ပုံမှာမြင်တွေ့ ရတဲ့ အတိုင်းစန်တာမော်နီကာမှာရှိတဲ့  သမီးလေးရဲ့ 
ကျောင်း ကိုသွားကြိုခဲ့ တဲ့  ဗစ်တိုးရီးယားစီးကရက်မော်ဒယ်
အဲလစ်စန်ဒရာအမ်ဘရိုစီယိုကိုအခြားသောမိခင်တွေက
အားကျတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေခဲ့ပါတယ်။
အကြောင်းကတော့ အဲလစ်စန်ဒရာဝတ်ဆင်ထားတဲ့ ဟောလိုးဝင်း
ပွဲတော်ဝတ်စုံကြောင့်ပါ။ နိုင်ငံရဲ့ ထင်ရှားတဲ့ ပွဲတော်
တစ်ခုဖြစ်တဲ့  ယင်းပွဲတော်ရဲ့ နေ့ရက်တွေမှာလူအများဟာ
ထူးခြားတဲ့ ဝတ်စုံတွေကိုဝတ်ဆင်သွားလာလေ့ရှိပါတယ်။
အဲလစ်စန်ဒရာကတော့ အနီရောင်တောက်တောက်ဝတ်စုံကို
ဝတ်ဆင်ခဲ့ တာမို့  လူအများကြားမှာထင်ရှားနေခဲ့ပါတယ်။
>
ဒါ့အပြင်ချစ်စရာကောင်းတဲ့ ဝတ်စုံကြောင့်  သူ့ ကို ပြည့် စုံတဲ့ အသွင်အပြင်နဲ့  အခြားသူတွေကငေးကြည့် ရလောက်အောင်
ဖြစ်စေခဲ့တာပါလို့  တီအမ်ဇက်ဒေါ့ကွန်းကဖော်ပြခဲ့ ပါတယ်။
(အေးပြည့်)
** ဂျပန်-တရုတ်-တောင်ကိုရီးယား သုံးပွင့်ဆိုင်အစည်းအဝေးပြန်လည်ကျင်းပ**
(ဆိုးလ် နိုဝင်ဘာ ၁ )
သုံးနှစ်ခွဲခန့် ကျင်းပခဲ့ ခြင်းမရှိသည့်  ဂျပန်-တရုတ်- တောင်ကိုရီးယား
သုံးပွင့်ဆိုင်အစည်းအဝေးကိုဆိုးလ်မြို့ တွင် ပြန်လည်ကျင်းပခဲ့ ရာ
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ တရုတ်ဝန်ကြီးချုပ် လီခချန်းနှင့် 
တောင်ကိုရီးယား သမ်္မတ ပတ်ဂွန်ဟေးတို့  တက်ရောက်ခဲ့ ကြကြောင်း
သိရ သည်။ အစည်းအဝေးတွင် ခေါင်းဆောင်သုံးဦးက အစည်း အဝေးကို နှစ်စဉ်ပုံမှန် ပြန်လည်ကျင်းပနိုင်ရန်နှင့်
လာမည့် နှစ် အစည်းအဝေးကိုဂျပန်နိုင်ငံတွင် ကျင်းပရန်
သဘောတူညီခဲ့ ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးသည် သမိုင်းတွင်အရေးပါသည့်  အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံသုံးနိုင်ငံ၏ ဒေသတွင်း
တည်ငြိမ်အေးချမ်းရေးနှင့်  အကျိုးစီးပွားအတွက် အရေးပါသော
သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အကောင်အထည်
ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ်္မတ
ပတ်ဂွန်ဟေးက ဆိုသည်။ ““ကျွန်တော်တို့တွေ ရင်းနှီးပွင့်လင်း
စွာနဲ့  အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးကြောင့် 
သုံးနိုင်ငံ ပြန်လည်ပူးပေါင်းဆောင်ရွက်နိုင်ပြီဖြစ်တဲ့ အတွက်
သိသာ ထင်ရှားတဲ့  အောင်မြင်မှုလို့ ပဲဆိုရမှာပါ””ဟု
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့ သည်။
နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် သုံးနိုင်ငံ အကြား
အပြန်အလှန်ယုံကြည်မှုရှိခြင်းတို့ သည် အရေးကြီးသော
အခြေခံအုတ်မြစ်တစ်ခုပင်ဖြစ်ကြောင်း တရုတ် ၀န်ကြီးချုပ်
လီခချန်းက ဆိုသည်။ သုံးနိုင်ငံခေါင်းဆောင်များအနေဖြင့်
သမိုင်းတွင်ကျန်ရစ်ခဲ့သည့် ကိစ်္စရပ်များ အပါအ၀င် အရေးပါ
သောကိစ်္စရပ်များကို ပိုမိုအလေးပေး ဆွေးနွေးကြရန်
လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
သုံးနိုင်ငံခေါင်းဆောင်များက ၎င်းတို့ အနေဖြင့် 
သုံးနိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုဇုန်တစ်ခု
တည်ထောင်နိုင်သည်အထိ ဆွေးနွေးပွဲကို အရှိန် အဟုန်မြှင့် 
မည်ဖြစ်ကြောင်း အတည်ပြုပြောကြားကြသည်။
ထို့ ပြင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား
အရေးကိုတားမြစ်နိုင်ရန်ရည်ရွယ်သည့်  တောင်ကိုရီးယား၊
မြောက်ကိုရီးယား၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ရုရှား နိုင်ငံ
တို့ပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲ
ကို ပြန်လည် ကျင်းပနိုင်ရန်လည်း သဘောတူညီခဲ့ ကြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နိုဝင်ဘာ ၂ ရက်တွင်
သမ်္မတပတ်ဂွန်ဟေးနှင့် သီးခြားတွေ့ ဆုံဆွေးနွေးမည်ဖြစ်သည်။
(အင်န်အိတ်ချကေ)
**လီဗာပူးကိုရှုံးနိမ့်ခဲ့ပေမယ့် ချယ်လ်ဆီးကိုဆက်လက်ကိုင်တွယ်
ခွင့်ရမယ်လို့ မော်ရင်ဟိုယုံကြည်ထား**
ပရီမီယာလိဂ်ပွဲစဉ်(၁၁)မှာချယ်လ်ဆီးကလီဗာပူး ကိုရှုံးနိမ့်ခဲ့ပေမယ်
့ နည်းပြမော်ရင်ဟိုက သူဟာချယ်လ်ဆီးကို ဆက်လက်ကိုင်တွယ်ခွင့်
တော့ ဆုံးရှုံးမှာမဟုတ်ဘူးလို့  အခိုင်အမာဆိုလိုက်ပါတယ်။
ချယ်လ်ဆီးသာ လီဗာပူး ကိုရှုံးနိမ့် ရင် မော်ရင်ဟိုလည်း
ချယ်လ်ဆီးနည်းပြထိုင်ခုံမှာဆက်ထိုင်ခွင့်ရှိမှာမဟုတ်ဘူးလို့
အစောပိုင်းက သတင်းတွေထွက်ခဲ့ ပေမယ့်  တကယ်တမ်းရှုံးပွဲ
ကြုံခဲ့ တာတောင် မော်ရင်ဟိုရဲ့  ခုံကမြဲနေဆဲပါ။
လီဗာပူးကိုရှုံးနိမ့်တဲ့ပွဲအပြီးမှာသတင်းထောက် တစ်ဦးက
““ ဒါက ခင်ဗျားအတွက် ချယ်လ်ဆီးကိုကိုင်တွယ်ခွင့် ရတဲ့
နောက်ဆုံးပွဲလား”” လို့ မေးမြန်းခဲ့ ရာမှာ မော်ရင်ဟို က
““မဟုတ်ပါဘူး။ပရိသတ်တွေက လူပြိန်းတွေမဟုတ်တော့
ကျွန်တော်ကိုယ်တိုင်ရော ကစားသမားတွေပါ ရလဒ်ဆိုး
တွေထဲက ရုန်းထွက်နိုင်အောင် ဘယ်လောက်အထိ
အားထုတ်နေလဲဆိုတာ သူတို့ ကောင်းကောင်းကြီး
သိကြပါတယ်”” လို့  ပြန်လည်ဖြေကြားခဲ့ ပါတယ်။
ဒါ့အပြင်မော်ရင်ဟိုက ပွဲအပြီးမှာသူ့ရဲ့ နည်းပြအဖွ့ဲဝင်
တွေနဲ့  ဆွေးနွေးနေတဲ့ ပုံကို ဓာတ်ပုံရိုက်ကူးခံခဲ့ သလို
တိုက်ပွဲဝင်စိတ်ရှိနေသရွေ့  အနိုင်ရလဒ်ဆိုတာ
မခက်ပါ ဘူးလို့ လည်း တုံ့ ပြန်ခဲ့ ပါတယ်။
တစ်ခုရှိတာက မော်ရင်ဟိုဟာ ဘယ်လိဂ်မှာ
နည်းပြအဖြစ်ဆောင်ရွက်ခဲ့  ဆောင်ရွက်ခဲ့  တစ်ရာသီလုံး
ခြောက်ပွဲထက်ရှုံးနိမ့်ဖူးတဲ့  ရာဇ၀င်ဆိုတာ သူ့ မှာ
မရှိခဲ့ တာကြောင့် အခုခြောက်ပွဲမြောက် အရှုံးနောက်မှာ
ပြန်လည်နိုးထနိုင်မလားဆိုတာ စောင့် ကြည့် ချင်စရာ
ကောင်းပါတယ်။ ချယ်လ်ဆီးကပွဲအစမှာရာမီရက်ဇ်ရဲ့ 
သွင်းဂိုးနဲ့  ဦးဆောင်နိုင်ခဲ့ ပြီးမှ ကော်တင်ဟိုနဲ့ ဘန်တီကီ
တို့ ရဲ့ သွင်း ဂိုးတွေခွင့် ပြုလိုက်ရတဲ့ အတွက် ခြောက်ပွဲ
မြောက်ပရီမီယာလိဂ်အရှုံးကို ရင်ဆိုင်လိုက်ရတာပါ။
ထူးခြားတာက ချယ်လ်ဆီးအသင်းကပွဲအစမှာဆို
ကစားပုံကောင်းပြီး ဦးဆောင်ဂိုးတွေသွင်းထားနိုင်
ကာမှ ပွဲချိန်ကြာလာရင် ကစား အားကျဆင်းလာပြီး
တစ်ဖက်အသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုး တွေ
အလွယ်တကူပေးနေရတဲ့အချက်ပါ။ ဒါ့ကြောင့်
ချယ်လ်ဆီးအနေနဲ့ တစ်ပွဲလုံးရဲ့ ကစားအား
အတက်အကျကို ကောင်းကောင်းထိန်းညှိတတ်တဲ့ 
ဗဟိုကွင်းလယ်ကစားသမားနှစ်ဦးနဲ့  ဦးဆောင်ဂိုးရပြီး
နောက်မှာအသင်းရဲ့ နောက်တန်းကိုဦးဆောင်ကစားနိုင်မယ့် 
ခံစစ်မှူးကောင်းကောင်းလိုအပ်နေပါတယ်။
ဒီအချက် ကိုပြင်နိုင်ရင် ချယ်လ်ဆီးရဲ့  နိုင်ပွဲတွေကို
ပရိသတ်တွေ ပြန်လည်မြင်တွေ့ရမှာပါ။
(ရွိုင်ယန်ဟေဒင်)
**၀ိန်းရွန်းနီနှင့် မာရှယ်လ်တို့ နှစ်ဦးအားဂိုးမက်ဇ်ထံမှ ဂိုးသွင်းနည်း ပညာသင်ယူစေချင်ကြောင်း မန်ယူနည်းပြ ဗန်ဟားလ်ပြောဆို**
မန်ယူနည်းပြ ဗန်ဟားလ်က ဂိုးပေါက်ပျောက်နေသော တိုက်စစ်မှူးးဝိန်းရွန်းနီနှင့် မာရှယ်လ်တို့ နှစ်ဦးအား ယခင်ဘိုင်ယန်တိုက်စစ်မှူးဟောင်း မာရီယိုဂိုးမက်ဇ်ထံမှ ဂိုးသွင်းနည်း ပညာသင်ယူစေချင်ကြောင်း ဆိုလိုက်သည်။ ရွန်းနီသည် နောက်ဆုံးကစားခဲ့ သည့်  ခြောက်ပွဲတွင် သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ပြီး မန်စီးတီးနှင့် ပွဲတွင် ဘောလုံးနှင့် ထိချက်ပေါင်း (၄၄) ကြိမ်အထိရှိခဲ့ သော်လည်း သွင်းဂိုးတစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိခဲ့ ပေ။ ဗန်ဟားလ်က ရွန်းနီ၏ခြေစွမ်းနှင့်  ပတ်သတ်၍ တောက်လျှောက်ကာကွယ်ပေးခဲ့ သော်လည်း ခရစ်္စတယ်ပဲလေ့စ်နှင့် 
ဂိုးမရှိသရေကျခဲ့ သော ပွဲစဉ်အပြီးတွင်မူ အဆိုပါမန်ယူ၏ အဓိကတိုက်စစ် မှူးနှစ်ဦးအနေဖြင့်  ဂိုးမက်ဇ်ထံမှ ဂိုးသွင်းနည်းပညာသင်ယူသင့် ကြောင်း ဗန်ဟားလ်က စတင်ပြောကြားလိုက်သည်။
ဗန်ဟားလ်က ၎င်းဘိုင်ယန်နည်းပြအဖြစ်ဆောင်ရွက်စဉ်က တိုက်စစ်မှူးဂိုးမက်ဇ်မှာတစ်ပွဲပျမ်းမျှဘောလုံးထိချက် ကိုးချက်လောက်သာရှိသော်လည်း ပွဲတိုင်းဂိုးသွင်းယူနိုင်ကြောင်း၊ မန်ယူတိုက်စစ်မှူးများအနေဖြင့်  ဘောလုံးနှင့်  အကြိမ်များစွာထိတွေ့နေသော်လည်း ဂိုးသွင်း ယူနိုင်ခြင်းမရှိသည်မှာ အ့ံသြဖွယ်ကောင်းကြောင်း၊ ဘောလုံးရောက်လာသည်နှင့်  မည်သည့်  အနေအထားဖြင့်  ဂိုးသွင်းယူရမည်ကို အလျင်အမြန်စဉ်းစားတတ်သော ဂိုးမက်ဇ်၏ စွမ်းရည်မှာ အလွန်ချီးကျူးဖွယ်ကောင်းကြောင်း၊
ထို့ ကြောင့်  မာရှယ်လ်နှင့်  ၀ိန်းရွန်းနီတို့ နှစ်ဦးလုံး ဂိုးမက်ဇ် ထံမှ ဂိုးသွင်းနည်းကို လေ့လာသင်ယူစေချင်ကြောင်း ဝေဖန်ခဲ့ သည်။ မာရှယ်လ်နှင့် 
ရွန်းနီတို့ နှစ်ဦးစလုံးသည် မန်ယူ၏ တိုက်စစ်ကို အဓိကဦးဆောင်နေသူ
နှစ်ဦးဖြစ်သော်လည်း နှစ်ဦးလုံးမှာ ပုံမှန်ဂိုးသွင်းခြေမရသော အနေအထားကို ယခုထိဖြေရှင်း နိုင်ခြင်းမရှိသေးပေ။ ဒီပေးဝင်ရောက်ကစားခြင်းမရှိသည့်ပွဲများတွင်
မန်ယူမှာ ဂိုးရရန်ပိုမို ရုန်းကန်နေရပြီး မန်ယူတွင် တခြားအသင်းမှ
နောက်တန်းကစားသမားများကို မကြောက် မရွံ့ ဖြတ်ကျော်ကစားရဲသော
ကစားသမားဆို၍ မာရှယ်လ်တစ်ယောက်သာ ရှိသည်ဟု ယခင် ကစားသမားဟောင်း ဖာဒီနန်က ဝေဖန်ခဲ့သည်အထိ မန်ယူ၏တိုက်စစ်မှာ ထိုးဖောက် တိုက်စစ်ဆင်မှုအပိုင်းတွင် အားနည်းနေသည်။ (မေလဲသင်း) **မိခင်တွေကိုအားကျစေခဲ့တဲ့အဲလစ်စန်ဒရာအမ်ဘ ရိုစီယို**ံ

ကစားသမားဆို၍ မာရှယ်လ်တစ်ယောက်သာ ရှိသည်ဟု ယခင် ကစားသမားဟောင်း ဖာဒီနန်က ဝေဖန်ခဲ့သည်အထိ မန်ယူ၏တိုက်စစ်မှာ ထိုးဖောက် တိုက်စစ်ဆင်မှုအပိုင်းတွင် အားနည်းနေသည်။ (မေလဲသင်း)

No comments:
Post a Comment