ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 22, 2016

==လူထုကျန်းမာရေး(အစေ့ အဆန်နဲ့ အခွံမာသီး အဆန် လက်တစ်ဆုပ်စားခြင်းကအသက်ပိုရှည်နိုင်)=

>
+Public Health+ 
သက်ရှည် ကျန်းမာစေဖို့ ထွေထွေ ထူးထူး လုပ်စရာ မလိုပါဘဲနဲ့ လူ့သက်တမ်းကို နှစ်နှစ်လောက် ပိုရှည် စေနိုင်မယ် ဆိုရင် သင်တို့ အံ့သြသွားကြ လေမလား။ လက်တစ်ဆုပ်စာ ၃ဝ ဂရမ်ခန့် ပမာဏရှိတဲ့ အစေ့ အဆန်(အခွံမာသီးအစေ့) လေးတွေကို ရက်သတ္တပတ်လျှင် ငါးရက် ဒါမှမဟုတ် နေ့တိုင်း စားပေးရုံပါပဲ။ ၎င်း အစေ့အဆန် လေးတွေကို ကျန်းမာရေး သုတေသီတွေရဲ့ အကြီးစား လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာ နေ့စဉ် လက်တစ်ဆုပ်ခန့် စားသုံးလေ့ ရှိသူတွေဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် သေဆုံးမှု လျှော့နည်းပြီး အသက်ရှည်ရှည် နေနိုင်တာကို လေ့လာ တွေ့ရှိ ခဲ့ရ ပါတယ်။ နောက်ထပ် လေ့လာမှု တစ်ရပ်မှာ မြေပဲ ဒါမှမဟုတ် အခွံမာသီး အစေ့အဆန်ကို ရက်သတ္တပတ် အတွင်း လက်နှစ်ဆုပ်စာ လောက်သာ စားလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ရက်သတ္တပတ် အတွင်း နာရီ တော်တော်များများ ခပ်သွက်သွက် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေလိုပဲ ကျန်းမာရေး အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ 

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့က Harvard University တွေရဲ့ လေ့လာ ဆန်းစစ်ချက်အရ မြေပဲနဲ့ ပြုလုပ်ထားတဲ့ ထောပတ်မြေပဲကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှုန်းနဲ့ တစ်ပတ်မှာ ငါးရက် ဒါမှမဟုတ် နေ့တိုင်း စားသုံးတဲ့ အမျိုးသမီးတွေဟာ လုံးဝ မစားတဲ့ ဒါမှမဟုတ် တစ်ကြိမ်တည်းသာ စားတဲ့ အမျိုးသမီးတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာကို ထက်ဝက်မျှ လျှော့ ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေ အနေနဲ့လည်း မြေပဲ ဒါမှမဟုတ် အခွံမာသီး အစေ့အဆန်ကို တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်နဲ့ အထက် စားသုံးသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ အဖြေ ထွက်ရှိခဲ့ပါတယ်။ အဲဒီကိစ္စနှင့် ပတ်သက်ပြီး လေ့လာမှု အကြိမ် ၂ဝ ခန့် ပြုလုပ်ပြီးတဲ့ အခါမှာ လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ အစေ့အဆန်တွေကို နေ့စဉ် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် တိတိ စားသုံးသူတွေဟာ အဝမလွန်စေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ ကျစေနိုင် ပါတယ်။

 လေ့လာမှု တစ်ခုအရ pistachio ခေါ် အစိမ်းရောင် ဆိမ့်ပြီး အဆန်ပါတဲ့ အခွံမာသီး အလုံး ၁၂ဝ တိတိ (ကယ်လိုရီ ၃ဝဝဝဝ ခန့်)ကို သုံးလတာ နေ့စဉ် စားသုံးပေမယ့်လည်း ကိုယ်အလေးချိန် ၁ အောင်စတောင် တက်မလာတာကို အတည်ပြု နိုင်ခဲ့တယ်။ အစာချေဖျက်စဉ် အစာချေ လမ်းကြောင်း တစ်လျှောက်မှာ ကယ်လိုရီ ၁ဝ ရာခိုင်နှုန်းဟာ သူ့အလိုအလျှောက် ပျောက်ပျက် သွားကြပါတယ်။ တခြား အစားအစာတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အစေ့အဆန်တွေဟာ လူကို အချိန်တို အတွင်းမှာပဲ ကယ်လိုရီ ၇ဝ ရာခိုင်နှုန်း တင်းတိမ်ရောင့်ရဲ စေနိုင်တာကြောင့် နောက်ထပ် အစာစား ချင်စိတ်ကို ချိုးနှိမ်ထားနိုင် ပါတယ်။ ကယ်လိုရီ ၂ဝ ရာခိုင်နှုန်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို တိုးတက် ကောင်းမွန်စေပြီး အဲဒီလို ဇီဝဖြစ်ပျက်နေစဉ်မှာပင် ခန္ဓာကိုယ်ထဲက အဆီပိုတွေကို လောင်ကျွမ်းသွား စေပါတယ်။ 

သုတေသီတွေရဲ့ အဆို အမိန့် အရ အရွယ်ရောက်ပြီး ကျန်းမာရေး ကောင်းသူတွေဟာ အစာစား ပြီးနောက် ရှစ်နာရီအတွင်း အဆီ ၂ဝ ဂရမ် လောင်မြိုက် နိုင်တယ်။ သို့သော် သစ်ကြားသီး ကတော့ အဆီ လောင်မြိုက်ချိန် အတန်ငယ် ပိုကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှည်ရှည် နေနိုင်ဖို့ မြေပဲလို အခွံမာသီး အစေ့အဆန်လေးတွေကို နေ့စဉ် လက်တစ်ဆုပ်စာလောက် စားပေးကြဖို့ တိုက်တွန်းလိုက်ရ ပါတယ်။

 +ရွှေကူ+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)