ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 15, 2015

=စီရိုနယ်လ်ဒိုဘာလဲ--ဘယ်လဲ=

>
ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျက ရီးယဲလ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုကို ယူရို သန်း၁၀၀ကျော် အသုံးပြုပြီးခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့  ဂိုးဒေါ့ကွန်းက ဖော်ပြပါတယ်။ ရီးယဲလ်ကြယ်ပွင့်ကလာမယ့်  ဖေဖော်ဝါရီလမှာ အသက်(၃၁)နှစ်ပြည့် မှာဖြစ်ပေမယ့်  အခုထိခြေစွမ်းထက်မြက်နေဆဲ ကမ်္ဘာ့ အကောင်းဆုံး ကစားသမားကို မန်ယူ၊ ပီအက်စ်ဂျီ တို့ ကခေါ်ယူဖို့  အသည်းအသန်ကြိုးပမ်းနေကြသလို အခုဆို ချယ်လ်ဆီးကပါ စီရိုနယ်လ်ဒိုအား ခေါ်ယူချင်တဲ့  ဒီပြိုင်ပွဲထဲကို ၀င်ရောက်လာခဲ့ ပါပြီ။ စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ ချယ်ဆီးကို မော်ရင်ဟို ဆက်လက် ကိုင်တွယ်သည်ဖြစ်စေ၊ မကိုင်တွယ်သည်ဖြစ်စေ စီရိုနယ်လ်ဒိုကိုတော့ မရရအောင်ခေါ်ယူဖို့  မိုဗစ်ခ်ျက ညွှန်ကြားချက် ပေးထားပြီးဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုအနေနဲ့ ချယ်လ်ဆီးကိုရောက်ရှိနိုင်မယ့်  တစ်ခုတည်းသော နည်းလမ်းကတော့ အေးဂျင့် ဂျော့ မန်းဒက်ဇ်ပဲ ဖြစ်ပါတယ်။ ဂျော့မန်းဒက်ဇ်က ဖယ်လ်ကာအို၊ ကော်စတာနဲ့  ဖိလစ်ပီလုဇ်တို့ လို နာမည်ကျော်ကစား သမားတွေကို ချယ်လ်ဆီးအသင်းနဲ့  စာချုပ်ချုပ်ဖြစ်အောင် ချိတ်ဆက်ပေးခဲ့ တဲ့  အဓိက ဇာတ်ကောင်ဖြစ်ပါတယ်။ မိုဗစ်ခ်ျကတော့ စီရိုနယ်လ်ဒိုရဲ့  ပုံရိပ်အသုံးပြုခကရမယ့်  အကျိုးအမြတ်ရယ်၊ အရင်ကတည်းကလည်း ပရီမီယာလိဂ်မှာအောင်မြင်တဲ့ ကစားသမားဘ၀ကို တည်ဆောက်နိုင်သူဖြစ်တာကြောင့်  လာမယ့် နွေဈေးကွက်မှာ အရခေါ်ယူနိုင်ဖို့  ကြိုးစားနေတာဖြစ်ပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးက လာမယ့် နွေမှာမာတစ်၊ အော်စကာနဲ့  ဟာဇက်တို့ ကို ထုတ်ရောင်းရင် အနည်းဆုံးယူရိုသန်း၂၀၀လောက် ရမှာဖြစ်လို့  စီရိုနယ်လ်ဒိုကိုခေါ်ယူဖို့  ငွေကြေးအလုံအလောက် ရှိတယ်လို့ လည်း သိရပါတယ်။ ဒါပေမယ့်  စီရိုနယ်လ်ဒိုက ရီးယဲလ်နဲ့  ချုပ်ဆိုထားတဲ့  စာချုပ်သက်တမ်းကလည်း ၂၀၁၈ ခုနှစ် မှ ကုန်ဆုံးမှာဖြစ်ပြီး ဇီဒန်းလို ရီးယဲလ်မှာပဲ ကစားသမားဘ၀ကို အဆုံးသတ်မှာဖြစ်တာကြောင့် ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုကိုမှ လက်ခံမှာ မဟုတ်ပါဘူးလို့  တု့ံပြန်ခဲ့ ပါတယ်။ စီရိုနယ်လ်ဒိုက သူဟာနောက်ခြောက်နှစ်၊ ခုနစ်နှစ်လောက်အထိ အကောင်းဆုံး ခြေစွမ်းကို ဆက်ထိန်းနိုင်ဦးမယ်လို့  ယုံကြည်ထားပြီး အမေရိကန်မေဂျာလိဂ်၊ ဒူဘိုင်းလိဂ်တွေ မှာတော့ ကစားသမားဘ၀ကိုကုန်ဆုံးမှာမဟုတ်ဘူး လို့  ဆိုခဲ့ ပါတယ်။ ““ကျွန်တော်ဟာ ဂုဏ်သိက်္ခာရှိရှိနဲ့  အားကစားလောကကိုနှုတ်ဆက်မှာဖြစ်လို့  အမေရိက၊ ဒူဘိုင်းစတဲ့ လိဂ်တွေမှာကစားသွားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ပြီးတော့ အခုရီးယဲလ်မှာကစားရတာ သက်သောင့် သက်သာရှိသလို ပျော်လည်းပျော်နေတဲ့ အတွက် အခြားဘယ်အသင်းကိုမှ ပြောင်းရွှေ့ ဖို့  အစီအစဉ်မရှိပါဘူး။ ဒါ့အပြင် ကစားသမားဘ၀က အနားယူရင် နည်းပြလုပ်ဖို့ လည်း အစီအစဉ်မရှိပါဘူး။ ကျွန်တော့် ရဲ့  ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်တဲ့ အ၀တ်အထည်ပစ်္စည်းတွေနဲ့  အခြားဖက်ရှင်တွေအတွက်ပဲ အားထည့် လုပ်ဆောင်သွားမှာပါ””လို့  စီရိုနယ်လ်ဒိုက ဆိုခဲ့ ပါတယ်။ ဒါပေမယ့်  ဒေးဗစ်ဘက်ခမ်းကတော့ သူ့ စိတ်ထင် စီရိုနယ်လ်ဒိုက မန်ယူမှာပဲ ကစားသမား ဘ၀ကို အဆုံးသတ်သွားမယ်လို့  ထင်မြင်ချက်ပေးခဲ့  ပါတယ်။ စီရိုနယ်လ်ဒိုက ၂၀၁၆နောက်ပိုင်းကျမှသာလျှင် သူဟာ ရီးယဲလ်မှာဆက်နေမလား။ ဒါမှမဟုတ် အသင်းပြောင်း မှာလားဆိုတဲ့  အနာဂတ်ကိစ်္စရပ်ကို အသေအချာစဉ်းစားသွား မယ်လို့  အခုနောက်ဆုံးပြောကြားလိုက်ပါတယ်။ ဒါ့ကြောင့်  ခေါ်ချင်တဲ့  အသင်းတွေ ၀ိုင်းဝိုင်းလည်နေတဲ့ စီရိုနယ်လ်ဒို ဘာလဲ၊ ဘယ်လဲဆိုတဲ့ အဖြေက...။ 

+မေလဲ့သင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)