ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 21, 2015

=မတည်မငြိမ်ဖြစ်နေတဲ့ဥရောပနိုင်ငံရေး=

>
ပါရီမြို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ ကြသည့် အစွန်းရောက် များမှာ ပြင်သစ်နိုင်ငံသားအယ်ဂျီးရီးယားနွယ်ဖွားများနှင့် မော်ရိုကိုနွယ်ဖွားများ ဖြစ်သည်ကိုလည်းကောင်း၊ ၄င်းတို့ ကို ဆီးရီးယားအခြေစိုက် အိုင်အက်စ်အဖွဲ့ က ကြိုးကို င်စီစဉ်ခဲ့ ခြင်းဖြစ်သည်ကိုလည်းကောင်း ထောက်လှမ်းရေးအေဂျင်စီများက ဖော်ထုတ်နိုင်ခဲ့ ပြီးနောက်တွင် တရားမ၀င်ရွှေ့ ပြောင်းဝင်ရောက်လာသည့် ဆီးရီးယားနှင့်မြောက်အာဖရိကမှ စစ်ပြေးဒုက်္ခသည်များအား လက်ခံ သည့် မူဝါဒကိုဆန့် ကျင်သည့်  ဥရောပနိုင်ငံရေး ပါတီများအဖို့  အခွင့် အလမ်းသာလာသည်ကို တွေ့ ရှိ ရသည်။ ထောင်ပေါင်းများစွာသော စစ်ပြေးဒုက်္ခသည်များ၏ လူမှုဒုက်္ခအကျပ်အတည်းများကိုတည်ငြိမ်စွာဖြင့် တုံ့ ပြန်ဖြေရှင်းခဲ့ သည့်  ဥရောပဒေသသည် ဒုက်္ခသည် များနှင့်အတူ အစ်္စလာမ်အစွန်းရောက်များ စိမ့်ဝင်လာမည့် အရေးကိုတွေးပူလာကြသည်။ ကရုဏာတရားမှသည် လုံခြုံရေးဘက်သို့  ဦးစားပေး စဉ်းစားလာကြသည်။ ဒုက်္ခသည်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန်နှင့်  နယ်စပ်ဂိတ်များကိုဖွင့်လှစ်ကာဒုက်္ခသည် များအသွင်ဆောင်၍ ၀င်ရောက်လာနိုင်သည့်  အစွန်းရောက် များကို စစ်ဆေးရန် ဥရောပအာဏာပိုင်များသည် အလေးထားစဉ်းစားလာကြသည်။ ယခုအချိန်၌ ထိုသို့  စစ်ဆေးမှုများကို ဆောင်ရွက် နေကြပြီဖြစ်သည်။ အဖွဲ့ဝင် ၂၈ နိုင်ငံဖြင့်ဖွဲ့စည်းထားသည့် ဥရောပသမဂ်္ဂ၏ ဒုက်္ခသည် လက်ခံရေးမူဝါဒအပေါ်တွင် အကျိုးသက်ရောက်မှု ရှိလာနိုင်ပေသည်။ ယခုနှစ်အတွင်း၌ ဒုက်္ခသည် တစ်သိန်းကျော်ကို ဂျာမနီတွင် လက်ခံ နေရာချထားပေးရန် ဖိတ်ခေါ်ခဲ့ သည်။ ဂျာမနီဝန်ကြီးချုပ်အင်ဂျလာမာကယ်သည်လည်း အတိုက်အခံများ၏ ဝေဖန်မှုကို ရင်ဆိုင်နေရသည်။
အင်ဂျလာမာကယ်၏ဒုက်္ခသည်ဆိုင်ရာမူဝါဒနှင့် ရပ်တည်ချက်တို့ မှာစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရ ပေသည်။ ဗြိတိန်ပြည်သူတို့ က ဥရောသမဂ်္ဂ၏ မူဝါဒများ အပေါ် သဘောမတွေ့ မှုကြောင့် ဥရောပသမဂ်္ဂမှ ဗြိတိန်နုတ်ထွက်ရေးအတွက် ၂၀၁၇ ခုနှစ်တွင် ဒေးဗစ်ကင်မရွန်းသည် လူထုဆန်္ဒခံယူပွဲပြုလုပ်ရ တော့မည်ဖြစ်သည်။ ယူကရိန်းအရေးကြောင့်  ရုရှားနှင့်  ဆက်ဆံရေးတင်းမာနေသည့် ဥရောပသမဂ်္ဂ ခေါင်းဆောင်များသည် ပါရီအကြမ်းဖက်မှုကြောင့်  ဘူးလေးရာဖရုံဆင့် ပြဿသနာမျိုးစုံတွေ့ ကြုံနေရသည်။ ၂၀၁၇ ခုနှစ်လောက်တွင် တရားမ၀င်ရွှေ့ ပြောင်း လာသူများမှာသုံးသန်း ကျော်နှိင်သည်ဟု ဥရောပကော်မရှင်က ခန့် မှန်းထားသည်။ ထိုအခြေအနေ ၌ ဥရောပနိုင်ငံရေးအခင်းအကျင်းတွင် လူမျိုးရေး၊ ဘာသာရေးအရောင်အသွေးများယှက်သန်း လာနိုင်သည်။ ယခုပင်လျှင် ပိုလန်အစိုးရသစ်သည် ဥရောပသမဂ်္ဂဥပဒေအရ ဒုက်္ခသည်များကို အချိုးကျလက်ခံပေးမည်ဟူသော ယခင်အစိုးရ၏ ကတိပေးချက်များကိုဖျက်သိမ်းတော့မည်ဖြစ်သည်။ ဒုက်္ခသည်ပြဿသနာကြောင့်  ဥရောပတိုက်သည် ပုံရိပ်ကျဆင်းရမည့်  ကိန်းဆိုက်နေသည်။ ကြွေးကြော် ထားသော၊ တစ်ကမ်္ဘာလုံးနှင့်  ၀င်ဆံ့ သော၊ ဒီမိုကရေစီစံနှုန်းပြည့်ဝသော ဥရောပတိုက်၏ ပုံရိပ်လွှာ သည် တရားမ၀င်ရွှေ့ ပြောင်းလာသောဒုက်္ခသည်များ ပြဿသနာကြောင့်ပုံပျက်လာနိုင်သည်ဟု နိုင်ငံရေး ပညာရှင်တို့ ကသုံးသပ်သည်။ အကြမ်းဖက်သမားများ က ဥရောပဒေသအတွင်းသို့  စည်းကျော် ၀င်ရောက်နေစဉ် ဥရောပအပြင်စည်းများမှာ လည်း အထိန်းအကွပ် ကင်းလွတ်နေသည်။
ဥရောပနိုင်ငံများကြားတွင် ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ သွားလာနိုင်သည့်ရှင်ဂန်းစည်းမဲ့နယ်ခြားအစီအစဉ် မှာလည်းရှေ့ တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးကျရောက်နေသည်။ နိုဝင်ဘာ ၁၃ ရက် ပါရီအကြမ်းဖက်မှုကျူးလွန်သူများကို ရှာဖွေဖမ်းဆီးရန် မြေလှန်ရှာဖွေနေစဉ်တွင် ပြင်သစ်နယ်စပ်ဂိတ်၌ ဟန့် တားစစ်ဆေးမှုများကို ပြုလုပ်နေသည်။ ဥရောပနိုင်ငံ ငါးနိုင်ငံကဒုက်္ခသည်များဝင်ရောက်မှု ကို ထိန်းချုပ်ရန် ၁၉၈၅ ခုနှစ်က အတည်ပြုခဲ့ သည့် ရှင်ဂန်းသဘောတူစာချုပ်ကိုရပ်ဆိုင်းထားခဲ့သည်။ ရှင်ဂန်းသဘောတူညီချက်ပြန်လှန်သုံးသပ်ရေးအတွက် တောင်းဆိုသံများလည်း ဆူညံနေသည်။ ထို့ ကြောင့်ပင် ဒုက်္ခသည်မျာ လက်ခံမှုရပ်ဆိုင်းရန်နှင့် နယ်စပ်များပိတ်ထားရန်တောင်းဆိုနေကြသည့်ဥရောပ ဒေသ လက်ယာယိမ်းနိုင်ငံရေး အုပ်စုများသည် လူထုထောက်ခံမှုများ ပိုမိုရရှိလာသည်။ အမေရိကန်ပြည်ထောင်စုတွင်ရွှေ့ ပြောင်းနေထိုင်သူများ ဆိုင်ရာမူဝါဒအပေါ်တွင် အချေအတင် ငြင်းခုံမှုများ ပဲ့ တင်ထပ်ရိုက်ခတ်မှုကြောင့်ဂရိနိုင်ငံကဲ့ သို့  ဥရောပဂိတ်ဝနယ်စပ်စည်းပိတ်ထားရေးကို တောင်းဆိုလာကြသည်။ ဒုက်္ခသည်များပြဿသနာနှင့် အကြမ်းဖက်မှုပြဿသနာများကြောင့်ဥရောပတစ်တိုက်လုံး ကသောင်းကနင်းဖြစ်နေချိန်တွင် အကြမ်းဖက်မှုတိုက်ဖျက် ရေးလုပ်ငန်းစဉ်၌ ရုရှားသည်အနောက်အုပ်စု၏ မဟာမိတ်ဖြစ်ကြောင်းသမ်္မတပူတင်ကပီပြင်စွာပြသလာသည်။ 

ကမ်္ဘာ့ အကြမ်းဖက်မှု ချေမှုန်းရေးလုပ်ငန်းစဉ်တွင် ရုရှားနိုင်ငံနှငြ့်ပန်လည်ပူးပေါင်းဆောင်ရွက်ရန်
 တိုက်တွန်း လာသောနိုင်ငံရေးခေါင်းဆောင်မှာပြင်သစ်သမ်္မတဟောင်း နီကိုလပ်ဆာကိုဇီဖြစ်သည်။ ၀၁၇ ခုနှစ်တွင် ပြင်သစ်သမ်္မတ ရွေးကောက်ပွဲ၌ သမ်္မတလောင်းအဖြစ် ထပ်မံယှဉ်ပြိုင်မည့် ဆာကိုဇီက ဥရောပတိုက်အနေနှင့်ခိုင်မာသည့် နိုင်ငံခြားရေး မူဝါဒချမှတ်ကျင့်သုံးရန်လိုကြောင်း၊ အိုင်အက်စ်အစွန်းရောက် အဖွဲ့ ကို ရင်ဆိုင်ရန်နိုင်ငံတိုင်း၏ အကူအညီ အထူးသဖြင့်ရုရှားနိုင်ငံ၏ အကူအညီ ရယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခေတ်သစ်ပြင်သစ်နိုင်ငံရေး သမိုင်းတွင် လူကြိုက်အနည်းဆုံးခေါင်းဆောင် အဖြစ်ရပ်တည်နေသောလက်ရှိသမ်္မတဖရန်ဆွာဟော်လန် သည် လွန်ခဲ့သည့်ဇန်န၀ါရီလ၌ ဖြစ်ပွားခဲ့ သည့် ချာလီဟက်ဒိုးမဂ်္ဂဇင်းတိုက်အကြမ်းဖက်ခံရမှုနှင့် ယခုထပ်မံဖြစ်ပွားသည့်ပါရီအကြမ်းဖက်မှုပြဿသနာများကိုပါ တာဝန်ခံဖြေရှင်းနေရပြီဖြစ်သည်။ ပါရီအကြမ်းဖက်မှုကြောင့် ယခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့်  ဒေသန်္တ ရ ရွေးကောက်ပွဲ များသည် ပြင်သစ်နိုင်ငံအတွက် နိုင်ငံရေးအရ စမ်းသပ်မှု တစ်ရပ်ဖြစ်နိုင်ပေသည်။ ယခုအချိန်၌ ပါရီအကြမ်းဖက်မှုကြောင့်ပြင်သစ်ပြည်သူတို့ ၏ ကြောက်ရွံ့ ချောက်ချားစိတ်များနှင့်မလံမခြုံခံစား နေရသောစိတ်များကို အကြောင်းပြု ကာနိုင်ငံရေး အမြတ်ထုတ်ရန်အတွက်ဗဟိုလက်ယာနိုင်ငံရေးခေါင်းဆောင် ဆာကိုဇီနှင့်လက်ယာယိမ်းအမျိုးသားတပ်ဦးခေါင်းဆောင် မရင်းလီပင်းတို့ကြားတွင် နိုင်ငံရေးအားပြိုင်မှုပြင်းထန် လာနိုင်ပေသည်။ အစ်္စလာမ်အစွန်းရောက်များကို အမြစ်ပါမကျန်ချေမှုန်းရမည်ဟု ၂၀၁၇ ခုနှစ် ပြင်သစ်သမ်္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား တပ်ဦးပါတီခေါင်းဆောင်လီပင်းက ဆိုသည်။ 

အလားတူဒုက်္ခသည်ပြဿသနာအကြောင်းပြု၍ နိုင်ငံရေး လောကဓံ အတက်အကျဖြင့်ရင်ဆိုင်နေရပြီဖြစ်သော ဂျာမနီဝန်ကြီးချုပ် အင်ဂျလာ မာကယ်သည်လည်း ဒုက်္ခသည်များဆိုင်ရာမူဝါဒနှင့်ပတ်သက်၍ ရှင်းလင်း ရမည့် တာဝန်ရှိနေပေပြီ။ ပါရီမြို့တော်၌ နိုဝင်ဘ ၁၃ရက် က AK-47 ရိုင်ဖယ်သံများ၊ ဗုံးပေါက်ကွဲသံများ မထွက်ပေါ်မီနာရီပိုင်းအလိုတွင် ဂျာမနီဝန်ကြီးချုပ်က ရုပ်သံမှ နေ၍၄င်း၏ဒုက်္ခသည်ဆိုင်ရာမူဝါဒများကို ကာကွယ်သည့်မိန့် ခွန်းပြောဆို ခဲ့ သည်။ သို့ သော်နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက ၄င်း၏ဒုက်္ခသည်မူဝါဒများကို ဆန့် ကျင်သည့် ပါတီအတွင်းစည်း အဖွဲ့ ဝင်အရေအတွက်မှာရုတ်တရက် ဆိုသလို မြင့်တက်သွားခဲ့ သည်။ ပါရီအကြမ်းဖက် တိုက်ခိုက်မှုသည် ဥရောပ၏ပထ၀ီနိုင်ငံရေး အခြေ အနေအရပ်ရပ်ကို အပြောင်းလဲကြီး ပြောင်းလဲလိုက်ပြီဖြစ်သည်ဟု နိုင်ငံရေး ပညာရှင်များက သုံးသပ်ဝေဖန်နေကြသည်။

 ....................................................

 +ထွန်းတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)