ချန်ပီယံလိဂ်ပွဲစဉ်တွေကို နိုဝင်ဘာ ၂၄ ရက် နဲ့  ၂၅ ရက်
တွေမှာ ဆက်လက်ယှ ဉ် ပြိုင်ကစားမှာဖြစ် ပါတယ် ။
ဒီ ပွဲစဉ်တွေက အမှတ်ပြည့် ရရှိ ဖို့  လိုအပ် နေပြီဖြစ် တဲ့ 
အတွက်အသင်းတိုင်းခြေကုန်ထုတ်လာဖို့  ရှိနေပါတယ် ။
အထူးသဖြင့်နာမည်ကြီး ထိ ပ်တန်းအသင်းတွေရဲ့ 
ခြေစွမ်းပိုင်း ဘယ်လောက် အထိ မြင့်မားနေဆဲ
ဖြစ်တယ်ဆိုတာစောင့် ကြည့်အကဲခတ်ခွင့်ရဦးမှာမို့ 
ပရိသတ်တွေအတွက် ပွဲကောင်းတွေဆက်တိုက်
ရောက်ရှိလာဦးမှာဖြစ်ပါတယ် ။
** ဘာစီ လိုနာနှ င့်  ရိုးမား**
အုပ်စု(E) မှာဘာစီလိုနာတို့  ၁၀ မှတ်နဲ့  ဦးဆောင် နေသလို
ရိုးမားတို့ကလည်း ငါးမှတ်ရရှိထားပါ တယ်။
ပြီးခဲ့ တဲ့ပွဲစဉ်မှာဘာစီလိုနာတို့ က BATEအသင်းကို
သုံးဂိုးပြတ်နဲ့  နိုင်ပွဲရခဲ့ သလို ရိုးမားတို့  ကလည်း
လေဗာကူဆင်ကို နိုင်ပွဲရခဲ့ ပါတယ်။ ဒီနှစ် သင်းရဲ့ 
အားထုတ်မှုပိုင်းကိုကြည့် ရင် အိမ်ရှင်တို့ က နေရာစုံမှာ
အားသာချက်ရှိနေပြီး တိုက်စစ်ပိုင်းမှာလည်း လူစုံ
ပြန်ပါဖို့ရှိနေတာမို့  ရိုးမားတို့ ကစား အားကောင်းပေမယ့်
ရလဒ်ပိုင်း မကောင်းနိုင်ပါဘူး။
**BATE နှ င့်  လေဗာကူ ဆင်**
နှစ်သင်းစလုံးအခြေအနေမကောင်းပေမယ့် အားထုတ်မှု
အပိုင်းမှာ လေဗာကူဆင်တို့ က အားသာချက်ရှိနေပါတယ်။
လေဗာကူဆင်တို့ က လေးမှတ်ရထားသလို BATE တို
့ကလည်း သုံးမှတ်ရရှိထားပါတယ်။ ပြီးခဲ့ တဲ့ ပွဲစဉ်မှာ
ရိုးမားကွင်းမှာရှုံးပွဲ ကြုံခဲ့ ရပေမယ့်  လေဗာကူဆင်ရဲ့ 
ကစားပုံကောင်းမွန်ခဲ့ ပါတယ်။ ခြေပျက်နေတဲ့  BATEတို့ 
အိမ်ကွင်း ဖြစ်ပေမယ့်  တစ်မှတ်ထက်ပိုပြီး မရနိုင်တဲ့  ပွဲပါပဲ။
**အာဆင်နယ် နှ င့်  ဒိုင်နမို ဇာဂရက်**
အုပ်စု(F) မှာအာဆင်နယ်တို့  လေးပွဲကစား၊ သုံး မှတ်ရပြီး
စတုတ်္ထနေရာမှာရှိနေသလို ဒိုင်နမိုဇာ ဂရက်တို့ လည်း
သုံးမှတ်ရကာ တတိယနေရာမှာရှိနေပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ငါးဂိုး-တစ်ဂိုးနဲ့ 
အရှုံးကြီးရှုံးခဲ့ တဲ့အာဆင်နယ်ဟာ ဒီပွဲကို မဖြစ်
မနေနိုင်ပွဲရအောင် ကြိုးစားပါလိမ့် မယ်။
ဒိုင်နမိုဇာဂရက်တို့ ကတော့ ပြီးခဲ့ တဲ့ပွဲမှာ
အိုလံပီ ယာကို့ စ်ကို ရှုံးခဲ့ တာမို့  ဒီပွဲမှာ
လူစုံထုတ်လာပေမယ့်  အိမ်ရှင်တို့ ကျော်ဖြတ်ဖို့  မလွယ်ပါဘူး။
**ဇင်းနစ် နှ င့်  ဗလင်စီ ယာ**
အုပ်စု(H) မှာတော့ ဇင်းနစ်တို့ ခြေစွာနေပြီး လေးပွဲကစား၊
၁၂ မှတ်နဲ့  ဦးဆောင်နေပါတယ်။ ဗလင်စီယာတို့ကတော့
ခြောက်မှတ်နဲ့ ဒုတိယ နေရာမှာရှိနေပြီး အခုပွဲမှာ
အမှတ်ပြည့်ရယူရေး ဦးတည်ပြီး ကြိုးစားလာပါလိမ့်မယ်။
ဒါပေမယ့်  ဇင်းနစ်ဟာ တိုက်စစ်ရော ခံစစ်ပိုင်းပါ
ဟန်ချက်ညီနေတာမို့  ဗလင်စီယာတို့  အပြင်းအထန်
ကြိုးစားပေမယ့်  အရာထင်ဖို့  မလွယ်ပါဘူး။
ဂိုးမပြတ်ပေမယ့်ဇင်းနစ်တို့ ပဲ နိုင်ပွဲဆက်ဦးမှာဖြစ်ပါတယ်။
**လို င် ယွန် နှ င့် ဂျန့်**
အုပ်စု(H)မှာလိုင်ယွန်တို့  အခြေအနေမကောင်း တော့ပါဘူး။
လေးပွဲကစားပြီးချိန်မှာတစ်မှတ်သာ ရရှိထားတဲ့ 
လိုင်ယွန်ကို လေးမှတ်ရရှိထားတဲ့  ဂျန့်  တို့ 
ပညာပေးမှုခံရဦးမှာဖြစ်ပါတယ်။ ဂျန့် တို့ က ပြီး ခဲ့ တဲ့ 
ပွဲစဉ်မှာဗလင်စီယာကို တစ်ဂိုး-ဂိုးမရှိနဲ့
နိုင်ပွဲ ရခဲ့ ပေမယ့်  လိုင်ယွန်တို့ တော့
ဇင်းနစ်ကို နှစ်ဂိုးပြတ် နဲ့  ရှုံးခဲ့ ပါတယ်။
ဒီပွဲမှာအဝေးကွင်းဆိုပေမယ့်  ဧည့် သည်ဂျန့် ကို
ပိုပြီးနှစ်သက်မိတာအမှန်ပါပဲ။
**ပေါ်တို နှ င့်  ဒို င်နမို ကိ ဗ်**
အုပ်စု(G) မှာ ပေါ်တိုက လေးပွဲကစား ၁၀ မှတ် နဲ့ 
ဦးဆောင်နေပြီး ဒိုင်နမိုကိဗ်တို့ ကတော့ ငါးမှတ် နဲ့ 
တတိယနေရာမှာရပ်တည်နေပါတယ်။ ဒီပွဲကို
မဖြစ်မနေနိုင်ပွဲကစားမှရမယ့်  နှစ်သင်းစလုံး
အတွက် တော့ အပြိုင်ခြေကုန်ထုတ်ရမယ့်
ပွဲဖြစ်နေပါတယ်။ ပေါ်တိုဟာ အသင်းလိုက်ကစားအား
ကောင်းတာမို့  ဒိုင်နမိုကိဗ်တို့  အမှတ်ရဖို့ မလွယ်ပါဘူး။
**မက်္ကာဘီတဲလ်အဗစ် နှ င့်  ချယ်လ်ဆီး**
အုပ်စု(G) မှာ မက်္ကာ
ဘီတဲလ်အဗစ်တို့  တစ်မှတ် မှ
မရသေးပါဘူး။ ချယ်လ်ဆီးက ခုနစ်မှတ်ရရှိနေပြီး
ဒီပွဲမှာ အဝေးကွင်းဆိုပေမယ့်  ချယ်လ်ဆီးတို့ 
အလေးထားကစားပါလိမ့်မယ်။ ချယ်လ်ဆီးတို့ ရဲ့
စွမ်းဆောင်မှုက အောင်ပွဲရလဒ်ကို သယ်ဆောင်
လာမယ်လို့  ယုံကြည်ပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment