ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 13, 2016

=မဲဆောက်မြို့ ဂျဂွာ(စတီးလ်) စက်ရုံ ရုံးအုပ်မှ မြန်မာ အလုပ်သမားကို ရင့်သီးစွာ ပြောဆို ဆက်ဆံသဖြင့် ပြသနာ ပေါ်ပေါက်=

> Photo-(ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးရှေ့ မှာအမှတ်တရ)
·+ (MOEAF Thai မေ ၁၃)+
 ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၊ ဝှေ့ မုကျေးရွာရှိ ဂျဂွာ (စတီးလ်) စက်ရုံတွင် ရုံးအုပ် ဖြစ်သူ ထိုင်းအမျိုးသမီးက မြန်မာ အလုပ်သာမား အမျိုးသမီး တဦးကို ရင့်သီးစွာ ပြောဆို ဆက်ဆံခဲ့သဖြင့် ယမန်နေ့က အလုပ်သမားများ အလုပ်အဆင်းဘဲ နေခဲ့ကြသည့် ပြသနာတရပ် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ရုံးအုပ်မက ´ပါးရိုက်မယ်´ဟု ခြိမ်းခြောက်ပြောဆိုခဲ့ရာမှ ပြသနာ စတင်ဖြစ်ခဲ့ကြောင်း ယင်းစက်ရုံမှ အလုပ်သမားကိုယ်စားလှယ် ကိုတင်က ယခုလို ပြောပြသည်။ ´ကျနော်တို့ ဂျဂွာစတီးလ်စက်ရုံမှာ ထိုင်းဝန်ထမ်းတွေနဲ့ အတူတူနေလာ လုပ်လာတာ ၁၀နှစ်ပဲကျော်နေပါပြီ။ ကျနော် တို့  ကသာ ဒုံရင်း၊ဒုံရင်းဘ၀ပဲ ဖြစ်ပြီး သူတို့ ကတော့ တချို့ ဆိုရင် လက်ထောက်မန်နေဂျာတွေ၊ မန်နေဂျာကြီးတွေ ဖြစ်ကုန် ပါ ပြီ။ ဒီလို ကျနော်တို့နဲ့ ခင်မင်နေပါလျက်နဲ့ ရုံးအုပ်မက အခုလို ပါးရိုက်မယ်လို့ ရိုင်းရိုင်းစိုင်းစိုင်း ရင့်သီးတာကို မခံနိုင် ကြရာ ကနေ ပြသနာ စတက်တော့တာပဲ။ တခြားအကြောင်းတွေလည်း ဒီအထဲမှာ စုပြုံပေါက်ကွဲပြီး မနေ့ က အလုပ်မဆင်းကြဘူး ဗျာ။ ရိုင်းစိုင်းတဲ့ အပြုအမူအပြောအဆိုကို ပြန်တောင်းပန်ပါပေါ့။ ညနေကျ တော့ တောင်းပန်ပါတယ်။ အဲ--ဒါပေမဲ့ ဒီနေ့ မှာတော့ သူအမြင်ကတ်တဲ့ ကျနော် အပါအ၀င် ( ၂၁ ) ယောက်ကို အလုပ် ၃ရက် မဆင်းရ ဆိုတဲ့ ပြစ်ဒဏ်ပေးသတဲ့။ ဒီပြစ်ဒဏ်ကို ကျနော်တို့ ကလက်ခံပါတယ်။ တရားဝင် စာထုတ်ပေးပါလို့ တောင်းဆိုတဲ့အခါ မထုတ်ပေးနိုင် ဘူးဆိုတော့ JACBA ဆရာမိုးဆီ ဆက်သွယ်ပြီး ဆရာမိုးနဲ့  အတူ ဆ၀ါဒီကန် (ထိုင်းအလုပ်သမားရုံး)ကို ဆက်သွယ် အကြောင်းကြား တယ်။ ဆ၀ါဒီကန်က ကြားဝင်လိုက်တော့ တရားဝင် အကြောင်းကြားစာ ထုတ်ပေးးပါ့မယ် ပြန်ဖြစ်သွား တယ်။..´ ဟုရှင်းပြသည်။

Photo-(မဲဆောက်မြို့ ဂျဂွာစတီးလ်စက်ရုံ)
အလုပ်သမားတစ်ယောက်သည် သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံမှ တရားဝင် ခွင့်ပြုချက်မရှိဘဲ သုံးရက်ဆက်တိုက် အလုပ်မ ဆင်းပါက အလိုအလျောက် အလုပ်ပြုတ်သည်။ ကိုတင်အပါအ၀င် အလုပ်သမားများဘက်မှ ရပ်တည် လုပ်ကိုင်ပေးသူများ ကို စက်ရုံမှ အလုပ်ထုတ်ပစ်ချင်သဖြင့် ယခုကဲ့သို့ ၃ ရက် အလုပ်မဆင်းရန် ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။
 ယနေ့ တွင် အဆိုပါ စက်ရုံအလုပ်သမားကိုယ်စားလှယ် ၅ ယောက်နှင့်အတူ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးသို့  ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သော ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ -ဦးမိုးကြိုးက ´ဒီစက်ရုံက ပြီးခဲ့တဲ့ ၂၀၀၄ခုနှစ်ကတည်းက ၁နှစ်ကို ၁ပွဲ - ၂ပွဲလောက် ပြသနာ ပုံမှန် တက်တတ်တယ်ဗျ။ ပြသနာ တက် တိုင်းလည်း ဆရာမိုးကူပါဦးဆိုတော့ ကူရတာချည်းပါပဲ။ အခုပြသနာကလည်း အမျိုးသမီးတယောက်ကို နင်ဘဲငဆ ဆဲ တယ် ပေါ့ဗျာ။ ပါးရိုက်မယ် ရွယ်တယ်ပေါ့ဗျာ။ တကယ်တမ်း ဆန်းစစ်ကြည့်ရင် ကျနော်တို့  မြန်မာအလုပ်သမားတွေက အင်မတန် အချော့  ကြိုက်ကြတယ်။ ချိုချိုအေးအေးပြောပြီး ခိုင်းရင်ခိုင်းစမ်းပါဗျာ။ လုပ်ပေးကြပါလိမ့် မယ်။ ဒါကို သူတို့  ထိုင်းတချို့ မသိတာလား။ ဘ၀င် လေဟတ်သွားတာလား မဆိုတတ်ပါဘူးဗျာ။ ဆက်ဆံရေးကို အခြေခံပြီးဖြစ်ပေါ်တဲ့ ပြသနာတွေက ဒီမဲဆောက်မှာသာ မကပါဘူး။ ထိုင်းတနိုင်ငံလုံးမှာ ဖြစ်နေတာပဲ ဗျို့။ ဒီတော့ကာ တဖက်နဲ့တဖက် ပြေပြေ ပြစ်ပြစ်နဲ့ ချစ်စကိုရှည်စေမယ့် ဆက်ဆံ ရေးကောင်းထားရှိရေး နည်းလမ်းကသာ ဘယ်အရာကို မဆို ညှိနှိုင်းအောင်မြင်မယ် လို့ ယူဆပါတယ်။ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို ကြေးမုံမှန်ပြင်လို သဘောထားကြပါ။ ချိုချိုသာသာ နဲ့ ခိုင်းတတ် ကြပါစေလို့ တိုက်တွန်းချင်ပါတယ်..´ ဟုရှင်းပြသည်။ 

Photo-(ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးမှာဆွေးနွေးကြ)
 ထိုင်းနိုင်ငံတွင် ထိုင်းဥပဒေအရ နေ့ စားခ ၃၀၀ဘတ်နှင့် အချိန်ပို တစ်နာရီလျှင် ၅၆ ဘတ် သတ်မှတ်ပြဌာန်းထားသော် လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တွင်မူ ဂျဂွာ (စတီးလ်) စက်ရုံ၊ ဧကဖက်စက်ရုံ၊ မာလီစက်ရုံ၊ စီစီအင်န်စီစ်ရုံ၊ စီတီအာစက်ရုံ စသည့် စက်ရုံ (၅) ရုံခန့် မှာသာ ၃၀၀ ဘတ် ရရှိသည်။ မဲဆောက်မြို့တွင် တရားဝင် စက်ရုံအလုပ်ရုံ ၂၀၀ ကျော်နှင့် အိမ်တွင်းမှု အမည်ခံ တရားမ၀င်စက်ရုံ အလုပ်ရုံငယ် ၁၀၀၀ ကျော်ရှိ ပြီး
အလုပ်သမားများအတွက် နေ့ စားခ ၃၀၀ ဘတ် ဆိုသည်မှာ ပုံပြင် သက်သက်သာဖြစ်နေသေးကြောင်း ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ၏ လေ့လာ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

Photo-(ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးရှေ့ မှာအမှတ်တရ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)