ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 17, 2016

=လူထုကျန်းမာရေး(ကျန်းမာအောင် အသက်ရှူနည်းလမ်းညွှန်)=

>
+Public Health+
 သုတေသီများ၏ လေ့လာစမ်းသပ်ချက်အရ လူတစ်ဦးဟာ တစ်နေ့ကို ပျမ်းမျှအကြိမ်၂ဝဝဝဝ အသက်ရှူလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ တစ်စက္ကန့်လောက် အသက်ရှူဖို့ မေ့နေတတ်ကြ ပါတယ်တဲ့။ တကယ်တော့ အသက်ရှူနည်း ကျွမ်းကျင်သူတွေက ကလေးငယ်များ ဖြစ်ကြပြီး ဆော့ကစား နေချိန်မှာ မသိသာပေမယ့် သူတို့ အိပ်နေချိန်မှာဝ မ်းဗိုက်နေရာက သိသိသာသာ ဖြည်းဖြည်းမှန်မှန် ဖောင်းကြွ၊ ဖြေလျှော့ခြင်းတို့က လူကြီးများအနေဖြင့် အတုယူစရာ အသက်ရှူ နည်းလေးပါပဲ။ ကလေးဘဝမှစ၍ တဖြည်းဖြည်း အသက်ရလာတာနဲ့ အမျှ လောဘ၊ ဒေါသ၊ မောဟများ ဖိစီးပြီး တစ်ခါတစ်ရံအသက် မြန်မြန် ရှူမိသလို တစ်ခါတစ်ရံ ခပ်ဖွဖွသာ အသက်ရှူမိနေကြတာ မိမိကိုယ်ကိုတောင် မရိပ်မိသလောက်ပါပဲ။ အသက်ရှူနည်း မမှန်ကန်ခြင်းက သွေးထဲမှာ အောက်ဆီဂျင် ပြတ်လပ်မှုဖြစ်ကာ နာတာရှည် အိပ်မပျော်ဘဲ စိတ်ဖိစီးလာစေသလို အောက်ဆီဂျင် လုံလောက်စွာ မရခြင်းကြောင့် အသားအရေ ညစ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း စသည်တို့ ခံစားစေရမှာဖြစ်ပါတယ်။ နည်းလမ်းမှန်မှန် အသက်ရှူ ရှိုက်ခြင်းဖြင့် ဦးနှောက်ထဲ အောက်ဆီဂျင် ရောက်ရှိပြီး စိတ်ကို ငြိမ်းချမ်းစေကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ''လေရှူသွင်း၊ ရှူထုတ် ကြာချိန်ပမာဏ တူညီနေမှသာ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တို့ မျှတနေမှာပါ။ အဲလို မမျှတတော့ဘူး ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ အယ်လ်ကာလိုင်း ဓာတ်ပြုစေပြီး ကျန်းမာရေးကို ထိခိုက်စေတယ်''လို့ အမေရိကန် ယောဂဆရာ တစ်ဦးဖြစ်သူ စာရေးဆရာ Fiona Agombar က အကြံပြုထားပါတယ်။  

(၁) စိတ်ဓာတ်ကျနေချိန် တစ်မိနစ်မှာ ငါးကြိမ်နှုန်းဖြင့် ဖြည်းဖြည်းနဲ့မှန်မှန် တစ်လှည့်ကျစီ ရှူသွင်း၊ ရှူထုတ်ပြုလုပ်ပါ။ အသက်ရှူထုတ်ခြင်းနဲ့ အသက်ရှူသွင်းခြင်း ကြာချိန်ပမာဏ ထပ်တူညီမျှပါစေ။

 (၂) အိပ်မပျော်ချိန် လက်ယာဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး လက်ဝဲဘက် နှာခေါင်းပေါက်မှ အမှတ်စဉ် (၁)မှ (၄)အထိ ရေတွက်ကာ လေရှူသွင်းပါ။ ထို့နောက် နှာခေါင်းပေါက် နှစ်ခုစလုံးကိုပိတ်ပြီး အမှတ်စဉ် (၁) မှ (၄ )အထိ ရေတွက်၍အသက်အောင့်ထားပါ။ ပြီးရင် လက်ယာဘက် နှာခေါင်းပေါက်ကို ဖွင့်၍ အမှတ်စဉ်(၁) မှ (၄)အထိ ရေတွက်၍ လေရှူထုတ်ပါ။ (ဒါက ပထမနည်း ဖြစ်ပါတယ်) ပြီးရင် ပထမနည်းနဲ့ ပြောင်းပြန် ဝဲဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး လေရှူသွင်း၊ အသက်အောင့်၊ လေရှူထုတ်ခြင်းတို့ ပြုလုပ်ပါ။ ဤပထမနည်းနဲ့ ဒုတိယနည်း တို့ကို ငါးမိနစ်မျှ ကြာအောင် ဆက်လုပ်ပေးပါ။

 (၃) အလွန်အမင်း မောပန်းနေချိန် ပထမအဆင့်မှာ ၁၅ စက္ကန့်လောက် မြန်မြန်အသက်ရှူပါ။ လေရှူ/လေထုတ် ကြာချိန် ပမာဏ မျှတပါစေ။ ပြီးရင် ဒုတိယအဆင့်မှာ ခပ်မှန်မှန်ရှူပါ။ အမော မပြေသေးပါက ပထမနဲ့ ဒုတိယ အဆင့်အတိုင်း နောက်ထပ် တစ်ကြိမ် ပြုလုပ်ပါ။ ဒီတစ်ကြိမ်မှာတော့ တစ်မိနစ်ကြာအောင် အသက် မြန်မြန် ရှူပေးပါ။

 (၄) စိတ်ဆန္ဒ စောနေချိန် ပြင်ပမှ လေများကို ဝမ်းဗိုက်ထဲ အထိ ရောက်အောင် လေရှူသွင်းပြီး ဝမ်းဗိုက်ထဲမှ လေများကို ပါးစပ်မှ တစ်ဆင့် ပြင်ပသို့ ပြန်ရှူထုတ်ပါ။ ဤနည်းအတိုင်း တစ်မိနစ်မှာ ၁၅ ကြိမ်တိတိ လေရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ စိတ်စောနေပြီး စကားအမှားမပါ၊ စကားမထစ်ရ လေအောင် နှာခေါင်းမှ လေရှူသွင်းစဉ် ဖြည်းဖြည်းမှန်မှန် စဉ်းစားချင့်ချိန်ပြီး စကားပြောပါ။ 

(၅) နှလုံးရောဂါဖိစီးနေချိန် မျက်စိမှိတ်၍ တင်ပျဉ်ခွေ ထိုင်ပါ။ ညာဘက်လက်မဖြင့် ညာဘက် နှာခေါင်းပိတ်ပြီး ဘယ်ဘက် နှာခေါင်းပေါက်မှ ခြောက်စက္ကန့်လောက် လေရှူသွင်းပါ။ ပြီးရင် ညာဘက် လက်သူကြွယ်ဖြင့် ဘယ်ဘက် နှာခေါင်းကို ပိတ်ပြီး ညာဘက် နှာခေါင်းပေါက်မှ ခြောက်စက္ကန့်လောက် လေရှူထုတ်ပါ။ ဒါက ပထမနည်းဖြစ်ပါတယ်။ ပြီးရင် ပထမနည်းနဲ့ ပြောင်းပြန် ဝဲဘက် နှာခေါင်းပေါက်ကို ပိတ်ပြီး လေရှူသွင်း၊ ရှူထုတ်ခြင်းတို့ ပြုလုပ်ပါ။ ဤ ပထမနည်းနဲ့ ဒုတိယနည်းတို့ကို နှစ်မိနစ်ကြာအောင် တစ်လှည့်စီ ဆက်လုပ်ပေးပါ။ (၆) မသန့်ရှင်းသော လေကို ရှူရှိုက်မိပြီး ဓာတ်မတည့်ဘဲ အော်ဂလီဆန် ဖြစ်နေချိန် သက်သောင့်သက်သာ ထိုင်ရင်း နှာခေါင်းမှ ခပ်ပြင်းပြင်း အသက်ရှူသွင်းပါ။ ထို့နောက်နှာခေါင်းမှ အသံကျယ်ကျယ်ဖြင့် ''ဟင်း'' ခနဲ မြည်သွားအောင် တစ်ကြိမ်တိတိ ဆောင့်၍ လေရှူထုတ်ပါ။ ဤသို့ ဆောင့်၍ လေရှူထုတ် ခြင်းက နှာခေါင်း၊ ရင်ခေါင်း၊ဦးခေါင်းတို့ကို တစ်ပြိုင်တည်း တုန်ခါမှုဖြစ်နေပါစေ။ ထိုနည်း အတိုင်း ၁ဝ မိနစ်လောက် ဆက်လုပ်ပါ။ (၇) အစားများပြီး မအီမသာ ဖြစ်နေချိန် နှုတ်ခမ်း နှစ်လွှာစေ့၍ လေးစက္ကန့်ကြာမျှ အသက် ရှူသွင်းပြီး နှုတ်ခမ်းနှစ်လွှာက ''ဖူး'' ခနဲမြည်အောင် ရှစ်စက္ကန့်ကြာတဲ့ အထိ လေရှူထုတ်ပါ။ ဤနည်းက ဟိန္ဒူ “ujjayi” အသက်ရှူနည်း ဖြစ်ပြီး စားပိုးနင့်၍ မအီမသာ ခံစားရခြင်းကို သက်သာ လာစေပါတယ်။ ။ ပေါက်ပေါက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)