ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 16, 2015

=ရိုနယ်လ်ဒိုဖွင့်လှစ်မယ့်တရုတ်ပြည်ကဘောလုံးသင်တန်းကျောင်းသုံးခု နဲ့  ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း=

> **ရိုနယ်လ်ဒိုက တရုတ်နိုင်ငံမှာဘောလုံးသင်တန်းကျောင်းသုံးခုဖွင့်လှစ်သွားမည်**
ဘရာဇီးဘောလုံးအကျော်အမော်တစ်ဦးဖြစ်သည့် ရိုနယ်လ်ဒိုက
 တရုတ်နိုင်ငံ ပေကျင်းမြို့နှင့်  ရှန်ဟိုင်းမြို့တို့  အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဘောလုံးသင်တန်းကျောင်းသုံးခုကို
 ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
 ယင်းစီမံကိန်းများနှင့် ပတ်သက်သည့်  တာဝန်ရှိသူ
တစ်ဦးက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။
““ကျွန်တော်တို့ရဲ့  ပထမဆုံးဘောလုံးသင်တန်းကျောင်း
တွေကတော့ ပေကျင်းမြို့၊ရှန်ဟိုင်းမြို့နဲ့  စီချွမ်ပြည်နယ်
 မှာရှိတဲ့  မြန်ယန်မြို့တွေမှာဖွင့် လှစ်သွားမှာဖြစ်ပါတယ်။
အဲဒီဘောလုံးသင်တန်းကျောင်းတွေကိုဒီဇင်ဘာလမှာ
စတင် ဖွင့် လှစ်နိုင်မယ်လို့ မျှော်လင့် ပါတယ်””ဟု
 တရုတ်နိုင်ငံတွင်ရိုနယ်လ်ဒို၏ ဘောလုံးသင်တန်း
ကျောင်းများတွင် မန်နေဂျာ အဖြစ်တာဝန်ယူဆောင်ရွက်
နေသည့် ပေါ်လိုဆွက်စ်က ပြောကြားသည်။  

ရိုနယ်လ်ဒိုက တရုတ်နိုင်ငံတွင် ဘောလုံးသင်တန်းကျောင်း
 ၃၀ ဖွင့် လှစ်ရန်စီစဉ်ထားကြောင်း စက်တင်ဘာလ 
ကတည်းက ကြေညာထားခဲ့ ပြီး နိုဝင်ဘာ ၁၄ ရက်က 
၎င်း၏မိတ်ဆွေ ဘရာဇီးဘီလျံနာသူဌေး ကားလို့ စ်ဝစ်ဇ်မာတင်
နှင့်  အတူ မြန်ယန်မြို့သို့ ရောက်ရှိလာကာ ဒေသခံ
အလယ်တန်းကျောင်း တစ်ကျောင်းတွင် ဘောလုံးသင်တန်း
ကျောင်းအ စီအစဉ်နှင့်  ပတ်သက်သည့်လှုပ်ရှားမှု
တစ်ခု ပြုလုပ်ခဲ့ ကြသည်။ တရုတ်နိုင်ငံတွင် ဘောလုံး
သင်တန်းကျောင်း ၃၀ ဖွင့်လှစ်ရန်ပူးပေါင်းလုပ်ဆောင်ပြီး
 ဘောလုံးကစားနည်းများသင်ကြားပေးမည့် သူများကိုလည်း
 ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပေါ်လိုက ပြောကြားသည်။

 ရိုနယ်လ်ဒိုနှင့်  ကားလို့ စ်နှစ်ဦး ပူးပေါင်းတည်ထောင်သည့် 
ရိုနယ်လ်ဒိုဘောလုံးသင်တန်းကျောင်းများကို 
၂၀၂၀ ပြည့် နှစ်တွင် သင်တန်းကျောင်းပေါင်း 
၁၀၀ ဖွင့် လှစ်နိုင်မည်ဟု မျှော်လင့် ရပြီး ယခုနှစ်တွင်
 ဘရာဇီး၊ အမေရိကန်နှင့်  တရုတ်တွင် ရှစ်ခုဖွင့်လှစ်ထားသည်။ (ဆင်ဟွာ) 

** တောင်ကိုရီးယားမင်းသားချော လီဂျွန်ကီပါဝင်တဲ့တရုတ်ရုပ်ရှင်သစ်Moon Lovers** 

““ပန်းချယ်ရီကလဲ့ စား””ရုပ်ရှင်ဖြင့်  မြန်မာပရိသတ်နှင့်
 စတင်ရင်းနှီးခဲ့ သော တောင်ကိုရီးယားမင်းသားချော 
လီဂျွန်ကီသည် တရုတ်ရုပ်ရှင်သစ် ““Moon Lovers””တွင်
 ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူ၏ အေဂျင်စီက
 ပြောကြားခဲ့ သည်။ အဆိုပါရုပ်ရှင်တွင်လီဂျွန်ကီသည် 
 အေးစက်စက်စရိုက်ရှိသော နန်းမွေဆက်ခံသူတစ်ဦး
အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ 

အဆိုပါရုပ်ရှင်တွင် အမျိုးသမီး ဇာတ်ဆောင်တစ်ဦး
လည်းပါဝင်ပြီး သူသည် လတ်ရှိကာလမှ ဧကရာဇ် ခေတ်
သို့  ရုတ်တရက်ရောက်ရှိသွားပြီး လီဂျွန်ကီနှင့် 
တွေ့ ဆုံခဲ့ ပုံကိုဇာတ်အိမ်ဖွဲ့ ထားသော 
စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားဖြစ်သည်။
 လီဂျွန်ကီနှင့် တွဲဖက်၍ ခေါင်းဆောင်မင်းသမီး
အဖြစ် ကင်မ်ဟာနူးက ပါဝင်သရုပ်ဆောင်
သွားမည်ဖြစ်သည်။ (ခင်ခင်သက်)

**ပဲရစ်ဗုံးခွဲတိုက်ခိုက်မှုကြောင့်ဇီဒန်းနှင့်ဗီအဲရာတို့ 

ယူနီဆက်ဖ်ရန်ပုံငွေဘောလုံးပွဲလူစာရင်းမှနူတ်ထွက်** 

ပဲရစ်ဗုံးခွဲတိုက်ခိုက်မှုကြောင့်ပြင်သစ်ကစားသမားများဖြစ်သည့် 
 ဇီဒန်းနှင့်ဗီအဲရာတို့  နှစ်ဦးသည် နိုဝင်ဘာ ၁၅ ရက်တွင် 
ကစားရန်စီစဉ်ထားသည့်  ယူနီဆက်ဖ်(နိုင်ငံတကာ ကလေးများ ရန်ပုံငွေအဖွဲ့)ရန်ပုံငွေဘောလုံးပွဲစဉ်အသင်းလူစာရင်းမှ
 နုတ်ထွက်ခဲ့ ကြသည်ဟု အင်ဒီပန်းဒင့် အွန်လိုင်းသတင်း၌
 ဖော်ပြသည်။ အဆိုပါ ပြင်သစ်နာမည်ကျော်ကစားသမား
 ဟောင်းနှစ်ဦးတို့ သည် ပြိုင်ပွဲလူစာရင်းမှ နုတ်ထွက်ခဲ့
ကြသော်လည်း အခြားပြင်သစ်ကစား သမားများဖြစ်သည့် 
 ပီရက်ဇ်နှင့်  ဆီဗက်စတြားတို့ မှာမူ မူလအစီအစဉ်
အတိုင်းဝင်ရောက် ကစားခဲ့ ကြသည်။

 အိုင်ယာလန်၊ ဗြိတိန်ကစားသမားဟောင်းများအသင်းနှင့်
 ကမ်္ဘာ့အကောင်းဆုံးကစား သမားဟောင်းများအသင်းတို့
သည် ကမ်္ဘာ့ကလေးများရန်ပုံငွေ တိုးမြင့်ရရှိရေးအတွက်
 မန်ယူအသင်း၏ အိမ်ကွင်းအိုးထရက်ဖို့ ဒ်၌ ရန်ပုံငွေ
ပွဲစဉ်တစ်ရပ်ကိုကစားရန် ပြီးခဲ့ သည့်အောက်တိုဘာ
လကတည်းကစီစဉ်ထားခဲ့ ခြင်းဖြစ်သည်။ 

ကမ်္ဘာ့အကောင်းဆုံးကစားသမားဟောင်းများ
အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ
ထားသူဇီဒန်းမှာအသင်းလူစာရင်းမှ နုတ်ထွက်သွား
ခဲ့ သော်လည်း ပြိုင်ပွဲကိုလုံခြုံရေးတိုးမြှင့် ၍ 
မူလအစီအစဉ်အတိုင်းကျင်းပခဲ့ သည်။ 
အိုင်ယာလန်၊ ဗြိတိန်အသင်း၏ အသင်းခေါင်းဆောင်
အဖြစ် ဒေးဗစ်ဘက်ခမ်းကဆောင်ရွက်ခဲ့ ပြီး နည်းပြ
အဖြစ် ဆာအဲလက်စ်ဖာဂူဆန်က တာဝန်ယူခဲ့သည်။ 
စာရင်းများအရ ဗုံးခွဲတိုက်ခိုက်မှုကြောင့်  ယခုထိ
 သေဆုံးသူ ၁၂၉ ဦးအထိရှိခဲ့ ကာ ပြင်သစ်နိုင်ငံ
တစ်ဝန်းလုံးတွင် ပရော်ဖက်ရှင်နယ်အားကစားပွဲစဉ်များ
အားလုံးကို ယခု တစ်ပတ်တွင် ရပ်နားထားမည်ဟုလည်း 
အင်းဒီပန်းဒင့် သတင်း၌ ဆက်လက်ဖော်ပြသည်။ (မေလဲသင်း)

**ဘိုင်ယန်မှာပဲဆက်ရှိနေမှာသေချာနေတဲ့လီဝမ်ဒေါစကီး**

ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးအား ပရီမီယာလိဂ်
ကလပ်အသင်းများမှ ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း 
ဘိုင်ယန်၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း
 ကစားသမား၏ကိုယ်စားလှယ်ဖြစ်သူကအတည်ပြုခဲ့သည်။ 
ပရီမီယာလိဂ်အသင်းများကပေးချေမည့်  မြင့် မားသော
 လုပ်ခလစာကြောင့် အဆိုပါ ဘိုင်ယန်တိုက်စစ်မှူး
အနေဖြင့်  ပရီမီယာလိဂ်သို့ ပြောင်းရွှေ့ ရန် စိတ်ဝင်စား
နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် 
““လီဝမ် ဒေါစကီးက ပရီမီယာလိဂ်ကိုပြောင်းရွှေ့ဖို့ 
စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက မမှန် ပါဘူး”” 
ဟု သူ၏ကိုယ်စားလှယ်ဖြစ်သူ ဂျာမနီနိုင်ငံသား
ဘာတဲလ်က စပို့ ဘေးလ်သို့ ပြော သည်။ လီဝမ်ဒေါစကီး
သည် ယခုနှစ်ဘောလုံးရာသီတွင်ဘိုင်ယန်အတွက်
 စုစုပေါင်းသွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူခြေစွမ်းပြသ
နေသောကြောင့်ကမ်္ဘာ့အင်အားကြီးကလပ်အသင်း
 အတော်များများက ခေါ်ယူရန်ကြိုးပမ်းလာခြင်းဖြစ်သည်။ 

သို့သော် လီဝမ်ဒေါစကီးက ဘိုင်ယန်အသင်းတွင်
နေထိုင်နေရသည်မှာကျေနပ်ပျော်ရွှင်သောကြောင့်
 အခြားမည်သည့်  ကလပ်အသင်းကိုမျှ ပြောင်းရွှေ့ မည်
မဟုတ် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ သည်။ (မေလဲသင်း)

**ရိုနယ်လ်ဒိုက တရုတ်နိုင်ငံမှာဘောလုံးသင်တန်းကျောင်းသုံးခုဖွင့်လှစ်သွားမည်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)