ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 17, 2016

=လူထုကျန်းမာရေး(စိတ်ဖိစီးမှုကို သက်သာစေတဲ့ သဘာဝမွှေးရနံ့လေးများ)=

>
+Public Health+ 
စိတ်ဖိစီးမှုဟာ ရှောင်လွှဲရခက်တဲ့အရာတစ်ခုပါ။ အိပ်ရေးမဝခြင်း၊ အလုပ်များခြင်း၊ စိတ်ပူပန်ရခြင်း စတဲ့ အကြောင်းအရာများစွာကြောင့် စိတ်ဖိစီးကြရပါတယ်။ များသောအားဖြင့် လူအတော်များများ ဟာ စိတ်ဖိစီးမှုကို တုံ့ပြန်နည်းတွေ လွဲမှားတတ်ကြပြီး စိတ်သက်သာရာမရနိုင်ပဲ ပိုမိုပြီး ဆိုးဝါးစွာ စိတ်ဖိစီးလာတတ်ကြပါတယ်။ ဥပမာ - ပြဿသနာတစ်ရပ်ကြောင့် စိတ်ဖိစီးရပါက ထိုပြဿသနာကိုပဲ အမြဲတွေးနေပြီး ပိုမိုစိတ်ဖိစီးလာစေခြင်းမျိုး ဖြစ်ပါတယ်။ တကယ်တော့ စိတ်ဖိစီးလာတဲ့အခါ ထိုစိတ်ကို အရင်ပြေလျော့သက်သာစေပြီးမှ လုပ်သင့်တာကို စိတ်အေးအေးထား စဉ်းစားလုပ်ဆောင် သင့်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျှော့သက်သာစေတဲ့ သဘာဝမွှေးရနံ့ လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 နှင်းဆီပန်းရနံ့ -

ရနံ့သင်းတဲ့ နှင်းဆီပန်းလေးတွေကို နမ်းလိုက်တာနဲ့ စိတ်ချမ်းသာသွားတာမျိုး ခံစားဖူးကြမှာပါ။ လှပတဲ့ပန်းလေးတွေကို ကြည့်ရုံနဲ့တင် ကြည်နူးစရာကောင်းလှပါတယ်။ ဒါကြောင့် စိတ်တင်းကျပ်ပင်ပန်းနေတဲ့အခါမျိုးမှာ နှင်းဆီပန်းလေးတွေဝယ်ပြီး ပန်းအိုးထိုးကာ အလုပ်စားပွဲမှာ တင်ထားခြင်း၊ နှင်းဆီပန်းလေးကို နမ်းခြင်းဖြင့် စိတ်သက်သာရာရနိုင်ပါတယ်။ သိပ်အနံ့မပြင်းတဲ့ နှင်းဆီရနံ့စစ်စစ် ရေမွှေး၊ ကိုယ်လိမ်းအလှဆီစတာတွေကို သုံးခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပန်းပွင့်လေးများရဲ့ သဘာဝအလှအပ နဲ့ သဘာဝရနံ့ကို ခံစားသင့်ပါတယ်။  

-စံပယ်ပန်းရနံ့ - 

အားလုံးသိကြတဲ့အတိုင်း စံပယ်ပန်းလေးတွေကတော့ လူတိုင်းအသည်းစွဲချစ်စဖွယ် ပန်းလေးတွေပါပဲ။ စံပယ်ပန်းကုံး၊ စံပယ်ပန်းခက်လေးတွေကို နေရာတိုင်းမှာ အလွယ်တကူဝယ်ယူ ရနိုင်ပါတယ်။ ကားလမ်းမပေါ်ရောင်းကြသလို ညနေဘက်တွေမှာလည်း ရပ်ကွက်ထဲ စက်ဘီးနဲ့ လိုက်ရောင်းတာတွေ့ရပါတယ်။ ဈေးလည်း သက်သာပြီး ဖြူစင်မွှေးပျံ့တဲ့ စပယ်ပန်းက စိတ်ဖိစီးမှုကို အတော်အတန်သက်သာစေမှာဖြစ်ပါတယ်။ 

-လိမ္မော်သီးရနံ့ - 

လိမ္မော်သီးခွံရဲ့ရနံ့ဟာ စိတ်ဖိစီးမှုကို အထူးသက်သာစေသလို လိမ္မော်သီးကို စားခြင်း ဖြင့်လည်း ဦးနှောက်လုပ်ငန်းစဉ်များ ရှုပ်ထွေးနေမှုကို သက်သာစေတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီး နေရင်တော့ လိမ္မောသီးခွံလေးကို နမ်းပြီး လိမ္မော်သီးစားလိုက်ပါ။ အတော်လေးသက်သာသွားတာ တွေ့ရပါလိမ့်မယ်။ 

-သံပုရာသီးရနံ့ -

စိတ်ကိုအေးချမ်းစေတဲ့အတွက် air fresher တွေကို သံပုရာနံ့နဲ့ ထုတ်လုပ်ကြတာကို တွေ့ဖူးကြမှာ ပါ။ မွှေးချိုအီတဲ့အနံ့မျိုးမဟုတ်ပဲ လန်းဆန်းတဲ့ရနံ့မျိုးကို ဖန်တီးပေးနိုင်လို့ သံပုရာရနံ့ရေချိုးဆပ်ပြာရည်ဖြင့် ရေချိုးလိုက်ပါက စိတ်ဖိစီးမှုတွေ အတော်လေး သက်သာသွားပါလိမ့်မယ်။ သဘာဝစစ်စစ်သံပုရာ ရည်ကတော့ အကောင်းဆုံးစိတ် လန်းဆန်းစေတဲ့ ဖျော်ရည်တစ်မျိုးပေါ့။

- ကော်ဖီရနံ့ -

 ကော်ဖီရနံ့ကို ကော်ဖီသောက်သူဖြစ်စေ မသောက်သူဖြစ်စေ နှစ်သက်ကြပါတယ်။ မွှေးပျံ့ နေတဲ့ကော်ဖီရနံ့ဟာ စိတ်ကိုလန်းဆန်းတက်ကြွစေပြီး အစာစားချင်စိတ်ကို ဖြစ်စေတာကြောင့် စိတ်ဖိစီးပြီး အစားအသောက်ပျက်နေသူတွေအတွက်ပါ အကျိုးရှိစေတဲ့ရနံ့ပါ။ ဒါကြောင့် စိတ် တင်းကျပ်နေတဲ့အခါ ကော်ဖီပူပူလေးတစ်ခွက်ဖျော်သောက်လိုက်ပါ။ ကော်ဖီရှောင်သူများကတော့
 ကော်ဖီကို ဖျော်ပြီးတစ်ငုံလောက်သောက်ကာ ရနံ့ကိုရှူရှိုက်ကြည့်လိုက်ပါ။ စိတ်တွေ လန်းဆန်းသွား တာတွေ့ရမှာပါ။ 

Photo – tumblr, shortday,proflower 

+စံဝန်းနီ(ရိုးရာလေး)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)