>
ဆူဝေနေတဲ့ ခေါင်းထဲက လုပ်ငန်းစဉ်တွေ၊ အတွေးစတွေ၊ ရှုပ်ထွေးမှုတွေနှင့် လတ်တလော လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကို မေ့ပစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အချိန်သည် သာမန်အိပ်ချိန်ထက် အများကြီး စောသည့်အချိန်..
ည ရှစ်နာရီခွဲ…
စူးစူးဝါးဝါးထိုးဟောင်လိုက်သည့် ခွေးအူသံများကြောင့် အလန့်တကြားနိုးထလာသည့်အချိန်သည် ည ၁း၃၀ အတိ..
မှောင်မည်းတိတ်ဆိတ်ကာ မီးမှိတ်ထားသည့်အခန်းအတွင်း ကျမရဲ့မွေ့ရာနံဘေးမှာ အမြဲတမ်း ထားထားသည့် လက်ကိုင်ဖုန်းက နာရီလက်တံတွေက ည ၁း၃၀ တိတိကို ညွှန်ပြနေခဲ့သည်။.
အဲ့သည့် ခွေးအူသံ.. ကျမ ကြောက်လှသည့် အဲ့သည့် ခွေးအူသံသည် အချိန်တိတိကျကျရှိလှသည်။..
အရင်နေ့တွေတုန်းကတော့ အဲ့ဒီခွေးအူသံသည် ကျမရဲ့နားနှစ်ဖက်ကို ပိတ်ထားတတ်သည့် နားကျပ်၂ဖက်ကြောင့် ကြားခွင့်ရပေမဲ့ မကြောက်တတ်လှ.။
ဒီနေ့ကတော့ အလွန်အမင်းအိပ်မောကျနေသည်ဖြစ်သည့်အပြင် ကိုယ့်ခေါင်းရင်းနားက စွဲစွဲငင်ငင် အူလိုက်သံက ကိုယ့်ခြေရင်းမှာပင် ရပ်ကြည့်နေသလို.. အလင်းရောင်ဝိုးတဝါးအောက်က အရိပ်တချို့က စိတ်ကိုအရောင်ပြနေခဲ့.။.
ဟိုးလမ်းမတဖက်ထိပ်ဆီကနေ အူလာသည့်ခွေးတွေရဲ့အသံက ကြောက်လန့်တကြားနိုင်လှပြီး အဲ့သည့်အသံတွေက နေရာအပိုင်းလိုက် စဉ်လိုက်တစိုက် ကြားနေရပြီး ကျမတို့အိမ်ရှေ့က လမ်းမထိပ် တဖက်ကို ရောက်သွားသောအခါ အသံတွေက တိခနဲကို ပြတ်တောက်သွားခဲ့တော့သည်။
အဲ့သည့် အချိန်မှန်မှန် နေရာမှန်မှန် ကြားနေရသည့် ခွေးအူသံတွေကို စတင်သတိထားမိခဲ့တဲ့အချိန်က တော့ ၁၃ ရက်ကျသည့် သောကြာနေ့ တနေ့ပင်ဖြစ်သည်။
စိတ်လွတ်ကိုယ်လွတ် အိမ်ရှေ့က ဝရံတာဝိုင်းလေးမှာ စကားဝိုင်းထိုင်ပြောနေကြသည့်အခိုက်ပေါ့.။.ပထမတော့ နေကြာစေ့အထုပ်ကြီးကို အလယ်ချ.. ဂစ်တာတလက်ဆွဲကိုင်ထားသူက သံစဉ်တွေ ဆိုတီးနေပြီး ရောက်တတ်ရာရာ စကားပြောနေကြရင်းမှ.. နောက်တော့ တယောက်က ဘီယာဘူးတွေ သွားဝယ်လာခဲ့သည်။ညက ထမင်းစားပြီး လက်ကျန် ကြက်သားဟင်းခွက်ကို သယ်ချလာပြီး ဝရန်တာ တံစက်မြိတ်အောက်က အိမ်ရှေ့မှာ စကားကောင်းနေလိုက်ကြတာ.. ည ၁၂ နာရီကျော်လို့ ၁ နာရီပင် ထိုးလုပြီ။.ကောင်းကင်မှာ ညက လအရောင်ကြောင့် ကြည်လင်နေပေမဲ့ တဖြည်းဖြည်း မည်းမှောင်လာခဲ့တဲ့ အလင်းရောင်ကို သတိထားနေရင်းပင် တိမ်တအုပ်က အဲ့သည်လရောင်ကို ဖုံးအုပ်ဖို့ အကြံခံလိုက်ရတာပါပဲ။..အဲ့သည့်အချိန်မှာပဲ စွဲစွဲငင်ငင် စူးစူးရှရှအူလိုက်တဲ့ ခွေးတကောင်ရဲ့အသံကို မထိတ်သာမလန့်သာ စတင်ကြားလိုက်မိတော့တာ..
ကျမတို့ရဲ့စကားဝိုင်းမှာ အသံတိတ် ဂစ်တာသံဆိတ်သွားတော့သည်။.အဲ့သည့် ခွေးအူသံက လမ်းမ ဟိုဖက်ထိပ်ကနေ စကြားလာရတာဖြစ်ပြီး လမ်းတလျှောက် ခွေးတွေက ရောယောင်အူနေတော့တာ ဖြစ်သည်။.ကျမတို့ စကားဝိုင်းနားမှာ နေပြီး အကင်အစအနတွေ၊ ကြက်ရိုးတွေကို လာရောက်စားနေတဲ့ ခွေးကတော့ စောစောဏကတင် လမ်းမဆီ ပြေးထွက်သွားခဲ့ပြီ.။.အဲ့သည့်ခွေးက လမ်းမ အလယ်ခေါင်တည့်တည့်မှာ ရပ်နေပြီး စူးစမ်းဟန်က အပြည့်ရှိနေခဲ့သည်။. ပိုထူးခြားတာကတော့ သူ့ရဲ့အမြီးပဲဖြစ်သည်။.သူ့ရဲ့အမြီးက ပထမတော့ အပေါ်ကို ထောင်ထောင်မတ်မတ်ဖြစ်နေပြီး အစုလိုက်အပြုံလိုက် အူနေတဲ့ ခွေးအူသံတွေ တစထက် တစ နီးလာသောအခါ အဲ့သည့်အမြီးက ခွေလာပြီး နောက်တော့ အိန် အိန် ဆိုပြီး အမြီးကုပ်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။.ကျမတို့စကားဝိုင်းရဲ့ အရှေ့ အိမ်ခြံဝန်းသံပန်းတံခါး အရောက်မှာတော့ အဲ့သည့်အူနေတဲ့ အူသံတွေရော ခွေးတွေရဲ့အသံပါ ဓားနဲ့ဖြတ်ပိုင်းလိုက်သလိုပင် တိတိပပ ရပ်ဆိုင်းသွားခဲ့တော့သည်။.ရုတ်တရက်ဖြစ်ပေါ်သွားတဲ့ ထူးခြားတဲ့အခြေအနေမှာ တကိုယ်လုံးကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်း ထလာခဲ့ပြီး လူက စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်သွားတော့သည်.။.မတ်တပ်ထရပ်လိုက်ဟန်ရှိတဲ့ တယောက်ကြောင့် ဘီယာပုလင်းခွံကို တိုက်မိပီး ပြုတ်ကျသွားသည့် အသံသည် တိတ်ဆိတ်နေတဲ့ညမှာ ယောင်ယမ်း အော်ဟစ်လိုက်သံနှင့်တောင် တူနေတော့သည်။.
နောက်တော့ ကျမတို့တွေ စကားဝိုင်းသိမ်းကာ အိမ်ထဲဝင်ခဲ့ကြတော့သည်။.
အဲ့ဒီညက ဘယ်သူမှ ကောင်းကောင်း အိပ်မပျော်ကြပါ.
သံပန်းတံခါးရဲ့ပြင်ပဆီကနေ စူးစိုက်ကြည့်နေသည်လို့ သံသယရှိလှသည့် အထင်တလုံးနှင့် ကျမတို့တွေ နောက်ပိုင်းစကားဝိုင်းတွေကို အဲ့သည့်ဝရံတာလေးမှာ ထပ်မလုပ်ဖြစ်ကြတော့..
မှတ်မှတ်ရရ ရှိလှသည်ကတော့ အဲ့ဒီခွေးအူသံသည် ည ၁း၃၀ တိတိတွင် ကြားရခြင်းဖြစ်လေသည်။.မနေ့က ညသည် အိပ်မောကျနေရာက ရုတ်တရက်နိုးထလိုက်ရသည့်ညဖြစ်ပြီး ပြန်အိပ်ဖို့ကြိုးစားသော အခါ အိပ်မက်ဆိုးများနှင့် နပန်းလုံးရသော ညဖြစ်လေသည်။ဒီနေ့ည ၁း၃၀ တွင်လည်း ဒီခွေးအူသံကို ကျမကြားရဦးမှာပင်ဖြစ်လေသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ပြည့်စုံ+

Monday, November 2, 2015
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment