ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 18, 2015

=သောကမိခင်အသွင်ဂျူလီယာရောဘတ် နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

>
**သောကရောက်နေတဲ့မိခင်တစ်ဦးအဖြစ်မြင်တွေ့ရမယ့် ဂျူလီယာရောဘတ်** 

၂၀၁၀ခုနှစ်ကကမ်္ဘာ့ အလှဆုံးအမျိုးသမီးအဖြစ်ရွေးချယ် ခံခဲ့ ရသော ဟောလိဝုဒ်ကြယ်ပွင့်  ဂျူလီယာရောဘတ်သည် သူပါဝင်သရုပ်ဆောင်ထားသောရုပ်ရှင်သစ် ““Secret in their Eyes* တွင် ၀မ်းနည်းကြေကွဲ စရာများနှင့်  ပြည့်နေသော ဘ၀ကိုပိုင်ဆိုင်ထားသည့်  မိခင်တစ်ဦးအဖြစ်သရုပ်ဆောင်ထားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါရုပ်ရှင်ကို နိုဝင်ဘာ ၁၁ ရက်က လော့စ်အိန်ဂျယ်လိစ်တွင် မိတ်ဆက်ပြသခဲ့ ပြီး အော်စကာဆုရနိုင်သော ဇာတ်ကားအဖြစ် ထင်ကြေးပေးခြင်းခံခဲ့ ရသည်။ယင်းရုပ်ရှင်တွင်ဂျူလီယာရောဘတ် သည် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး နိမ့်ချည်မြင့် ချည်ဘ၀ကိုဖြတ်သန်းနေရင်း နောက်ဆုံးတွင်လည်း သူ၏သမီးကလေးမှာအသတ်ခံခဲ့ ရသည်။ ထို့ ကြောင့်  ယင်းရုပ်ရှင်တွင် ဂျူလီယာရောဘတ်၏ သောကမီးတောက် လောင်နေသော မိခင်တစ်ဦးအဖြစ် သရုပ်ဆောင်ချက်များကို တွေ့ မြင်ကြရမည်ဖြစ်သည်။ Secret in their Eyes”” ရုပ်ရှင်တွင် ဂျူလီယာရောဘတ်အပြင် မင်းသမီး နီကိုးလ်ကစ်ဒ်မန်းလည်း ပါဝင်သရုပ်ဆောင်ထားပြီး ယင်းရုပ်ရှင်ကိုအမေရိကန်နိုင်ငံ တစ်ဝန်းရှိရုပ်ရှင်ရုံများ၌ နိုဝင်ဘာ၂၀ ရက်တွင် စတင် ပြသသွားမည်ဖြစ်သည်။ (အေးပြည့်)

  **ခေါင်းဆောင်မင်းသားတွေရရှိခဲ့တဲ့သရုပ်ဆောင်ကြေးနဲ့  တန့်းတူရရှိခဲ့တဲ့စကားလက်ဂျိုဟန်စန်** 

 ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့  စကားလက်ဂျိုဟန်စန် ဟာ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လောက မှာရှိနေတဲ့ အမျိုးသမီးသရုပ်ဆောင်တွေအတွက် အတားအဆီးတစ်ခုကို ကျော်ဖြတ်နိုင် ခဲ့ ပါတယ်။ သူဟာ စွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ ““The Avengers series””ကို ရိုက်ကူးခဲ့စဉ်က ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသားတွေရရှိခဲ့  တဲ့  သရုပ်ဆောင်ကြေးနဲ့ တူညီတဲ့ သရုပ်ဆောင်ကြေးကို ရရှိခဲ့ ပါတယ်။ စကားလက်ဂျိုဟန်စန်ဟာ ““The Avengers series””ရုပ်ရှင်များ ကို ပါဝင် သရုပ်ဆောင်စဉ် ယင်းရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား တွေဖြစ်ကြ တဲ့ ကပ်္ပတိန်အမေရိက အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ တဲ့ ခရစ်အီဗန်နဲ့  ““သော””အဖြစ်ပါဝင် ခဲ့ တဲ့ မင်းသား ခရစ်ဟန်းမ်ဝါ့သ်တို့ နဲ့ သရုပ်ဆောင်ကြေး တန်းတူ ရရှိခဲ့ တယ်လို့  ဘရိုက်ယက်တီမဂ်္ဂဇင်းကဖော်ပြခဲ့ ပါတယ်။ ယခုကဲ့သို့မင်းသမီးအနေနဲ့ အမျိုးသားသရုပ်ဆောင်တွေနဲ့ တန်းတူ အနုပညာကြေးရရှိခဲ့ ခြင်းဟာ အောက်တိုဘာလက ပြုလုပ်ခဲ့ တဲ့အင်တာဗျူး တစ်ခုမှာ ““Hunger Games”” မင်းသမီးချော ဂျနီဖာလောရန့် စ် ထုတ်ခဲ့တဲ့ မေးခွန်းကြောင့် ဖြစ်ပါတယ်။ ဂျနီဖာက ဟောလိဝုဒ်ရုပ်ရှင်လောကတွင် ဇာတ်ဆောင် မင်းသမီးများအနေဖြင့်  တွဲဖက်သရုပ်ဆောင်ရသည့်  မင်းသားများနှင့် အနုပညာကြေးတန်းတူမရရှိခြင်းမှာ အဘယ် ကြောင့် နည်းဟု ရုပ်ရှင်လောကသားများသို့  မေးခွန်းထုတ်ခဲ့ ပါတယ်။ ““The Avengers series”” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ ဒစ်စနေ ရုပ်ရှင်ထုတ်လုပ်ရေးက စကားလက်ဂျိုဟန်စန်ကို အမျိုးသား သရုပ်ဆောင်များနှင့်  အနုပညာကြေးတန်းတူပေးခဲ့ ရခြင်းမှာ ဟောလိဝုဒ်၏ အမျိုးသား၊ အမျိုးသမီးခွဲခြားကာ သရုပ်ဆောင်ကြေး သတ်မှတ်သည့်  မညီမျှချက်များကို တိုက်ဖျက်ခြင်းရဲ့ ကနဦးခြေလှမ်းပင် ဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။ စကားလက်ဂျိုဟန်စန်ဟာ နာတာရှာရိုမနော့ထ်နဲ့  ဘလက်ခ်ဝတ်ဒိုး ဇာတ်ကောင်များ ဖြင့်  ““ Hunger Games””ရုပ်ရှင်များ ၏ ရုပ်ရှင်ငါးခုတွင် ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ (အေးပြည့်) 

** ဦးထုပ်မပါဘဲကစားရန်ပီတာဆက်ခ်ျဆန်္ဒရှိ**
ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်း ဂိုးသမား ပီတာဆက်ခ်ျသည် အသင်းနှင့် အတူ ပွဲထွက်ကစားစဉ် ကာလအတွင်း ဦးထုပ်မပါဘဲကစားရန် ဆန်္ဒရှိခဲ့ သော်လည်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် ထိုသို့လုပ်ဆောင်ရန် တားမြစ်ခဲ့ ကြောင်း သိရသည်။ အသက်(၃၃)နှစ် အရွယ်ရှိ အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျသည် ၂၀၀၆ ခုနှစ် ကတည်းက ဦးခေါင်းဒဏ်ရာ ရရှိခဲ့ ခြင်းကြောင့်  ပြိုင်ပွဲတိုင်း နီးပါးတွင် ဦးထုပ်ဆောင်း၍ ကစားခဲ့ ရသူဖြစ်သည်။ ၂၀၀၆ ခုနှစ် အတွင်းက ချယ်လ်ဆီး အသင်းနှင့် ရက်ဒင်းအသင်းတို့  ကစားခဲ့ သည့်  ပွဲစဉ်အပြီးတွင် သုံးလကြာအနားယူခဲ့ ရသူဖြစ်သည်။ ပီတာဆက်ခ်ျသည် အရေးပေါ်ဦးနှောက် ခွဲစိတ်ကုသရန် လိုအပ်လျက်ရှိပြီး ရရှိခဲ့ သည့် ဦးခေါင်းဒဏ်ရာကြောင့်  လက်ရှိအချိန်အထိ ထိုဒဏ်ရာကို အကာအကွယ်ပေးရန် ဦးထုပ်ဆောင်း ထားရဆဲဖြစ်သည်။ (ငွေကြယ်) 

**ဘာကာကလက်ဦးသါားတဲ့ပေါလ်ပေါ့ဘာလုပွဲ**
 ဂျူဗင်တပ်လူငယ်ကစားသမားပေါလ်ပေါ့ဘာက အခုမှ အသက်(၂၂)နှစ်သာရှိသေးပေမယ့်  သူ့ ကို ခေါ်ယူချင်တဲ့အသင်းတွေက ဥရောပ ကလပ်တွေရဲ့ ထက်ဝက်လောက်ရှိနေပါပြီ။ ပေါ့ဘာက ပြင်သစ် ယူ-၁၆ လီဟက်ရီအသင်းရဲ့  အသင်းခေါင်းဆောင်အဖြစ် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကိုစတင်ခဲ့ ပြီး အာဆင်နယ်နဲ့  ဂျူဗင်တပ်အသင်းတို့ ရဲ့  ကမ်းလှမ်းမှု ကိုငြင်းပယ်ကာ မန်ယူလူငယ်အကယ်ဒမီကို ၂၀၀၉မှာ ပြောင်းရွှေ့ သွားခဲ့ ပါတယ်။ဒါပေမယ့် လည်း ဖာဂူဆန်က ပေါ့ဘာကို နေရာမပေးခဲ့ ဘဲ စီနီယာကစားသမားတွေကိုသာ ခေါင်းမာမာနဲ့  ဆက်သုံးနေခဲ့ လို့  နောက်ဆုံးမှာ ဂျူဗင်တပ်ကိုထွက်ခွာဖို့  ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့  သွားပြီးနောက်မှာပေါ့ဘာရဲ့  အခန်းကဏ္ဍက ပေါ်လွင် လာ ခဲ့ ပြီး ကမ်္ဘာ့ အကောင်းဆုံးကွင်းလယ်ကစားသမား တစ်ဦးအဖြစ် ရောက်ရှိလာခဲ့ ပါတယ်။ ဒါ့ကြောင့်  ခြေစွမ်းခြေစရှိလွန်းတဲ့ပေါ့ ဘာကို အဲဒီတုန်းက ဂျူဗင်တပ်နည်းပြကွန်တီက အဓိကကစားသမားအဖြစ် ပွဲထုတ်ခဲ့သလို ပြင်သစ်နည်းပြ ဒီဒီယာဒက်ချွမ့်စ်ကလည်း ကမ်္ဘာ့ဖလားလိုပွဲစဉ်မျိုးမှာတောင်ပွဲတိုင်းဝင်ရောက်ကစား စေခဲ့လို့ တစ်ကမ်္ဘာလုံးက ဘောလုံးပရိသတ်တွေက သူ့ ကို အခြားလူငယ်ကစားသမားတွေထက်ပိုပြီး သတိပြုမိခဲ့ ပါတယ်။ ပေါ့ဘာက ဂျူဗင်တပ်အသင်းနဲ့ အတူချန်ပီယံလိဂ်ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ သလို ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ တဲ့  ဥရောပအကောင်းဆုံးကစားသမား ၁၀ ဦး စာရင်းမှာလည်း ၀င်ရောက်ခဲ့တာကြောင့်  သူ့ရဲ့ ခြေစွမ်း ဘယ်လောက်အထိ ထက်မြက်သလဲဆိုတာ ပရိသတ်တွေ ခန့် မှန်းနိုင်မှာပါ။ သူ့ကိုခေါ်ယူချင်နေတဲ့ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်၊ ရီးယဲလ်၊ဘာစီလိုနာ၊မန်စီးတီးစတဲ့  အသင်းတွေထဲကမှ ပေါ့ဘာက ဘာကာကို သာသွားရောက်ကစားလိုစိတ်ပြင်းထန်နေသူဖြစ်ပါတယ်။ ဒါပေမယ့် လည်း ပေါ့ဘာဟာပြီးခဲ့တဲ့ နွေဈေးကွက်မှာ ကတည်းက ဘာစီလိုနာကို ပြောင်းရွှေ့ ဖို့ နီးစပ်ခဲ့  သေးပေမယ့်  သူဟာဂျူဗီမှာပဲ လေ့လာသင်ကြားစရာ တွေကျန်ရှိနေသေးသလို ပီယာလို၊တိဗက်ဇ်နဲ့  ဗီဒယ်လ်တို့  ထွက်ခွာသွားမှုနဲ့ အတူ လိုအပ်နေတဲ့ လူအင်အားကြောင့်  ဂျူဗီမှာပဲဆက်နေဖို့  ဆုံးဖြတ်ခဲ့သူပါ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျူဗီကစီးရီးအေ အမှတ်ပေးဇယား အဆင့်(၇)နေရာမှာသာရပ်တည်နေသလို ချန်ပီယံလိဂ်မှာလည်း မန်စီးတီးရဲ့  နောက်ကောက်ချခံခဲ့ ရပါတယ်။ ဂျူဗင်တပ်မှာရောက်ရှိနေခဲ့ တာသုံးနှစ်ကျော်လွန်လာတဲ့  အချိန်မှာပေါ့ဘာအနေနဲ့  အသင်းပြောင်းဖို့  အချိန်တန်ပြီ ဖြစ်သလို ဘာကာကိုသာ အနှေးနဲ့အမြန်ရောက်ရှိ ဖို့ရှိနေတယ်လို့  ဖီဖာကိုယ်စားလှယ်ဖြစ်သူ အာနက်စ်္စတို ဘရောင်စတီက ခန့် မှန်းခဲ့ ပါတယ်။ ပေါ့ဘာက အရင်ကတည်းက ပရီမီယာလိဂ်အသင်း တွေထက် စပိန်မြေမှာပဲကစားလိုတယ်လို့  ဆိုခဲ့ ဖူးတာကြောင့်  သူ့ အနေနဲ့  ဘာကာအပြင် အခြား အသင်းကိုပြောင်းရွှေ့ ဖို့  အလားအလာမရှိဘူးလို့  သုံးသပ်ရမှာပါ။အရင်ကတော့ ပြင်သစ်အသင်း ကစားဖော်ဖြစ်တဲ့  ဗာရာနီနဲ့ ဘင်ဇီမာဆို့ ရှိတဲ့  ရီးယဲလ်ကိုသာ ဦးစားပေး ပြောင်းရွှေ့ လိုပေမယ့် လူမည်းကစားသမားတွေကိုနေရာပေးလေ့မရှိတဲ့  ရီးယဲလ်ဥက်္ကဋ္ဌကြီးပီရက်ဇ်ရဲ့ မူကြောင့်  သူ့ ကိုရီးယဲလ်ကိုပြောင်းရွှေ့  ဖို့  အခြေအနေမပေးခဲ့  တာပါ။ ဒါကြောင့်  ရီးယဲလ်ထက်သူ့ ကို လိုလို လားလားခေါ်ယူလိုနေတဲ့  ဘာစီလိုနာက လွဲပြီး အခြားအသင်းကိုပြောင်းရွှေ့ဖို့ ဆိုတာ မဖြစ်နိုင် တာကြောင့်  ဘာကာဂျာစီကို ၀တ်ဆင်ပြီး ကမ်္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဗိုလ်ဝင်ခံမယ်ဆိုတာ သံသယရှိစရာမလိုတော့ပါဘူး။ (ရွိင်ယန်ဟေဒင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)