။ ဒါကြောင့်လည်း အဖိုးအကြောင်း စကားထည့်စပ်ရပါတယ်။ ဒီလိုပါ။ ကျွန်မစွဲလန်းခဲ့ရတဲ့ပွဲအကြောင်းဆိုတာက ရွှေတိဂုံဘုရားတပေါင်းပွဲကြီးကနေ စပါတယ်။ ကျမမှတ်မိတာကတော့ ရွှေတိဂုံဘုရားတပေါင်းပွဲကြီးဟာ နှစ်စဉ် မတ်လထဲမှာ ကျင်းပလေ့ရှိပြီး ဆယ်ရက် ဆယ့်နှစ်ရက် အဲသလောက်ကြာလေ့ရှိပါတယ်။ ကျမတို့ကလေးတွေကတော့ တပေါင်းပွဲတော်ကြီး ဘယ်တော့စမလဲနားစွင့်နေရတာပါပဲ။ ပွဲတော်စတော့မယ်ဆိုရင်ကျမတို့လမ်းတွေထဲ ဇာတ်ပွဲကြော်ငြာကားတွေ ဦးဆုံးလှည့်တော့တာပါပဲ။ ဒါဆိုရင် သိပြီ။ တပေါင်းပွဲတော်ကြီးမှာဖြင့် ဘယ်ဇာတ်တွေက ဘယ်နှစ်ည ကမယ်။ ဘယ်ဇာတ်တွေက ဘယ်နားမှာ ဇာတ်ရုံထိုးမယ်ဆိုတာတွေကိုပေါ့။ ကားပေါ်ကနေ ဝေပေးတဲ့ လက်ကမ်းကြော်ငြာထဲက မင်းသားမင်းသမီးပုံတွေ မြင်ရတာနဲ့တင် ဇာတ်ပိုးက အတော်လေးတရွရွဖြစ်နေခဲ့ပြီ။ ဘုရားပွဲမစခင် ကလေးတွေရော လူကြီးတွေပါ အပျော်စီးကြတဲ့ ချားရဟတ်တွေလာဆင်နေပြီဆို မြင်တာနဲ့တင် ပျော်နေခဲ့ကြပြီ။ ရဟတ်က နှစ်ခု အကြီးတစ်ခု၊ ဘေးနားမှာ အသေးက တစ်ခု၊ ပြီးတော့ ရုပ်ရှင်ရုံအသေးစားကလေးတွေ၊ သူက ကားထဲမှာ ဝင်ကြည့်ကြရတာ။ ကားနောက်ခန်းက လေးထောင့်အတုံးပုံ၊ လူတွေက ကားနောက်ခန်းထဲက ခုံတန်းလေးတွေမှာ မျက်နှာချင်းဆိုင်ထိုင်ကြရတယ်။ ကလေးတွေပဲ ကြည့်ကြတာရယ်ပါ။ ဆယ်ယောက်လောက်တော့ ဆန့်ပါတယ်။ ပြကာနီးပြီဆို အမှောင်ထဲမှာ မျက်နှာချင်းဆိုင်ခုံက သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အူမြူးကြရသေးတာ။ ပြတော့လည်း ကားနောက်ခန်းကို မျက်နှာမူထားတဲ့ ပိတ်ကားသေးသေးလေးပေါ်မှာ တုန်တုန်မှုန်မှုန်အရုပ်တွေကို ကြည့်ကြရတာရယ်။ ကားကလည်း အဖြူအမည်း တုန်ကလည်း တုန်၊ မှုန်ကလည်း မှုန်နဲ့။ ဒါပေမယ့် ပျော်ခဲ့ကြတာပါပဲလေ။ ပရိဘောဂဆိုင်၊ သင်ဖျုးဖျာဆိုင်၊ ရှင်မတောင် ရှမ်းခေါက်သနပ်ခါးတုံးတွေ ရောင်းတဲ့ဆိုင်၊ ဒန်အိုးဒယ်အိုးလို မီးဖိုချောင်သုံးပစ္စည်းဆိုင်၊ ကြိမ်နဲ့ယက်ထားတဲ့ တောင်း ပလုံးတွေ စကော စကာတွေ၊ ပခုက္ကူဘက်ကလာတဲ့ အညာစောင်၊ ခြင်ထောင်၊ အဝတ်အထည်ဆိုင်တွေအပြင် မုန့်ဆိုင်တွေပါရောက်လာပြီး ဆိုင်ခင်းကြပြီဆို ပွဲတော်ရက်နီးလာပြီလို့ကျမတို့ သိကြတယ်။ မျက်စိတစ်ဆုံး မျှော်ကြည့်လို့မှမကုန်တဲ့ဆိုင်တန်းကြီးတွေ တွေ့ရပြီဆို ကျွန်မတို့ကလေးတွေမှာ တခုန်ုခုန်ပျော်ကြရတယ်။ အေးအေးဆေးဆေး မုန့်လာစားချင်သူတွေက ပွဲတော်မစခင်မှာပဲ မုန့်ဆိုင်တွေဆီ ပွဲဈေးလျှောက်ရင်း တတန်တကလာစားကြရတယ်။ မုန့်သိုင်းခြုံ၊ မုန့်ရေပါး၊ မုန့်ချိုသွင်း၊ အောင်ဗလမုန့်၊ ကောက်ညှင်းကျည်တောက်၊ မုန့်ဆီကြော်၊ ထမနဲ၊ အညာသားကျောကုန်း၊ စလူမုန့် အို...စုံနေတာပါပဲ။ ဇာတ်ပွဲတွေသွင်းတဲ့ဇာတ်ရုံကြီးတွေဆိုတာ ပေါင်မုန့်လုံးအရှည်ကြီးတစ်လုံးလိုပဲ။ ခေါင်ကနေ ခုံးပြီး ဘေးနှစ်ဘက်ကို ဂငယ်ပုံခပ်ညီညီနိမ့်ဆင်းသွားတဲ့ ပုံမျိုး။ ဇာတ်ရုံရှေ့မျက်နှာစာမှာတော့ ဇာတ်ဆိုင်းဘုတ်အကြီးကြီးထဲမှာ ဇာတ်မင်းသား မင်းသမီးတွေကို ဇာတ်ဝတ်ဇာတ်စားနဲ့ မိတ်ကပ်အပြည့်နဲ့ ချောပေ့လှပေ့ဆိုတဲ့ ပိုစတာကြီးဆွဲပြီး တင်ထားတယ်။ ဇာတ်ရုံအဝင်မှာတော့ အဝင်ပေါက်နဲ့အထွက်ပေါက်ရယ်လို့ နှစ်ကန့်ခွဲခြမ်းထားပြီး အဝင်ပေါက်က ဝင်လိုက်တာနဲ့ ဘလက်ဘုတ်ကြီးပေါ်မှာ မြေဖြူနဲ့ ယနေ့ည ကပြမည့်အစီအစဉ်ဆိုတာကို ရေးထားတာ တွေ့ရမယ်။ ဇာတ်အစ ပထမဆုံးအဖွင့်မှာဆို အပျိုတော် ကန်တော့ခန်း၊ သူငယ်တော် ဒါတွေကနေ စဖွင့်တယ်။ ပြီးမှ အော်ပရာ၊ ပြဇာတ်၊ ပြဇာတ်ပြီးတော့ အားလပ်ချိန် ခဏပေးတယ်။ ပြန်စတဲ့အခါ ဝန်ကြီး လေးယောက်က မြို့တည်တာနဲ့စတာပဲ။ ပြီးတော့ နှစ်ပါးသွား၊ နောက်ဆုံးကျမှ နောက်ပိုင်းပြဇာတ်၊ နောက်ပိုင်းပြဇာတ်လည်းအပြီး မိုးလည်းအလင်း။ အဲသလို မိုးအလင်း ကပြကြတာ။ ကျမမှာ အဒေါ်အပျိုကြီးနှစ်ယောက်ရှိတယ်။ သူတို့က ပွဲသိပ်ကြိုက်ကြတာ။ ကျမက ကိုးနှစ်-ဆယ်နှစ်သမီးလောက်ရှိဦးမယ်ထင်ပါရဲ့။ သူတို့လက်ပေါ်မှာ ကျမက ကြီးပြင်းခဲ့ရတော့ အဒေါ်အပျိုကြီးတွေက ကျမကို သမီးလိုချစ်ကြတာ။ သူတို့ဘယ်သွားသွား ကျွန်မကို ခေါ်သွားလေ့ရှိကြတော့ အဲဒီမှာ ကျမက ပွဲကြိုက်တတ်သွားတော့တာ။ အဖိုးက ဇာတ်ပွဲလက်မှတ်ကို ရှေ့နား အလယ်ကျကျမှာ ဖျာလေးချပ်စာ ပွဲစ-ပွဲဆုံးအတွက် တစ်ခါထဲဖြတ်ထားပေးတာပဲ။ အိပ်ရေးဆက်တိုက်ပျက်လို့မှ မကြည့်နိုင်တဲ့ညဆို ဆိုင်ကအလုပ်သမားမိသားစုတွေကို ပွဲလက်မှတ်ပေးပြီး ကြည့်ခိုင်းလိုက်တာမျိုး။ ကျမအဒေါ်တွေ အများဆုံးကြည့်တဲ့ဇာတ်က ရွှေမန်းသဘင်ပါ။ သစ္စာမေတ္တာ ရွှေမန်းသဘင်ဇာတ်ပေါ့။ အဲဒီတုန်းက မင်းသားဝင်းဗိုလ်အရမ်းချော အရမ်းနာမည်ကြီးနေချိန်။ သူကတဲ့ ကျားမာယာဆိုတဲ့ဇာတ်က ယောကျာံးက မိန်းမလိုအယောင်ဆောင်ပြီး သူကြိုက်တဲ့မိန်းကလေးကို ရအောင်ပိုးတဲ့ဇာတ်လို့ အကြမ်းမှတ်မိပါတယ်။ အဲဒီမှာ မိန်းကလေးလိုဝတ်ထားတဲ့မင်းသားဝင်းဗိုလ်ဟာ အစကတည်းက မိန်းမချောချောသူမို့ လှတာမှ မှုန်နေအောင်ကို လှတာပါ။ အမျိုးသမီးတွေ ဝက်ဝက်ကွဲစွဲလန်းခဲ့ကြတာပေါ့။ ကျမအဒေါ်အပျိုကြီးတွေလည်း အင်မတန်ကြိုက်ခဲ့ကြတာလို့ မှတ်မိနေတယ်။ ပြဇာတ်ပြီးလို့ ခဏနားနေချိန် ဇာတ်နောက်ပေါက်ကိုသွားပြီး နှစ်ပါးသွားကတဲ့အခါ မင်းသားခေါင်းပေါင်းမှာပန်ဖို့ သစ်ခွပန်းသွားပေးခဲ့ကြတာကျမမှတ်မိတယ်။ မင်းသားက မိတ်ကပ်လည်းလိမ်းရင်း လာသမျှမိန်းကလေးပရိသတ်ကြီးကိုလည်း စကားတပြောပြောဧည့်ခံရတာပဲ။ ဇာတ်ရုံအနောက်ဘက်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတာပါ။ အဲဒီမှာ မီးရောင်အောက်မှာ မဟုတ်တဲ့ တကယ့်ဘဝတွေကို တွေ့နိုင်တာကိုး...။ 

+ချစ်ကြည်အေး+

==ငယ်ငယ်တုန်းက ပွဲကြိုက်ခင်ကျမ==

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)